စပါးခွံကို ထမင်းဖြစ်အောင်ချက်မစားခိုင်းရင် တော်ပါပြီ

စကားဆိုသည်မှာ အမှားမခံတဲ့ ကမ္ဘာကျော်ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ အကျဉ်းဖော်ရေးရင်တော့ ရောမဘုရင် ပီး သီးယက်ရဲ့ ဆတ္တာသည်က ” ငါ့ကို ဘာမှတ်သလဲ။ ဘုရင်ပီးသီးယက်ရဲ့ လည်မျိုနားကို ငါ့ဓားကနေ့တိုင် ရောက်နေတဲ့ အကောင်ကွ” လို့ ကြွားမိတာကို ဘုရင်ကပြန်ကြားတော့ ဆတ္တာသည် အသတ်ခံရပါလေရဲ့ သူ့စကားနောက် သူ့အသက်ပါသွားပါပြီ။
မြန်မာမှာတော့ စုက္ကတေးက အနော်ရထာမင်းသားလေးကို အများရှေ့ ” ညီလာခံ” မှာ ” ညီသားနောင်မယ်” လို့ခေါ်ရင်း ရယ်သွမ်းသွေးပါတယ်။ အနော်ရထာက ဖခင်ကြောင်ဖြူမင်း (နန်းကျ) ကို ပြန်မေးလို့အဖြေမှန်သိရတဲ့အခါ စုက္ကတေးနဲ့ မြင်းကပါသမထီး ချောင်းကမ်းဘေးချိန်းပြီး နှစ်ဦးသားမြင်း စီးပြီးကာ လှံချင်းထိုးကြပါတယ်။ စုက္ကတေးရင်ဝ အနော်ရထာရဲ့လှံစိုက်ပြီး မြင်းထက်က ချောင်းကမ်းပါး ချောက် ထဲကျရင်း သေရရှာပါတယ်။ ဒါလည်း စကားနောက် အသက်ပါသွားခဲ့ရတာပါ ပဲခင်ဗျာ။
ဒုတိယကမ္ဘာစစ်ကြီးအပြီး ဆက်ဖြစ်တဲ့ကိုရီးယားစစ်ပွဲကို အောင်ပွဲရ အမေရိကန်ဗိုလ်ချုပ်ပြီး D.M.A(DOUGLASMACARTHUR) က ဦးစီး တိုက်ရပြန်ပါတယ်။ တရုတ်က စစ်သား ငါးသိန်းနဲ့ မြောက်ကိုရီးယားဘက်က ဝင်ကူပြီးလူလှိုင်းစစ် (Human Wave) နဲ့ဝင်တိုက်တော့ နှစ်ဖက်စလုံးအကျအ ဆုံးများပြီး စစ်ပွဲကရှည်လာပါတယ်။
စစ်သတင်းထောက်တစ်ယောက် ရဲ့ ” အချွန်နဲ့မတဲ့” စစ်ပွဲကြီး အမြန်ပြီးအောင် ဘယ်လိုတိုက်ရင်ကောင်းမလဲ ဆိုတဲ့မေးခွန်းကို D.M.A ကိုမေးခဲ့ပါ တယ်။
D.M.A ကလွှတ်ကနဲ (Atomic Wartare ) အနုမြူစစ်ပွဲလွှဲလိုက်ရင် မြန်မြန်ပြီးမှပေါ့လို့ အမှတ်မထင်တင်ပြလိုက် ပါတယ်။
ကမ္ဘာစစ်ကြီးအမြန်ပြီးစေခဲ့တာက ၉၊ ၈၊ ၁၉၄၅ မှာ ဟီရိုရှီးမား၊ ၁၄၊ ၈၊ ၄၅ မှာ နဂါစာကီဂျပန်မြို့ကြီး နှစ်မြို့ကို Little Boy ယူရေနီယံ ၂၃၅ Fatman ယူရေနီယံ ၂၃၉ တို့ကြဲချပြီး အမြန်ပြီးစီး ခဲ့တာပါ။
စစ်သတင်းထောက် ဖွရှုပ်လုပ် လိုက်တာက D.M.A ကအနုမြူစစ်ပွဲနွှဲ ဖို့ ပြောနေပါလား ဘာလားလို့ဖွလိုက်တော့ တစ်ကမ္ဘာလုံးကြွက်ကြွက်ညံသွားပြီး အမေရိကန်သမ္မတကြီးဟယ်ရီထရူးမင်း က D.M.A ကို အမေရိကန်အမြန်ပြန်ခေါ်ပြီး တပ်ကထွက်စေခဲ့ပါတယ်ခင်ဗျာ။
