မလေးရှားမှာဖမ်းမိတဲ့ မူးယစ်ဆေးဝါးကွန်တိန်နာဂယင်

မြန်မာ့ဆိပ်ကမ်းမှ တစ်ဆင့် သင်္ဘောနဲ့သယ်ဆောင်လာတဲ့ ကွန်တိန်နာအတွင်းက မူးယစ်ဆေးဝါးတွေ မ လေးရှားမှာ မေလ ၂၂ ရက်ကဖမ်းဆီး ရမိမှုမှာ မလေးရှားကပမာဏအများဆုံး ဖမ်းဆီးရမိမှုဖြစ်ကာ အမေရိကန်ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ ခရစ်စတယ်မက်သာဖီ တမင်းဆေးပြားတွေဖြစ်ကြောင်းဆိုတယ်။ လက်ဖက်ခြောက်အထုပ်တွေမှာ လျှို့ဝှက်ထည့်သွင်းကာ မြန်မာနိုင်ငံကတစ်ဆင့် သင်္ဘောနဲ့တင်သွင်းလာတာ ဖြစ်လို့ မြန်မာ့ဆိပ်ကမ်းနဲ့ဆိုင်တယ်။
ကွန်တိန်နာထဲ ဘယ်လိုထည့်သွင်းခဲ့သလဲ။ မြန်မာနိုင်ငံကနေ စင်ကာပူကို ပို့မယ့် ကွန်တိန်နာတွေထဲ ကျွန်းသစ်၊ ပိတောက်သစ်၊ တမလန်းနဲ့ကုက္ကိုတန် ချိန် ၁၅ဝဝ ကျော်ကို သီလဝါ MIP ဆိပ်ကမ်းကွန်တိန်နာနဲ့ ဆက်စပ်ဖမ်းဆီးမိခဲ့တယ်။ ၁၇ ဦးကိုအမှုဖွင့်ထားတယ်။ မင်္ဂလာဒုံ၊ ပုလဲ၊ ရွှေပြည်သာ၊ လှိုင်သာယာ နဲ့ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်မြို့နယ်တွေရှိ ဂိုဒေါင်တွေမှာ ငှားရမ်းထားတာရှိလို့ ဂိုဒေါင်ငှားလေးယောက်ပေါင်းရင် နှစ်ယောက်ဖြစ်တယ်လို့ သစ်တောဦးစီးဌာန ဒုညွှန်မှူးဦးအောင်သူက ဆိုတယ်။ ၂ဝ၁၇ ဖေဖောဝါရီ ၁၄ ရက်ကပါ။ သည်တုန်းက အကောက်ခွန်အဖွဲ့ သီးခြားသတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပြီး သူတို့နဲ့ မဆိုင်ကြောင်းပြောဆိုတယ်။
သည်တုန်းက တစ်ခုစဉ်းစားမိသေးတယ်။ သစ်တောင်တင်နိုင်သေးတာ။ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးတွေလည်း တင်နေမှာပဲလို့။ ယခုမေလ ၂၂ ရက် မလေးရှားဂင်းနစ်စံချိန်တင်လောက်တဲ့ ခရစ်စတယ်မက်သာဖီတမင်း ၁ ဒဿမ ၂ တန်၊ မလေးရှားရင်းဂစ် ၇၁ သန်း၊ အမေရိကန်ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ ဆေးပြားတွေမှာ အသက် ၂၂ နှစ်နဲ့ ၄၈ နှစ်ကြား မြန်မာနိုင်ငံသားသုံးဦးနဲ့မလေး ရှားနိုင်ငံသား သုံးဦးဖမ်းဆီးခဲ့ကြောင်း မလေးရှားအကောက်ခွန်ဌာနမှ အထွေထွေမန်နေဂျာ ဆပ်ဘလိုမန်နီရမ်သိုလာ ဆေးက ပြောကြားခဲ့တယ်။ မလေးရှားရဲ့ပြင်းထန်တဲ့မူးယစ်ဆေးဝါးနှိမ်နင်းရေး ဥပဒေအရ ဖမ်းဆီးခံရသူတွေဟာ ပြစ်မှု ထင်ရှားရင် သေဒဏ်ကျခံရနိုင်ကြောင်း သိရတယ်။ မလေးရှားမူးယစ်စီးနင်းမှုမှာ အခြားဘိန်းဖြူ ၇၅ဝ နဲ့ စီးကရက်အလိပ် တစ်သန်းပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရတယ်။
မလေးရှားမှာ ကွန်တိန်နာထဲမိတာ ဒါပထမဆုံးမဖြစ်နိုင်ဘူး။ နှစ်နိုင်ငံအကောက်ခွန်တွေ ကျော်လွှားပြီး ဘယ်နှစ် ကြိမ်လွတ်မြောက်ခဲ့ပြီလဲ။ ဒါနဲ့ပတ်သက်ပြီး ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ သံသယရှိသူ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဇွန် ၁ ရက် သတင်းအရသိရတယ်။ သံသယရှိသူမှာ ပုဇွန်တောင်မြို့ နယ် ၅၃ လမ်း၊ အမှတ် ၂၂၊ ၂၄ ရှိ မွတ် စလင်အမျိုးသားတစ်ဦးဖြစ်ပြီး တိမ်း ရှောင်နေပါတယ်။
