Featured Video Play Icon

ကျေးရွာချင်းဆက် ရွှံ့ဗွက်လမ်း ဘတ်ဂျက် ကျပ် သိန်း ၄၉၀ ကုန်ကျ

တိုင်းဒေသကြီးလွှတ်တော် ဘတ်ဂျက် သိန်း ၄၉၀ ချထားပေးတဲ့ အောက်တဲ ကျေးရွာနဲ့ သင်တော ကျေးရွာ ချင်းဆက်လမ်းပိုင်းကို တွေ့မြင်ကြရတာဖြစ်ပါတယ်။

ဒီကျေးရွာတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်းမှာ တည်ရှိတာပါ။ တိုင်းဒေသကြီးလွှတ်တော်က လမ်းအရှည် နှစ်မိုင်နဲ့ ကြားမှာပါဝင်တဲ့ တံတားတိုနှစ်စင်းအတွက် ဘတ်ဂျက်ကို ချထားပေးခဲ့တာပါ။

ဒီလမ်းပိုင်းကို တာဝန်ယူ လုပ်ဆောင်သူတွေကတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှာ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၀ ရက်မှာ လုပ်ငန်းကို ရပ်နားခဲ့တယ်လို့ သင်တောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်လင်းက ဆိုပါတယ်။

လမ်းပိုင်းဆိုးရွားနေတဲ့အတွက် ဒေသခံတွေဟာ ကျန်းမာရေးအခြေအနေအရ ကောလင်းမြို့နယ်နဲ့ ကန့်ဘလူမြို့နယ် အတွင်းမှာရှိတဲ့ တိုက်နယ်ဆေးရုံတွေကို သွားဖို့အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒီလမ်းပိုင်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ လမ်းဦးစီးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်း မရှိခဲ့ပါဘူး။ အဲဒီကျေးရွာချင်းဆက် လမ်းပိုင်းကို အဓိက အသုံးပြုနေတဲ့ ကျေးရွာသုံးခုရှိပြီး လူဦးရေ ၁၂၁၇ ယောက် ရှိတယ်လို့ ဆိုပါတယ်။

 

ဒီသတင်းကိုတော့ ကောလင်း သတင်းထောက် မိုးအောင် (ကောလင်း) က ပေးပို့ထားတာပါ။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်