အမေရိကန်သမ္မတ အိုဘားမားလည်း လေးလေးစားစားနဲ့ကို အိမ်ဖြူတော်မှာရုံးခန်းတစ်ခန်းလေးရထားတဲ့ လက်ဘနွန်နွယ်ဖွား သတင်းအစုတစ်ခု ရဲ့ ဦးစီး Miss Helenthomas အသက် ၉၂ ရှိ အဖွားကြီးကိုနေရာပေးပါတယ်။ သတင်းထောက်တစ်ဦးရဲ့ Middle East အရှေ့အလယ်ပိုင်းအာရပ်/ အစ္စရေး ကိစ္စကို အမြန်ပြီးအောင် ဘယ်လိုရှင်းရင် ကောင်းမလဲခင်ဗျာလို့ ” အချွန်နဲ့မတဲ့ မေးခွန်း” ကို မေးပါတယ်။
ဖွားဖွားဟယ်လင်က ” ဂျူးတွေကို သူတို့လာခဲ့တဲ့ ပိုလန်၊ ဂျာမနီတို့ကို ပြန် ပို့လွှတ်လိုက်ရင်ပြီးတာပဲ” လို့အမှတ် မထင် အဖြေပေးလိုက်ပါတယ်။
သတင်းထောက်တွေက ဖွရှုပ်လုပ် သတင်းဖြန့်တော့ ဖွားဖွားဟယ်လင် သောမတ်ဟာ ကိုယ့်အိတ်ကိုယ်ဆွဲပြီး ထွက်တော်မူအိမ်ဖြူက ခွာခဲ့ရပါလေရဲ့။ အလုပ်ပြုတ်တာပေါ့နော်။ ၂၄ ခု ၂ဝ၁၂ မှာ ဖြစ်ပျက်ခဲ့တာပါခင်ဗျ။
မြန်မာပြည်ကလူကြီးတွေ စကားမှားတာတွေ၊ လေကြောင်လွှတ်တာ တွေကိုတော့ များလွန်းလို့အားနာပြီး နည်းနည်းပဲရေးပါရ၏ေ။ မှားတာက တော့ ကုဋေကုဋာမို့ပါ။
လူကြီးတစ်ဦးက သူ့ကိုသာ နောက် ထပ် ငါးနှစ်သက်တမ်းတိုးပေးရင် ” သူ့ တိုင်းပြည်ကို စင်္ကာပူလိုဖြစ်အောင်လုပ် ပေးပါမတဲ့” ခင်ဗျ။
ကျွန်တော်ရေတပ်သားဘဝက ၁၉၆၁ မှာ စင်္ကာပူကို နှစ်ကြိမ်ရောက်ခဲ့ ပြီး သင်္ဘောဆက်လိုက်တော့လည်း ရောက်ခဲ့ပြန်တာပေါ့။ ယုတ္တိယုတ္တမကျ မဖြတ်နိုင်တဲ့ လေရူးသုန်သုန်တိုက်ခဲ့ တာလေ။
စင်္ကာပူ ၁၉၆၅ မှာ လွတ်လပ်ရေး ရတော့လာဘ်မစားဘဲ လုပ်မယ်လို့ လီကွမ်းယူက ကြေညာပြီးလုပ်ခဲ့တာခင်ဗျ။ ကောင်းတာတွေမပြောပါရစေနဲ့။ စင်္ကာပူလူဦးရေရဲ့ ၂ဝရာခိုင်နှုန်း သောမြန်မာ တွေတောင် စင်္ကာပူရောက်ပြီး လစာနည်းနည်းနဲ့ တိုးတက်အောင်လုပ်ပေး နေကြပါလေရဲ့။
စင်္ကာပူလိုဖြစ်အောင် လုပ်ပြမယ် ဆိုတာက တိုင်းရဲ့ဧရိယာအကျယ်အဝန်းထဲကနေ စင်္ကာပူနဲ့တူအောင် မိုင် ၂၅ဝ ချန်ပြီး ကျန်တာအကုန်ရောင်း စားတာပဲလုပ်နိုင်မှာပဲ။ လေကြောင်တွေ မလွှတ်ပါနဲ့။ အရည်အချင်းတွေကို အတွင်းသိတွေပါခင်ဗျာ။ ကြောင်ပါလေ့ ခင်ဗျာ။