သည်တစ်ခါ ဆိပ်ကမ်းအကောက် ခွန်တွေဘက်က သတင်းစာရှင်းလင်းပွဲ မလုပ်ပါဘူး။ သတင်းစာရှင်းလင်းပွဲလုပ်တာ မိမိတို့မကျူးလွန်ကြောင်း မိမိတို့ ပါဝင်ပတ်သက်မှုမရှိကြောင်း (သို့) မိမိ ကိုယ်မိမိ ကာကွယ်ရန်အလို့ငှာ စာနယ်ဇင်းကို အသိပေးခြင်းပဲဖြစ်လို့အကောက်ခွန်ကမသိလို့ဘဲဖြစ်ဖြစ် မျက်စိလျှမ်း သွားလို့ဖြစ်ဖြစ် သဘောရိုးနဲ့မဖမ်းမိ လိုက်တာပဲ ယူဆရပါတယ်။
မေ ၃၁ ရက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တ ရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌပြည်ထဲရေးဝန်ကြီးဌာနနဲ့အဖွဲ့ဝင်တွေကို နေပြည်တော်ရှိနိုင်ငံတော်သမ္မတ အိမ်တော်မှာ တွေ့ဆုံရာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးတပ်ဖွဲ့သီးခြား ဖွဲ့စည်းကာ ဗဟိုအဖွဲ့မှတိုက်ရိုက်ကွပ်ကဲကြပ်မတ်ဖို့နဲ့ အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်ဖို့ လမ်းညွှန်မှာကြားခဲ့ပါ တယ်။ လုပ်ငန်းဆောင်ရွက်ရာမှာ ကုလ သမဂ္ဂပဋိညာဉ် UN Convention ပါ ပြ ဋ္ဌာန်းချက်တို့နဲ့အညီ ဆောင်ရွက်စေလိုကြောင်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်တဲ့ ပြည်တွင်းအဖွဲကအစည်းများ ပြည်သူများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လို အပ်ကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူများကြား ကျယ်ကျယ်ပြန့် ပြန့် သိရှိရေးအတွက် အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း ဆေးကုသပေးခြင်း၊ ပြန်လည်ထူထောင်ခြင်းတို့ ဆောင်ရွက်ပေးဖို့ လိုအပ်ပြီး မူးယစ်ဆေးဝါး စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ခြင်းတို့ကိုထိရောက် တဲ့ပြစ်ဒဏ်တွေချမှတ်နိုင်ရေးဆောင် ရွက်ဖို့လိုအပ်ကြောင်း ဆုငွေချီးမြှင့်ရေး စနစ်ကျင့်သုံးကာ လိုအပ်သလိုစီမံခန့်ခွဲ သွားဖို့လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးအဖွဲ့ကိုသီး ခြားဖွဲ့စည်းကာ ဗဟိုအဖွဲ့မှတိုက်ရိုက် ကွပ်ကဲကြပ်မတ်သွားဖို့လိုအပ်ကြောင်း စသဖြင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများ တိုက်ဖျက်နှိမ်နင်းရေးနဲ့ တားဆီးကာကွယ်ရေးကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်ပေးဖို့ လမ်းညွှန်မှာကြားခဲ့ပါ တယ်။

မြန်မာနိုင်ငံက ဘိန်းဒုတိယအများဆုံးထွက်တဲ့ ရွှေတြိဂံနယ်မြေမှာပါဝင်နေသလို မြန်မာ၊ လာအို၊ ထိုင်းနဲ့တရုတ်တို့ ဖြတ်သန်းသွားတဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ နယ်စပ်ဇုန် ရွှေတြိဂံမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတစ်ဟုန်ထိုး မြင့်တက်နေချိန်မှာ ထိုင်းနဲ့မလေးရှားမှာ ခရစ်စတယ် မက်သာဖီတမင်းတွေ စံချိန် တင်ဖမ်းဆီးမိခဲ့တာဖြစ်တယ်။ မြန်မာဘက်မှာ တိုင်းရင်းသား လက်နက်ကိုင် အချို့ အားလုံးအပစ်ရပ် NCA စာချုပ်မှာ လက်မှတ်ရေးထိုးခြင်း မရှိသလို၊ ယနေ့ တိုင်တပ်မတော်နဲ့ တိုက်ပွဲများဖြစ်ပွား လျက်ရှိတယ်။ လက်နက်ကိုင်တွေ ရေရှည်ရပ်တည်ဖို့ ဘိန်းစိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးနဲ့ ဆေးပြားထုတ်လုပ်ရောင်း ဝယ်ခြင်းတွေ ယနေ့တိုင်ရှိနေဆဲဖြစ်တယ်။
မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေ ကြည့်ရင်လည်း အကျဉ်းသားဦးရေခြောက်သောင်းမှ ရှစ်သောင်းထိရှိပြီး လက်ရှိတည်ဆဲဥပဒေအရ အကျဉ်းသား ၄၈ ရာခိုင်နှုန်းဟာ မူးယစ်ဆေးဝါးသုံးစွဲ သူတွေနဲ့ ဆက်စပ်မှုတွေကျူးလွန်ခြင်းကြောင့် ပြစ်ဒဏ်ကျခံရသူတွေဖြစ်တယ် ဆိုတယ်။ မြစ်ကြီးနား၊ လားရှိုးအကျဉ်း ထောင်တွေမှာ မူးယစ်ဆေးဝါးကြောင့် ကျခံရတဲ့အကျဉ်းသား ရာခိုင်နှုန်း ၇ဝ၊ ၈ဝ ထိ မြင့်မားစွာရှိကြောင်း တွေ့ရကာ အကျဉ်းထောင်တွေရဲ့ ဘဏ္ဍာငွေသုံးစွဲ မှုသာမက စီမံခန့်ခွဲမှုအပိုင်းမှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒမှာ ဖော်ပြထားတာရှိတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ ကွန်ဗင့်ရှင်းမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗင့်ရှင်း ပြဋ္ဌာန်းချက်တို့နဲ့အညီ လိုအပ်တဲ့ဥပဒေ နည်းဥပဒေတို့ ပြဋ္ဌာန်းကာ အခြားအဖွဲ့ဝင် နိုင်ငံတွေနဲ့ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုး မှုအပြင် စိတ်ကြွရူးသွပ်ဆေးထုတ်လုပ် မှုသုံးစွဲမှုစတဲ့ စိန်ခေါ်မှုတွေနဲ့ ထပ်မံရင် ဆ်ိုင်လာခြင်းအပေါ် ၂ဝ၁၅ ခုနှစ် အာဆီယံဒေသ မူးယစ်ဆေးဝါးကင်းစင်ရေးလုပ်ငန်းစဉ်တို့နဲ့အညီ မူးယစ်ဆေးဝါးပပျောက်ရေး စတုတ္ထငါးနှစ်စီမံကိန်း ၂ဝ၁၄-၁၉ ထိ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ဘိန်းစိုက်ပျိုးမှုကျဆင်းခြင်းဘက် ဦးတည်လာခဲ့တာလို့ UNODC အစီရင်ခံစာအရ တွေ့ရှိရပါတယ်။
၂ဝ၁၆ ခုနှစ် ဩဂုတ်လ ၁ ရက် ဒုတိယအကြိမ်အစည်းအဝေးမှာ မူးယစ်ဆေးဝါးဖမ်းဆီးရာမှာ သုံးစွဲသူသာမိပြီး ရောင်းချသူအပြစ်ကျူးလွန်သူများ တိမ်းရှောင်နေနိုင်ခြင်း၊ ပိုင်ရှင်မဲ့ဖြစ်ခြင်းရောင်း ချသူကိုမမိဘဲရှိခြင်းတို့ဟာ တရားဥပဒေ စိုးမိုးမှုအပေါ် မေးခွန်းထုတ်စရာဖြစ် ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဒေါ် မြတ်သီတာထွန်းက ဆိုတယ်။ ၂ဝ၁၆ မေလ ၉ ရက် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်ဒေါက်တာ ခင်မောင်မောင်က အခြေခံကျတဲ့ မူးယစ်ဆေးဝါးထုတ်လုပ်သူ မူးယစ်ဆေးဝါး ထုတ်လုပ်ရေးစက်ရုံ၊ အလုပ်ရုံတို့ကို