မူးယစ်ဆေးတောင်လိုပုံနေတဲ့ တိုင်းပြည်

မြန်မာနိုင်ငံဟာ(၂ဝ၃ဝ)ပြည့်နှစ် တွင် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားမှုနူန်းကို ပြည်သူ့ကျန်းမာ ရေးကပ်ရောဂါအဖြစ်ဆုံးသတ်မှတ် လုပ်ဆောင်ဖို့ မဟာဗျူဟာစီမံကိန်း (၂ဝ၁၆-၂ဝ၂ဝ)ကို ရေးဆွဲလုပ်ဆောင် လျက်ရှိတယ်။ (NLD )အစိုးရ စတက်လာချင်း သမ္မတဦးထင်ကျော် လက်ထက်မှာလည်း နိုင်ငံသူနိုင်ငံ သားတွေ ကျန်းမာသန်စွမ်းဖို့ရာအလေးထား လုပ်ဆောင်ဖို့ပြောဆိုခဲ့တယ်။ အစိုးရသက်တမ်း နှစ်နှစ်ကျော်လောက် မှာ သမ္မတဟောင်းဦးထင်ကျော် အနားယူသွားခဲ့ပြီး သမ္မတသစ်ဦးဝင်းမြင့် တက်လာချိန်မှာလည်း လူထုကျန်းမာ ရေးဖွံ့ဖြိုးရေးအခန်းကဏ္ဍကို ကြပ်မတ်လုပ်ဆောင်ဖို့ပြောဆိုခဲ့တယ်။
သမ္မတနှစ်ဆက်လုံးဟာ လူထုကျန်းမာရေးနှင့် လူသားအရင်းအမြစ်ကိုခန်းခြောက်၊ ခြိမ်းခြောက်စေနိုင်တဲ့ မူးယစ်ဆေးဝါးအခန်းကဏ္ဍကိုလည်း အလေးအနက်ထား ပြောကြားခဲ့တယ်။ ဒါပေမယ့် လက်ရှိအချိန်ထိမူးယစ်း ဆေးဝါးရောင်းဝယ်ဖောက်ကားသုံးစွဲ မှုနူန်းနဲ့အဲ့ဒီမှတစ်ဆင့် အိတ်ခ်ျအိုင်ဗွီရောဂါကူးစက်မှုနူန်းဟာ ပိုမိုမြင့်မား လာနေတယ်။ လက်ရှိစစ်တမ်းတွေ အရဆိုရင် မြန်မာနိုင်ငံအတွင်းမူးယစ် ဆေးဝါးသုံးစွဲမှုမှတစ်ဆင့်အိတ်ခ်ျအိုင် ဗွီ/ အေအိုင်ဒီအက်စ်ရောဂါကူးစက်မှုနူန်းက(၁၈)ရာခိုင်နူန်းအထိ တိုးမြင့်လာ နေတယ်။
ပြည်တွင်းမှာ မူးယစ်ဆေးဝါးမှု တွေဖမ်းဆီးရရှိမှုပိုမိုများပြားသလို တစ်ဖက်မှာလည်းထုတ်လုပ်မှုပမာဏများ ပြားလာမှု၊ ဖြန့်ဖြူးစီးဆင်းမှု၊ သုံးစွဲမှုတို့ကလည်း တိုင်းနဲ့ပြည်နယ်(၁၄) ခုလုံးဆီအားလုံးပျံ့နှံ့ရောက်ရှိလာနေ တယ်။ မြန်မာနိုင်ငံရှိ အကျဉ်းထောင်ပေါင်း(၄၆)ထောင်နဲ့ အကျဉ်းစခန်း တွေမှာ မူးယစ်ဆေးမှုကျသူ အကျဉ်သားတွေ ပိုမိုများပြားလာနေတယ်။ လူငယ်လူရွယ်တွေကြား မူးယစ်ဆေးဝါးသုံးစွဲ မှု ပိုမိုမြင့်တက်လာသလို ရောင်းဝယ်ဖောက်ကားလို့ ရာဇဝတ်သင့်သူတွေလည်း ပိုမိုများပြားလာနေတယ်။
အထူးသဖြင့်မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု၊ထုတ်လုပ်မှုတို့ဟာ(၂ဝ၁၇)ခုနှစ်မှာ(၂၅)ရာခိုင်နူန်း ထုတ်လုပ်မှုအ နေဖြင့်(၁၄)ရာခိုင်နူန်း ကျဆင်းခဲ့ပေမယ့် ပိုမိုထုတ်လုပ်မှု လွယ်ကူသယ်ယူပို့ ဆောင်မှုပမာဏနှင့် သုံးစွဲမှုပမာဏ ပိုမိုများပြားလာတာကတော့ စိတ်ကြွ ဆေးပြားအခန်းကဏ္ဍပါပဲ။ အရင်တုန်း