တစ်ယောက်က လေကြောင်လွှတ် ပြန်တာလည်း မိုးပျံလမ်းမကြီးတွေ ဆောက်ပေးမယ်ဆိုပဲ။ လမ်းမကြီးတွေ ကို အဆင့်မြှင့်တင်မယ့်အစား လက်ရှိ ကမ္ဘာမြေပြင်ပေါ်က ချိုင့်တွေထပ်နေလို့ ဖာတစ်ရာထပ်နေတဲ့ လမ်းကိုပဲကောင်း အောင်လုပ်ပေးပါဦးလို့ ပြောပါရစေ။
ရိုင်းတယ်လို့မထင်ပါနဲ့ခင်ဗျာ။ ဘာသာရေးအဆူံးအမ တစ်ခုမှာပါတာက ” အထက်နေပါဦး အောက်လုံအောင်ဖုံး” လို့ဆုံးမထားတာ ရှိပါတယ်။ နှိုင်းယှဉ်ချက်ပေးထားတာက နိဗ္ဗာန်အသာထား ငရဲမလားအောင်လုပ်ဆိုတာပါပဲခင်ဗျာ။
စပါးစိုက်လယ်မြေဆိုတာက ရေလွှမ်းနေမယ်။ ရေတွေစီးဆင်းမသွား အောင်လည်း ကန်သင်းကန်ဘောင်နဲ့ ခတ်ထားပြီးမှ မြေကိုထယ်ထိုး၊ ထွန်ယက်၊ စပါးစိုက်ပျိုးရိတ်သိမ်းကြရတာပါ။ သစ်သီးသစ်ရွက်စိုက်မယ့် မြေက တော့ရေဝပ်လို့ ရေလွှမ်းလို့မဖြစ်တဲ့ပြင် စိမ့်မြေလည်းမဖြစ်ရပါဘူး။ မြေကိုလည်းပြုပြင် မြေဩဇာထည့် မျိုး ကောင်းတဲ့အပင်မျိုးတွေ စိုက်ပျိုး၊ ပိုးလည်းသတ်ရပါတယ်။ အပင်တွေက မြေဩဇာအမြဲသုံးတော့ မြေဩဇာကျွေး ရတာပဲ။
လယ်တွေမှာက မြေဩဇာတစ်နှစ် တစ်ခါလောက်ပက်ရင် ရနိုင်ပါတယ်။ လယ်လုပ်ငန်းမှာ လူတစ်ယောက်နွား တစ်ရှဉ်းနဲ့ လယ်ဆယ်ဧကကို လုပ်နိုင်ပါတယ်။
ကုန်းမြေပေါ်မှာက တစ်ဧက အကျယ်ဆိုလုပ်အား ၄၊ ၅ ယောက်လိုလာ ပါလိမ့်မယ်။ နေ့တိုင်းပြုပြင်စောင့်ကြည့် နေရပါတယ်။ ယခုခေတ်မီသရက်ပင် စိုက်နည်းက အမြင့်ရှစ်ပေထက်မမြင့်ရတဲ့ ဒါမှဆေးဖြန်းခြင်း၊ ပြုပြင်ခြင်း၊ အသီးအားအိတ်စွတ်ခြင်းကောင်း ကောင်းလုပ်နိုင်မယ့်အပြင် သစ်ကိုင်း ကိုလည်း ကိုးဆယ်ဒီဂရီထောင့်ချိုးကွေး တာတွေက ပညာပါလှပါတယ်။
ထွက်ရှိလာတဲ့အသီးအနှံတွေ ဟာလည်း စပါးလို၊ ဆန်လို နေပူထဲထားလို့ မရပါဘူး။ ကြာရှည်ခံအောင် စက္ကူပုံး၊ ဖာတွေထဲ ထည့်ပြီးအအေးခန်း Cold Stowage နဲ့စနစ်တကျ ထိန်းသိမ်းသို လှောင်ထားရတာပါ။ ဒီလို သူများတိုင်း ပြည်တွေက စနစ်ကျပါတယ်။
ဥရောပတစ်ခွင် စကင်ဒီနေးမီးယား ကျွန်းဆွယ်နိုင်ငံတွေအားလုံးဟာ အမေရိကတိုက် အမေရိကန်အလယ်ပိုင်း၊ တောင်အမေရိကနိုင်ငံတွေကထွက်တဲ့ သစ်သီးတွေမှန်သမျှဝယ်ယူစားသုံးနေ ကြတာပါ။ ပန်းသီး၊ လိမ္မော်သီး Grape Fruit တို့အားလုံးပါပဲ။
