အမေရိကန်နှင့် ကုလသမဂ္ဂတို့ သေချာကိုင်တွယ်ရမည့် ပါကစ္စတန်၏ အကြမ်းဖက်ဝါဒ ပံ့ပိုးမှုပြဿနာ

ပါကစ္စတန်ကြည်းတပ်၏ စစ်ဆင်ရေးများအတွက် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ရှာဟစ်အာဇစ်သည် လွန်ခဲ့သောတစ်ချိန်ချိန်က အာဖဂန်နစ္စတန်တွင် အသတ်ခံခဲ့ရ ကြောင်း ပါကစ္စတန်မီဒီယာများက ဖော်ပြသည်။ မျှော်မှန်းနိုင်သည့် အတိုင်းပင်ထိုသတင်းက ပါကစ္စတန်အစိုးရကို ကသိကအောက်ဖြစ်စေခဲ့ရာ အခြားသတင်းတစ်ရပ်က အာဇစ်သည်အိမ်နီး ချင်းနိုင်ငံတစ်ခုတွင် အသတ်ခံခဲ့ရ သည်ဟုဆိုပြီး စစ်အာဏာရှင်ဟောင်း ပါဗက်ဇ်မူရှာရက်ဖ်ကမူ သိသာသော ဖုံးဖိမှုအဖြစ် အာဇစ်သည် ဆီးရီးယား တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားသည်။
အာဖဂန်နစ္စတန်တွင် အာဇစ်ဘာလုပ်နေခဲ့သည်ကို တွက်ချက်ရန် မခက်ပေ။ အာဖဂန်အစိုးရကိုတိုက် သည့်ဧပြီလကစတင်ခဲ့သော တာလီဘန်တို့၏ အယ်ခန်ဒက်ဂ်စစ်ဆင်ရေး ကို အကူအညီပေးနေခဲ့ခြင်းဖြစ်သည်။ သို့သော် အာဖဂန်နစ္စတန်တွင် ပါကစ္စတန်စစ်ဘက်၏ ပါဝင်ပတ်သက်မှုမှာ အသစ်အဆန်းမဟုတ်။ အာဖဂန်ကို အမေရိကန်ကျူးကျော်စဉ်အတွင်း ပါကစ္စတန် အမြဲတမ်းတပ်ဖွဲ့ဝင်များ၏ အင်အားနည်းသော တပ်စိတ်တစ်ခုနှင့် ပါကစ္စတန်တာလီဘန် ၉,ဝဝဝ နီးပါးသည် အာဖဂန်နစ္စတန်နိုင်ငံတွင်း၌ အာဖဂန်တာလီဘန်များဘက်မှတိုက် နေခဲ့သည်။ ၂ဝဝ၇ ခုနှစ်တွင် ဗြိတိသျှ အထူးလေတပ်ဖွဲ့၏ လက်ချက်ဖြင့် အာဖဂန်နစ္စတန်နိုင်ငံ ဟယ်မန်းပြည်နယ်၌ တာလီဘန်တပ်မှူးတစ်ဦး သေဆုံးခဲ့ရာ သူ့ခန္ဓကိုယ်ပေါ်မှစစ်ဘက် ဆိုင်ရာအမှတ်အသားအရ ၎င်းသည် ပါကစ္စတန်စစ်တပ်အရာရှိတစ်ဦးဖြစ် ကြောင်းဖော်ထုတ်သိရှိခဲ့ရသည်။ ဗြိတိန်က ထိုအချက်ကိုဖုံးကွယ်ရန် ကြိုးပမ်းခဲ့သောကြောင့် ထိုစဉ်က အာဖဂန်သမ္မတဟာ မစ်ကာဇိုင်းနှင့် ကတောက်ကဆတ် ဖြစ်ခဲ့သည်။
အလားတူပင် ၂ဝ၁၆ ဧပြီကလည်း အာဖဂန်နစ္စတန်နိုင်ငံဖာယပ်၊ ဘက်ဒ် ဂစ္စ၊ ဆာအီပိုးနှင့် ဂေါပြည်နယ်တို့ဆိုင်ရာ တာလီဘန်တပ်ခွဲ၏ အကြီးအကဲဖြစ် သောပါကစ္စတန်ဗိုလ်ချုပ်ကြီး နီဒါမိုဟာ မက်နာဒင်းမ်သည် အာဖဂန်မြောက်ပိုင်းတွင် အသတ်ခံခဲ့ရသည်။ ယင်းကြောင့် အာဖဂန်၏အမျိုးသားလုံခြုံ ရေးညွှန်ကြားမှူဦးစီးဌာန (NDS) က ပါကစ္စတန်သည် အာဖဂန်တာလီဘန်များနှင့် ဟက်ကာနစ် (Haqqanis) များ ဘက်မှတိုက်ရန် အာဖဂန်နစ္စတန် နိုင်ငံတွင်း၌ အမြဲတမ်းတပ်ဖွဲ့ဝင်များထားရှိ သည်ဟု ထပ်တလဲလဲစွပ်စွဲထားသည်။

