ဇိုမီးအမျိုးသားကွန်ဂရက်ပါတီကို ၁၉၈၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။
၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် လေးနေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာတော့ နှစ်နေရာအနိုင်ရရှိခဲ့ပါတယ်။
၂၀၁၂ ခုနှစ် အထိ ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ Zomi National Congress) အဖြစ် ရပ်တည်ခဲ့ပါတယ်။
အဲဒီနှစ် နှစ်ကုန်ပိုင်းမှာ ပြန်လည်မှတ်ပုံတင်ဖို့ လုပ်ဆောင်ခဲ့ချိန်မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇိုမီး အမျိုးသား ကွန်ဂရက် အဖြစ်လက်မခံခဲ့ပါဘူး။
ဒါကြောင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နာမည်ပြောင်းလဲပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကို မဲဆန္ဒနယ် ၁၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
လေးနေရာ အနိုင်ရရှိခဲ့ပါတယ်။ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ လက်ရှိအခြေအနေ၊ ပါတီမူဝါဒ ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ်အမြင်နဲ့ လွှတ်တော်တွင်း ဆောင်ရွက်ချက်တွေကို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဇမ်ဇမုန်နဲ့ Unity ရုပ်သံ က တွေ့ဆုံမေးမြန်းထားပါတယ်။