အဘယ့်ကြောင့် ဖော်ထုတ်ဖမ်းဆီးခြင်းမရှိသနည်းမေးခွန်းကို ပြည်ထဲရေးဒုဝန်ကြီး က တိုင်းရင်းသားလက်နက်ကိုင်အားလုံး အပစ်ရပ် NCA စာချုပ်လက်မှတ်ရေးထိုး ပြီး နိုင်ငံရေးအတွက် တွေ့ဆုံဆွေးနွေးမှု များပြုလုပ်လာနိုင်တာနဲ့အမျှ မူးယစ်ဆေးဝါးအန္တရာယ် အမြစ်ပြတ်ချေမှုန်းနိုင် ရေးကိုပါ အမျိုးသားအသွင်နဲ့ဖော်ဆောင်နိုင်မယ်လို့ အကြောင်းပြချက်ပေးသလို နယ်စပ်မှာ တရားဥပဒေမစိုးမိုးတဲ့ဒေသ မှာ ချက်လုပ်တယ်။ လူတွေကဆင်းရဲတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့် ဝင်မဖမ်းနိုင်ဘူးပြောဆိုသွားရာ တပ်မတော်နဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး လျှပ်တပြက်စစ်ဆင်ရေးမျိုး သတင်းအရဝင်စီးတာမျိုးမရှိဘူး။ မူးယစ်ဆေးဝါးကင်းစင်ချင်ရင် ထုတ်လုပ်သူတွေ ချေမှုန်းရမှာပေါ့လို့ ဒေါက်တာခင်မောင်မောင်က ဆိုတယ်။
အကျဉ်းထောင်ရှိ မူးယစ်ဆေးဝါး သုံးစွဲသူတွေအပေါ် ဥပဒေအရတရားစီ ရင်အပြစ်ပေးအရေးယူခြင်းက ပြစ်မှု ဆိုင်ရာ တရားစီရင်ရေးစနစ်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတာ အမှန်ပဲဖြစ်တယ်။ ဒါ့အပြင် အကျဉ်းချခံနေရတဲ့ မူးယစ်ဆေး ဝါးသုံးစွဲသူအပါအဝင် ယင်းမိသားစုနဲ့ လူမှုအဖွဲ့အစည်းတွေအပေါ် ကျန်းမာရေးနဲ့ လူမှုရေးဆိုးကျိုးတွေလည်းကျ ရောက်နေကာ မူးယစ်ဆေးမပြတ်ဘဲရှိ နေပြန်တယ်။ မူးယစ်ဆေးဝါးသုံးစွဲသူတို့ အပေါ် လူမှုရေးပြစ်ဒဏ်စီရင်ပြီး ဆေးပြတ်စေကာ ဘဝသစ်တည်ဆောက်ပေး နိုင်ခြင်းကသာ နိုင်ငံအတွက်ရေရှည် အကျိုးရှိစေပါတယ်။
မလေးရှားမှာ ဖမ်းဆီးမိတဲ့ ဒေါ်လာ ၁၈ သန်းတန် ခရစ်စတယ်မက်သာဖီတ မင်း စိတ်ကြွဆေးကွန်တိန်နာနဲ့ချီ ဖမ်းဆီးမိတာဟာ မြန်မာနိုင်ငံဆိပ်ကမ်းအာဏာပိုင်နဲ့ အကောက်ခွန်တို့အပေါ် အထင်သေးစရာဖြစ်လာတယ်။ သည်တစ်ကြိမ်တည်းသာ တင်ဆောင်တာပါ။ ငြင်းချက်ထုတ်လို့မရပါဘူး။ အဓိကသံသယ ရှိသူကတော့ ထွက်ပြေးလွတ်မြောက်နေတယ်။ သူ့ကိုမိဖို့ သည်အမှုကိုနေပြည်တော်တာဝန်ရှိသူတွေက မူးယစ်အထူးရဲ အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး စုံစမ်းခိုင်းထားတယ်။ အဲဒီအဖွဲ့ကပဲ စုံစမ်းစစ်ဆေးမှုတွေလုပ် နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မူးယစ်တပ်ဖွဲ့၊ တာဝန်ရှိသူတစ်ဦးက ဆိုတယ်။ မလေးရှားနိုင်ငံ မှာတော့ ဒေါ်လာ ၁၈ သန်းတန် မူးယစ်ဆေးဝါးတွေက ရန်ကုန်မြို့ ကုန်သေတ္တာတစ်လုံးနဲ့ တင်သွင်းလာခြင်းဖြစ်ကြောင်း နဲ့ မူးယစ်ဆေးဝါးမှောင်ခိုသူ မလေးရှားသုံးဦး၊ မြန်မာသုံးဦးတို့ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထုတ်ပြန်ထားတယ်။ နောက်ဆက်တွဲကွင်းဆက်ကိုတော့ စောင့်မျှော်ရအုံးမှာပဲ ဖြစ်ပါတယ်။
ဒေါက်တာလွင်သန့်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်