ကဘိန်းဖြူနှင့် စိတ်ကြွဆေးပြားဟာ ရွှေတြိဂံနယ်မြေနှင့်နယ်စပ်ဒေသတွေ လောက်မှာများပြား ဈေးပေါပြီးသုံးစွဲမှုများတာပါ။ အခုကျတော့ အုပ်ချုပ်ရေး စနစ်လျော့ရဲကာ အကျင့်ပျက်ခြစားမှု တွေပိုမိုများပြားလာတာကြောင့် ပြည် မထိဈေးပေါစွာရောက်ရှိလာပြီး ရန်ကုန်ပါအဝင် မြို့ကြီးပြကြီးတွေမှာ အချိန်မရွေး ဈေးချိုသာပေါများစွာ ဝယ်ယူသုံးစွဲလာနိုင်နေပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရလက် ထက်မှာရန်ကုန်မြို့အတွင်းမင်္ဂလာဒုံ နယ်အတွင်းမှာ ကွန်တိန်နာအပြည့်နဲ့ ပိုင်ရှင်မဲ့စိတ်ကြွဆေးပြားတွေ ဖမ်းဆီး ရခဲ့မှုဖြင့်ကမ္ဘာကျော်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား တွေ အမြောက်အမြားရန်ကုန်တိုင်း အတွင်းဖမ်းဆီးရမိခဲ့ပါတယ်။ သမ္မတဦးထင်ကျော် လက်ထက်မှာလည်း စိတ်ကြွဆေးပြား ရောင်းဝယ်ဖောက် ကားသုံးစွဲမှုနူန်းဟာ မလျော့ကျသွား ဘဲမူးယစ်ဆေးဝါးထိုးသွင်းသုံးစွဲမှုနှင့် စိတ်ကြွဆေးပြားသုံးစွဲမှုဟာ တက္ကသိုလ်ကျောင်းဝင်တွေအထိ ပိုမိုပျံ့နှံ့ ရှောက်ရှိနေတုန်းပါပဲ။
(၂ဝ၁၆)ခုနှစ်လောက်မှာ ကချင်ပြည်နယ်တက္ကသိုလ်ဝင်း မူးယစ်ဆေး ထိုးအပ်တွေတောင်ပုံရာပုံနဲ့ ကျောင်း သားလူငယ်ထုနှင့် ဒေသခံလူငယ်ထုကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုမြင့်တက်လာနေကြောင်း ဒေသခံလွှတ် တော်အမတ်တွေက လွှတ်တော်မှာ တင်ပြခဲ့ပါသေးတယ်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တုန်းကဆိုရင် လည်း ရှမ်းလွှတ်တော်ကိုယ်စားလှယ်တွေက စိတ်ကြွမူးယစ်ဆေးဝါးဟာ ဘိန်းဖြူထက် ပိုမိုဆိုးရွားလာနေပြီး နယ်စပ်ကနေပြည်မကြီးအထိ ပိုမိုခြိမ်းခြောက်လာနေတဲ့ အမျိုးသားရေး အန္တရာယ်တစ်ရပ် ဖြစ်နေပြီလို့ လွှတ် တော်မှာ တင်ပြခဲ့ပါသေးတယ်။
ဒီလိုပဲ ကချင်ပြည်နယ်တစ်ရှုး ငှက်ပျောစိုက်ခင်းတွေ၊ သစ်ခုတ်လုပ်ငန်းတွေမှာဆိုရင်လည်း ဆေးပြားပေး မှအလုပ်လုပ်တဲ့အထိ ဆေးပြားကို လုပ်အားခငွေထက် ပိုမက်သူဆေးရှူ လုပ်သားတွေ ပိုမိုများပြားလာနေပါ တယ်။ ကိုယ်ပိုင်အုပ်ချုပ်ဒေသရှိပအို့ဒေသတွေမှာဆိုရင်လည်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဖြင့် အသက်မွေးဝမ်း ကျောင်းရင်း မူးယစ်ဆေးစွဲသူအမျိုးသားရော၊ အမျိုးသမီးရောပိုမိုများပြား လာနေပါတယ်။ ကယားပြည်နယ်မှာ ဆိုရင် တစ်နိုင်တစ်ပိုင်ဆေးပြားထုတ်လုပ်မှုလေးတွေ ပိုမိုလုပ်ကိုင်လာကြ သလို ဒေသခံလူငယ်ထုအတွင်းလည်း မူးယစ်ဆေးဝါးပိုမိုသုံးစွဲမှုတွေ များပြားလာနေပါတယ်။ နယ်စပ်ဒေသ တွေမှာဆိုရင်လည်း လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံ၊ အာဏာပိုင်အဖွဲ့အစည်း မျိုးစုံကြားထဲကနေပဲ မူးယစ်ဆေးဝါး သယ်ယူထုတ်လုပ်မှုတွေနဲ့ ဒေသခံလူ ငယ်ထုကြား ပိုမိုသုံးစွဲမှုနှုန်းတွေ ပိုမို မြင့်တက်လာနေပါတယ်။
ဒါကြောင့်တလောက (အိန္ဒိယ-မြန်မာ) နိုင်ငံနယ်စပ်တမူးမြို့မှာ နှစ်နိုင်ငံဒေသဆိုင်ရာ အာဏာပိုင်များသိစေ ရန်အတွက် ဒေသခံပြည်သူတွေဟာ မူးယစ်ဆေးဝါး ပပျောက်ရေးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အကြောင်းကတမူးဒေသမှာ မူးယစ်ဆေးဝါးဟာ ဈေးအလွန်ပေါများစွာ ရရှိနေပြီး တမူး ဒေသခံလူငယ်တွေ အတော်များများဟာ မူးယစ်ဆေးဝါးနွံထဲနစ်သထက် နှစ်လာနေလို့ပါပဲ။ တချို့ရွာတွေဆိုရင် မူးယစ်ဆေးဝါးသုံးစွဲမှုနူန်းဟာ လူငယ်ထုအတွင်း (၇ဝ)ရာခိုင်နူန်း၊ (၈ဝ)ရာခိုင်နူန်းလောက်ရှိလာနေတယ်။ ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ပြည်နယ်နယ်စပ်မှာလည်း စိတ်ကြွ မူးယစ်ဆေးဝါးစီးဆင်းမှု ကြောက်ခမန်းလိလိပါပဲ။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဌာနကနေ သဘောတူ စာချုပ်ဖြင့်ဌားရမ်းလုပ်ဆောင်ထား တဲ့ အေရှားဝေါကုမ္ပဏီပိုင် ရန်ကုန်ဆိပ်ကမ်းကနေ မလေးရှားနိုင်ငံဆီ သင်္ဘောဖြင့် ပို့လိုက်တဲ့ ကွန်တိန်နာထဲမှာ ဒေါ်လာ(၁၈)သန်းတန် စံချိန်တင် ခရစ်စတယ်မက်သာ ဖက်တမင်းမူးယစ်ဆေး ဝါးတွေပါလာမှုဟာ ဟိုးလေးတကြော်ကြော်ထွက်ပေါ်လာနေပါတယ်။ ဒီစံချိန် တင်မူးယစ်ဆေးဝါးတွေကို အေရှားဝေါ ကုမ္ပဏီပိုင် ရန်ကုန်ဆိပ်ကမ်းကနေ လက်ဖက်ခြောက်ထုပ်တွေနဲ့ရောပြီး မလေးရှားနိုင်ငံဆိပ်ကမ်းဆီတင်ပို့ လိုက်တာပါ။
ဒီလိုမျိုးကွန်တိန်နာ အလုံးလိုက် ဖြစ်တင်ပို့နိုင်ဖို့ဆိုတာ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးမှု ဂိုဏ်းအဖွဲ့သဏ္ဍန် ရှိမှသာလုပ်ဆောင်နိုင်တာမို့ မြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့အတွင်း အကောက်ခွန်၊ ဆိပ်ကမ်းအာ ဏာပိုင်၊ ဆိပ်ကမ်းရဲ စသဖြင့် အာဏာပိုင်ရပ်ဝန်းကို ခါးပိုက်ဆောင်ထဲထည့် ထားနိုင်တဲ့ ရေကြောင်းကုန်စည်သယ် ယူပို့ဆောင်မှုလုပ်ငန်းတွေနဲ့ ဆက်နွယ်နေနိုင်သော စီးပွားရေးလုပ်ငန်းရှင် တွေသာ ပါဝင်ပတ်သက်နေမှုရှိနေမယ် လို့ယူဆစရာရှိလာနေပါတယ်။
