အွန်လိုင်း Tablet များဖြင့် ပညာသင်ကြားမှုတိုးချဲ့ရန်စီစဉ်

မြန်မာနိုင်ငံတွင် အွန်လိုင်း အသုံးပြုပြီး Tablet ဖြင့် ပညာသင်ကြားနိုင်ရန် ယခုနှစ်တွင်တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။
” ဒီအွန်လိုင်း အသုံးပြု Tablet တွေနဲ့ ပညာသင်ကြား နေတဲ့ စာသင်ကျောင်း ၃၁ ကျောင်းရှိခဲ့ပေမယ့် ယခုနှစ်မှာ ဆက်လက်တိုးချဲ့ဖို့ စီစဉ်နေပါ တယ်” ဟု ယင်းဦးစီးဌာနမှ ဦးစီး အရာရှိတစ်ဦးက ပြောသည်။
၂ဝ၁၇-၁၈ ပညာသင်နှစ် တွင် Tablet နှင့် ပညာသင်ကြားခြင်းအား မန္တလေးတိုင်းဒေသကြီး၌ ၁၇ ကျောင်း၊ မွန်ပြည်နယ်၌ရှစ်ကျောင်း၊ ပဲခူးတိုင်းဒေသကြီး၌ ခြောက်ကျောင်း ဆောင်ရွက်ခဲ့သည်။
အခြေခံပညာဦးစီးဌာန၊ Errion ကုမ္ပဏီ၊ Swedtin Organization ယူနက်စကိုတို့ ပူး ပေါင်း၍ Connect To Land (CTL) ပရောဂျက်ဖြင့် ပညာသင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ဇင်နိုင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်