မြေထဲပင်လယ်ဝအောက်ရှိ မော်ရိုကိုနိုင်ငံလေးကလည်း လိမ္မော်သီး တင်ပို့ပါတယ်။ သူတို့လိမ္မော်သီးက ကြက်ဥသာသာရှိပြီး ချိုလှပါတယ်။ မှတ်မှတ်ရရ ကျွန်တော်နံနက်စာမစားပဲ လိမ္မော်သီး ၄၃ လုံးစားခဲ့မိတယ်ခင်ဗျာ။
အအေးဓာတ်ရဖို့အတွက် မီးစက်တွေကလေးလုံး၊ မရပ်မနားမောင်းထား ရပါတယ်။ သစ်သီးဆိုရင် ငါးဒီဂရီ၊ အသားဆိုရင်တော့ ၂၅ဒီဂရီရအောင်အအေးဓာတ်ပေးရပါတယ်။ ကုန်တင်ခကလည်း ဈေးကြီးလှပါတယ်။ လိုအပ်တဲ့ အအေးဓာတ်မရလို့ တင်တဲ့ကုန်ပျက်စီး ရင်တော့လျှော်ပါလေတော့ခင်ဗျာ။ သင်္ဘောတွေကလည်း စဉ်ပေါ့နဲ့သွား သယ်ရင်တော့ ဈေးကြီးတာပေါ့။
စကားစပ်- ရေတပ်စစ်ဘက်က ရဲဘော်တစ်ယောက်ဟာ ဩစတေးလျက သစ်သီးသယ်ပြီးအပြန်မျာ အအေး စက်ပျက်လို့ အင်ဂျင်နီယာတွေခေါင်းခဲ နေတဲ့ အချိန်မှာသူက အတွေ့အကြုံရှိ ထားတော့ ဝင်ကလိပေးလိုက်တာ စက်ကောင်းသွားလို့ ကုမ္ပဏီကပေးတဲ့ဆု တောင်ရခဲ့ပါလေရဲ့ခင်ဗျာ။ သူကရိုးရိုး စစ်ဘက်ဝန်ထမ်းပါခင်ဗျာ။
မြန်မာမှာတော့ ငါး၊ ပုဇွန်တင်ပို့တာ ရှိတော့ သားငါးတင်ပို့မှုကိုမရေးတော့ ပါဘူး။
မှားခဲ့တာတွေက ဒီမိုကရေစီသမား ကြီးဦးနုက ပြည်တော်သာစီမံကိန်းချ ပြီး ” လူတစ်ကိုယ်၊ တိုက်တစ်လုံး၊ ကားတစ်စီး၊ လစဉ်ဝင်ငွေ ၈ဝဝ (အဲ့ဒီအချိန် က ရွှေဈေးက တစ်ကျပ်သား ၂ဝ၅ကျပ် မျှပါ) တဲ့ စီမံကိန်းဟာ အကောင်အထည်မဖော်လာတဲ့အပြင် ဒီမိုကရေစီ ပါမြောင်းထဲ၊ ချောက်ထရောက် ပျောက် ခဲ့ရပါလေရော။ သူတို့လည်းထောင်ထဲ ရောက်ကြပါလေရော။
၆၂ မှာ လာပြန်တာက ” ဆိုရှယ်လစ်လမ်းစဉ်ဖြင့် လောကနိဗ္ဗာန်တည်ဆောက်အံ့” တဲ့။ နောက်ဆုံးတော့ သယံဇာတပေါကြွယ်ဝတဲ့နိုင်ငံဟာ သွေးမြေကျပြည်သူအကုန် ဒုက္ခတွေစုပုံ ရောက်ပြီး ကိုယ်စီလည်း ငါးသိန်တင်၊ နိုင်ငံလည်းဒေါ်လာ ကိုးဘီလီယံကျော် ကြွေးတင်၊ နိုင်ငံလည်း LDE ငမွဲစာရင်း ဝင်ပြီး ဖြစ်ချင်တာတွေပျက်ခဲ့ကြပါလေရဲ့နော်။
ပြောလိုက်ကြတဲ့လူကြီးစကား တွေဟာလည်း အနှစ်မပါ၊ အကာသက်သက် ဗယောက်ဗယက်တွေနဲ့ချည်းဖြစ် သူတို့အချင်းချင်းလည်း အဆင်မပြေကြ အကွဲကွဲအပြဲပြဲနဲ့ ရှင်းထုတ်ကြရင်း အခုတော့ ၂ဝဝ၈နဲ့ ဒုတိယံမိ အစိုးရတက် ပြီကော။