အကြောင်းက ရပ်ထဲရွာထဲပါချီပါချက်မူးယစ်ဆေးပြားဆယ်၊ ရာ၊ ထောင်ဂဏန်းလောက်သယ်ယူပေးသူတွေ ဆိုင်ကယ်နောက်ဖုံး၊ ကားအတွင်းမှာပါ ချီပါချက်အရေအတွက်လောက်ကို သယ်ဆောင်လာသူတွေ ဝင်တိုးနိုင် တဲ့ဈေးကွက်နှင့် ကုန်သွယ်မှုလမ်း ကြောင်းမျိုးမဟုတ်လို့ပါပဲ။ ဒီစံချိန် တင်တဲ့စိတ်ကြွ ဓာတုဆေးပြားတွေနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံဘက်ကတော့ ဒါဟာနှစ်နိုင်ငံကြားမူးယစ် ဂိုဏ်းဖွဲ့လုပ်ဆောင်မှုလို့ အတိအလင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကတော့စုံးစမ်းမှုတွေလုပ်နေတယ်လို့ ပဲအကြောင်းပြန်ပါတယ်။
ဆိပ်ကမ်း အာဏာပိုင်ဝန်ထမ်းတွေ၊ ဆိပ်ကမ်းပို့ကုန်သွင်းကုန် ဆိုင်ရာ အကောက်အခွန်ဝန်ထမ်းတွေကိုတော့ ဖမ်းဆီးစစ်ဆေးနေတာကို မကြားသိရသေးသလို၊ အဲ့ဒီကွန်တိန်နာကို လက်ခံတဲ့ရေကြောင်း ကုန်စည်ပို့ ဆောင်ရေးကုမ္ပဏီ အဲ့ဒီကွန်တိန်နာကို သယ်ယူတင်ခွင့်ပြုတဲ့သဘောၤ ကုမ္ပဏီကိုလည်း စုံစမ်းစစ်ဆေးနေ တယ်လို့မကြားမိသေးပါဘူး။ မလေးရှားတွင်ဖမ်းဆီးမိသော ဒေါ်လာ(၁၈)သန်းတန်(၁ဒဿမ၂)တန်ဖိုးရှိ ခရစ်စ တယ် မက်သာဖီတမင်းတွေနဲ့ အကြောင်း ဆက်စပ်လို့ မရလောက်အောင် ဝေးကွားလွန်းတဲ့ ရန်ကုန်တိုင်းပုဇွန် တောင်မြို့နယ်(၅၃)လမ်းအမှတ် (၂၂၊၂၄)ရှိ မွတ်ဆလင်လူမျိုးကို ဝင်ဖမ်းတယ်ဆိုတဲ့သတင်းနှင့် အဲ့ဒီအိမ်က မွတ်ဆလင်အမျိုးသားက ထွက်ပြေးနေတဲ့ ဆိုတဲ့သတင်းထွက်ပေါ်လာနေပါတယ်။
အထက်မှာ တင်ပြခဲ့သလိုကွန်တိန်နာအတွင်း ပါဝင်နေသောကုန်ပစ္စည်းတွေဟာ ဥပဒေနဲ့မလွတ်ကင်း သောကုန်ပစ္စည်းဟုတ်၊ မဟုတ်ဆိုတာ သေချာကျနစွာ မစစ်ဆေးနိုင်တဲ့ရန်ကုန် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဝန်ထမ်း၊ ဆိပ်ကမ်းအကောက်ခွန်ဝန်ထမ်း၊ တင်ပို့ခွင့်ပြုတဲ့ ရေကြောင်းကုန်စည်ပို့ ဆောင်ရေးကုမ္ပဏီ၊ သင်္ဘောဖြင့် သယ်ယူခွင့်ပြုတဲ့ သင်္ဘောကုမ္ပဏီ အသီးသီးတို့ကို မီးခိုးကြွက်လျှောက် ကွင်းဆက်စုံစမ်းစစ်ဆေးခြင်းကိုတော့ ပြည်ထဲရေးဌာနလက်အောက်ခံ မြန်မာနိုင်ငံမူးယစ် အထူးစုံးစမ်းရေးအဖွဲ့က စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေ တာတွေကို လုံးလုံးမကြားသိရပါဘူး။