မကြာသေးခင်ကစပြီး အမေရိကန်-ပါကစ္စတန်ဆက်ဆံရေးတွင် သံတမန်ရေး ကတောက်ကဆတ်ဖြစ် မှုများတွေ့နေရပြီး တစ်ဖက်ကတစ်ဖက်၏ သံတမန်များအပေါ်ထိန်းချုပ်ကန့်သတ်မှုများချမှတ်ခဲ့သည်။ သို့သော် အကြမ်းဖက်မှုတင်ပို့မှုတွင် ပါကစ္စတန်က ပါဝင်ထောက်ကူကြောင်း သက်သေ အထောက်အထားများ များလာနေသော်လည်း အမေရိကန်၏ရပ်တည်ချက်မှာ လွန်ခဲ့သောနှစ်များတွင်ရှိခဲ့ သည့်ရပ်တည်ချက်မှ များစွာပြောင်းလဲခြင်းမရှိပေ။ ၂ဝ၁၇ ဩဂုတ်က ၎င်း၏ အာဖဂန်နစ္စတန်-ပါကစ္စတန် မူဝါဒသစ် ကိုထုတ်ဖော်ကြေညာစဉ် သမ္မတဒေါ်နယ်ထရမ့်က ပါကစ္စတန်ကို သတိပေး ခဲ့သည်တော့ရှိ သည်။
” ဒေသတွင်းနဲ့ အဲဒီကိုကျော်လွန် ပြီးခြိမ်းခြောက်နေတဲ့ တာလီဘန်နဲ့ အခြားအုပ်စုတွေဖြစ်တဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေအတွက် ပါကစ္စတန်ရဲ့ ဘေးကင်းလုံခြုံတဲ့ ခိုလှုံရာဗိမာန်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရှေ့ဆက်နှုတ်ဆိတ်မနေနိုင် တော့ပါဘူး။ ပါကစ္စတန် ပြည်သူတွေဟာ အကြမ်းဖက်ဝါဒ နဲ့ အစွန်းရောက်ဝါဒတို့ရဲ့ဒဏ်ကို များစွာခံစားခဲ့ရပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ပါကစ္စတန်ဟာ နေ့စဉ်နေ့တိုင်း ကျွန် တော်တို့ရဲ့ပြည်သူတွေကို သတ်ဖြတ်ဖို့ ကြိုးပမ်းနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို ခိုလှုံခွင့်ပေးထားပါတယ်။ ကျွန်တော်တို့က ပါကစ္စတန်ကို ဒေါ်လာဘီလျံပေါင်းများစွာ ပေးနေခဲ့ပေမဲ့ တစ်ချိန်တည်းမှာသူတို့က ကျွန်တော်တို့တိုက်နေတဲ့ အကြမ်းဖက်သမား တွေကိုနေစရာပေးနေပါတယ်။ ဘာပဲ ဖြစ်ဖြစ် အဲဒါကပြောင်းလဲရပါလိမ့်မယ်၊ အဲဒါအဆောတလျင် ပြောင်းလဲပါလိမ့် မယ်” ဟု ထရမ့်က ပါကစ္စတန်ကို သတိ ပေးခဲ့သည်။
သို့သော် ” အဲဒါက ပြောင်းလဲရပါ လိမ့်မယ်။ အဲဒါ အဆောတလျင် ပြောင်းလဲပါလိမ့်မယ်” ဆိုသော ထရမ့်၏သတိပေးချက်သည် အကျိုးသက်ရောက်မှု မရှိသလောက်ဖြစ်ခဲ့သည်။ ပင်တဂွန်၏ ပြောရေးဆိုခွင့်ရအကြီးအကဲ ဒန်နာဝှိုက်ထ်၏ မကြာသေးခင်က ထုတ်ပြန်ချက်သည်လည်း ထိုဇာတ်ညွှန်းဟောင်း ကိုသာလိုက်သည်။
