Featured Video Play Icon

Politics Platform (Part - 4)

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကို ၂၀၁၀ ခုနှစ် မေလ တွင် ပါတီမှတ်ပုံတင်ခဲ့ ပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲ မှာ မဲဆန္ဒနယ် ၃၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်ရာ ၃နေရာ အနိုင်ရရှိခဲ့ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ် အမှတ်၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာတစ်နေရာကို ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ ဦးအောင်ရွှေက ရရှိခဲ့ပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ တွေမှာတော့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်ရရှိ ခဲ့ခြင်းမရှိချေ။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ လက်ရှိပါတီတွင်း လှုပ်ရှားဆောင်ရွက်နေမှု အခြေအနေ၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့်အခြေအနေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်အမြင်တို့နဲ့ ပတ်သက်ပြီးတော့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေကို Unity ရုပ်သံသတင်းထောက် မေရည်ငြိမ်းချမ်း က တွေ့ဆုံမေးမြန်းထားပါတယ်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်