အခုပုဂ္ဂိုလ်အချို့ကလည်းလေ ကြောင်းတွေလွှတ်နေတုန်းပါပဲ။ ယခင်ကထက်တော့ ရာခိုင်နှုန်းတော်တော် နည်းလာပါပြီ။ ကျွန်တော်ပြောချင်တာ ကတော့ အုပ်ချုပ်သူဆိုတာပညာ၊ ဗဟုသုတနဲ့အတွေ့အကြုံတွေ ရှိသင့်ပါတယ်။ ရှိလည်းရှိရမှာပါ။ ငါသိငါတတ်လုပ်လို့ တော့မဖြစ်ပါဘူး။ ပညာဆိုတာဟာ နေရာတကာမှာ အရေးပါလှပါတယ်။ ဥပမာလေး တင်ပြရစေ။
လူကြီးတစ်စုဟာ ပန်းချီဆရာကြီး တစ်ဦးဆွဲထားတဲ့ နွားနှစ်ကောင်ဝှေ့နေတဲ့ ပန်းချီကားချပ်ကြီးကို ဝိုင်းကြည့်ရင်း ချီးမွှမ်းခန်းတွေ ကိုယ်စီဖွင့်နေကြပါ တယ်။ နွားနှစ်ကောင် ဝှေ့နေတဲ့ပုံက လည်းအသက်ဝင်လှပြီး ဆေးအရောင်သွင်းထားချက်တွေကလည်း ပြောစရာ ဖြစ်အောင်ကိုကောင်းနေလှပါတယ်။ အ လင်းရောင်ပေးထားတာက အစပေါ့။
သူတို့ချီးမွှမ်းခန်းဖွင့်နေတုန်း ကလေးတစ်ယောက်ရောက်လာပြီး အများရှေ့မှာ အများကြားနိုင်လောက် တဲ့ အသံနဲ့ ” အလကား ပန်းချီကား ယုတ္တိလည်းမရှိဘူး။ ဘယ်လိုအရူးများ ဆွဲထားတာလည်းမသိဘူး” လို့ ပြောချ လိုက်ပါပြီ။
လူတွေက ကလေးကိုဝိုင်းကြည့် ပြီး တစ်ဦးနှုတ်က စကားထွက်လာတာက” ကလေး မင်းဘာဖြစ်လို့အရူးဆွဲတဲ့ ပန်းချီကားလို့ စော်ကားရတာလဲ။ မင်းပန်းချီပညာ ဘယ်လောက်နားလည်လို့လဲ” ဆိုတဲ့ အမေးကိုမေးပါပြီ။
ကလေးက ” ကျွန်တော်ပန်းချီအ ကြောင်းမသိပါဘူးဗျာ။ နွားကျောင်းသားပါ။ နွားတော့ကောင်းကောင်းတိုက် (ဝှေ့) တတ်ပါတယ်ဗျ။ နွားတွေဝှေ့ကြရင် ဒီလိုပဲအားစိုက်ပြီး ဝှေ့လေ့ရှိပါ တယ်။ ဒါပေမဲ့အမြီးကိုတော့ ဖင်ပိတ်ပြီး သူ့ပေါင်ကြားညှပ်သွင်း အားစိုက်ဝှေ့တာပါဗျာ။ ရှုံးတဲ့နွားထွက်ပြေးရင်တော့ အခုလိုအမြီးမိုးပေါ်ထောင်ပြီး ပြေးတက်ကြပါတယ်ဗျာတဲ့။ ကဲဘာပြန်ပြောကြ မှာလဲ သူတို့ခဗြာတွေ၊ ကလေးက နွားကျောင်းသား၊ နွား Expert ကြီးလေဗျာ။ ပြောစရာဖြစ်အောင်ကို ဖြစ်ခဲ့ပါပြီ။ ရှက်ဖွယ်ကြီးနော်။
ဟုတ်ကဲ့ ယခုကျွန်တော်တို့တင်ခဲ့တဲ့ အစိုးရသစ်ကလည်း အဆင်မပြေ အချိုးမပြေနှင့် စနိုးစနှောင့်ဖြစ်စရာ လေ ကြောင်းတွေစတိုက်လာပါပြီ။ စဉ်းစားပြီးမှ ပြောကြပါခင်ဗျာ။
ဧရာဝတီကျော်မြင့်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်