မေ ၁၇ ရက်က မီဒီယာနှင့်တွေ့ ဆုံရှင်းလင်းစဉ် သူမက ” ပါကစ္စတန်က အကြမ်းဖက်ဝါဒဒဏ် ခံရသူလည်း ဟုတ်သလို အကြမ်းဖက်ဝါဒပံ့ပိုးကူညီ သူလည်း ဖြစ်ပါတယ်။ ဒေသတွင်းလုံ ခြုံရေးနဲ့စပ်လျဉ်းပြီး ပါကစ္စတန်အနေနဲ့ သေချာပေါက် ပိုလုပ်နိုင်လိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံတွင်း လုံခြုံရေးနဲ့ပတ်သက်ပြီးပါကစ္စတန်က သေချာပေါက်ပိုလုပ်နိုင်ပါတယ်။ ကျွန်မတို့သူတို့ကို မျှော်လင့် ချက်ထားမှာဖြစ်ပြီး ပါကစ္စတန်ရော၊ အာဖဂန်နစ္စတန်ပါ အကူအညီပေးကြဖို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့နှစ်နိုင်ငံလုံးက အကြမ်းဖက်ဝါဒရဲ့ဒဏ်ကို ထိခိုက်ခံစားရသူ တွေဖြစ်သလို အကြမ်းဖက်ဝါဒကိုပံ့ပိုးကူညီမှုလည်း လုပ်ထားကြတာကြောင့် ပါ။ ဒါကြောင့် ဒေသတွင်းလုံခြုံစေဖို့ အတွက် အခွင့်အရေးတွေ ပိုဖန်တီးဖို့ ကျွန်မတို့ ပါကစ္စတန်ကိုမျှော်လင့်ပါ တယ်” ဟု ပြောကြားခဲ့သည်။
ပါကစ္စတန်ပြည်သူများ အကြမ်း ဖက်ဝါဒဒဏ် အလွန်ခံရကြောင်းနှင့် ပါကစ္စတန်နိုင်ငံသည်လည်း အကြမ်း ဖက်မှု၏ အထိနာသူဖြစ်ရကြောင်း ထရမ့်နှင့် ဝှိုက်ထ်တို့ နှစ်ဦးလုံး၏ထုတ်ပြန်ပြောဆိုချက်များသည် တရုတ်၏ သဘောထားဖော်ပြချက်နှင့်လည်း တူနေ သည်။ သို့သော် ၂ဝ၁၁ အောက်တို ဘာက ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဟီနာရက်ဘာနီနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ်လုပ်စဉ် ပို၍ဗြောင် ကျကျပြောခဲ့သူက ထိုစဉ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဖြစ်သည်။ ” ကိုယ့်ခြံနောက်ဖေးမှာ မြွေ တွေမွေးထားပြီး သင့်အိမ်နီးချင်းတွေကို သာကိုက်ဖို့ မျှော်လင့်လို့မရနိုင်ပါဘူး” ဟု ကလင်တန်က ပြောခဲ့သည်။
သမ္မတထရမ့် သတိပေးပြီးနောက်ပိုင်း ပါကစ္စတန်စပွန်ဆာပေးသော အကြမ်းဖက်မှုက အိန္ဒိယတွင်ရော အာဖဂန်နစ္စတန်တွင်ပါ မြင့်တက်လာ နေသည့်အချက်ကို မငြင်းကွယ်နိုင်ပေ။ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက် မွန်ဘိုင်း အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းနဝပ်ဇ် ရှရစ်ဖ်၏ထုတ်ပြန်ချက်က သူ့နိုင်ငံကို အကြမ်းဖက်မှုကိုစပွန်ဆာ ပေးသည့် နိုင်ငံတစ်ခုအဖြစ်နှင့် အကြမ်းဖက်မှု တွင် ပါကစ္စတန်စစ်ဘက်၏ ပါဝင်ပတ်သက်မှုတို့ကို ရှင်းရှင်းလင်းလင်းအတည်ပြုပေးနေသည်။ သို့သော် ဆိုခဲ့ပါ သတင်းစာရှင်းလင်းပွဲတွင် သဘောထား မှတ်ချက်မေးမြန်းစဉ် ပင်တဂွန်ပြောခွင့် ရအကြီးအကဲဝိုက်ထ်က ” အခု ပါကစ္စတန်အတွက် အလှည့်အပြောင်းတစ်ခုပြန်ရောက်နေတာပါ။ ပါကစ္စတန် အနေနဲ့ ဆုံးဖြတ်ချက်တွေချရမှာဖြစ်ပြီး ဒေသကို လုံခြုံအောင်ကာကွယ်ရေးမှာ သူတို့အနေနဲ့ မိတ်ဖက်တစ်ယောက် အဖြစ် ပါဝင်မယ်လို့ ကျွန်မတို့မျှော်လင့် ပါတယ်” ဟုသာ ပြောကြားခဲ့သည်။
၂ဝ၁၂ ခုနှစ်တွင် နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာ သုခမိန်အဖွဲ့ Carnegie Endowment မှ အက်ရှ်လီတဲလစ္စ က အမေရိကန်သည် ပါကစ္စတန်နှင့်ပူးပေါင်း၍ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ Lashkar -e-Taiba အရေးကိုင်တွယ် ဆောင်ရွက်ရမည်ဟု အကြံပြုခဲ့ပြီး ” တစ်ချိန်ချိန်မှာ ပါကစ္စတန်ဟာ LeT အဖွဲ့ကို အမြစ်ဖြတ်သုတ်သင်ဖို့ ဒါမှမဟုတ် အဖွဲ့ပြိုကွဲသွား စေဖို့ လုပ်ဆောင်တာဖြစ်ဖြစ် အဲဒီအဖွဲ့ရဲ့ အလွန်ဆိုးရွားတဲ့ရမ်းကားမှုကို ခွင့်ပြု တာဖြစ်ဖြစ် လုပ်ရပါလိမ့်မယ်” ဟု ရေးခဲ့သည်။
သို့သော် ပါကစ္စတန်လုပ်ခဲ့သည်က လုံးဝဆန့်ကျင်ဖက်ဖြစ်သည်။ LeT အဖွဲ့ကို တိုးမြင့်စည်ပင်စေခဲ့သည် omru Jsmsst-ud Dawa (JuD) ဟူသော အမည်သစ်နှင့်Falah-e-Insaniat Foundation (FIF) ကဲ့သို့သောလက် အောက်ခံအဖွဲ့များအဖြစ် အသွင်ပြောင်းခွင့်ပါပေးခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားတစ်ဦးအဖြစ် အမေရိကန်က သတ်မှတ်ထားသော်လည်း LeT ၏ အကြီးအကဲ ဟာဖစ်ဆာအိဒ်သည် နိုင်ငံတော်က ပုဂ္ဂိုလ်ရေးလုံခြုံမှုဖြည့်ဆည်းပေးထားသော လွတ်လပ်သူတစ်ဦးဖြစ် ကာရွေးကောက်ပွဲများ ပါဝင်ယှဉ်ပြိုင်နိုင်သည်။
ပါကစ္စတန်အစိုးရ၏ ထောက်လှမ်း ရေးအေဂျင်စီ Inter-Services Intellingence(ISI) ၏ညွှန်ကြားမှူး ဦးစီးဌာန ‘S’ နှင့် ISI ၏ Afghan Logistics Cell အဖွဲ့တို့က အထူးစစ်ဆင် ရေးတပ်ဖွဲ့ Special Service Group နှင့်ပူးပေါင်း၍ အာဖဂန်နစ္စတန်မှ ပါကစ္စတန်၏အသုံးချစစ်ပွဲကိုကိုင်တွယ်သည်။ Afghan Logistics သည် တာလီဘန်များနှင့် ၎င်းတို့၏ မိသားစုများထံ ထောက်ပံ့ပို့ဆောင်ရေးအကူအညီပေးသော ပါကစ္စတန်၏ Frontier Corps တပ်ဖွဲ့မှ အဖွဲ့ဝင်များဖြင့် လုပ်ငန်းလည်ပတ်သည့် ပါကစ္စတန်ပြည်တွင်းမှ သယ်ယူပို့ဆောင်ရေးကွန်ရက်တစ်ခု ဖြစ်သည်။ ယင်းသယ်ယူပို့ဆောင်ရေး မှုတွင်ယာဉ်များ၊ လက်နက်များ၊ အကာ အကွယ်၊ ပိုက်ဆံ၊ အမှတ်အသားကတ်များနှင့် ဘေးကင်းလုံခြုံသည့်လမ်းကြောင်းတို့ ပါဝင်သည်။
အမေရိကန်နှင့် ကုလသမဂ္ဂတို့ အနေဖြင့် ဒေသတွင်းတည်ငြိမ်မှုရှိ စေရေးအတွက် ပါကစ္စတန်ကို ပိုမာမာ ထန်ထန်ကိုင်တွယ်ရန် လိုအပ်သည်မှာ သိသာထင်ရှားပါသည်။
ဟန်မင်းဆု

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်