မြို့ကြီးပြကြီးမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသုံးစွဲမှုဟာ မြင့်တက်လာနေသလို အုပ်ချုပ်ရေးစနစ် ဟာဘယ်လောက်တောင် ညံ့ဖျင်းဆိုးရွားနေသလဲဆိုတာကို ပြသတဲ့အချက်ကတော့၊ မန္တလေးတိုင်းပုသိမ်ကြီးမြို့ နယ်ဇီးအုပ်ကျေးရွာအတွင်း မူးယစ် ဆေးဝါးသုံးစွဲနေတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဦးဆောင်ပြီး ခရိုင်၊ မြို့နယ်အလိုက်ရဲတပ်ဖွဲ့အသီး သီးလုံခြုံရေးအင်အားဖြင့် ကျော်ဇောသ တင်းရှိနေအိမ်(၂၃)လုံးကိုဖျက်ဆီးခဲ့ပြီး ရှစ်ဦးဖမ်းဆီးခဲ့ခြင်းပါပဲ။
ဒီလိုလူမှုကွန်ရက်မှာ ပေါ်ပေါ် တင်တင်သာ မရောက်လာခဲ့ဘူးဆိုရင် လိုင်းကြေးယူပြီးမသိချင်ယောင် ဆောင်နေတဲ့မန္တလေးနယ်မြေအပိုင် ရဲတပ်ဖွဲ့လက်အောက်မှာ မန္တလေး တိုင်းအတွင်း မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားမှုတွေနဲ့ လူငယ်ထုကြား မူးယစ်ဆေးဝါးသုံးစွဲမှုတွေပိုမို မြင့်တက်လာကာ မူးယစ်ဆေးဝါး နောက်ဆက်တွဲ ဆူပူးရမ်းကားလုယက်၊ ဓားခုတ်မှုတွေဟာ ဒီထက်မကများ ပြားလာနေ မယ့်အနေအထားရောက်ဖို့ ရှိနေပါတယ်။
အခုဆိုရင်လည်းမူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်သုံးစွဲမှုနူန်းဟာ တိုင်းနဲ့ ပြည်နယ်(၁၄)ခုအတွင်း မြင့် မားလာနေသလို၊ မူးယစ်ဆေးဝါးမှ တစ်ဆင့် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါဖြစ်ပွားမှုနူန်းဟာလည်း အလျင်အမြန် ပြန်လည်မြင့်တက်လာနေပါ တယ်။ ဒါကြောင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးပြဿနာရဲ့ အရင်းအခံရေခံမြေခံဇာစ်မြစ်တွေဖြစ်တဲ့ စိုက်ပျိုးမှု ပြဿနာ၊ ထုတ်လုပ်မှုပြဿနာ၊ သယ် ဆောင်ရောင်းဝယ်မှုပြဿနာ၊ သုံးစွဲမှု ပြဿနာလေးရပ်ကို လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး၊ ကောင်းမွန်ထိရောက် သောအုပ်ချုပ်ရေးတို့နဲ့ ဘက်စုံအလေးထား အရေးတကြီးအလျင်အမြန် အား ထုတ်ဖြေရှင်းသင့်နေပါတယ်။
အထူးသဖြင့် လက်လီသယ်ယူပို့ ဆောင်ပေးနေသူတွေကို ဖမ်းဆီး ထောင်ချ အရေးယူဆောင်ရွက်နေ ခြင်းထက် အဓိကထုတ်လုပ်ဖြန့်ဖြူး သိုလှောင်တဲ့လက်ကြီး မူးယစ်ရာဇာ တွေအဲ့ဒီလိုလက်ကြီး မူးယစ်ရာဇာ တွေကိုအာဏာအလွဲသုံးစား အကျင့်ပျက်ခြစားပြီး ကင်းလွတ်လုပ်ပိုင်ခွင့်ပြု နေတဲ့(အရပ်ဘက်-စစ်ဘက်)အာဏာ ပိုင်ရပ်ဝန်းက အာဏာပိုင်လူတန်းစား တွေကိုထိရောက်ပြတ်သားသော အ ရေးယူဆောင်ရွက်မှုတွေ ကြီးမားသော ပြစ်ဒဏ် (ဥပမာ မလေးရှား၊တရုတ် နိုင်ငံတွေမှာ လုပ်သလိုသေဒဏ်) ချ မှတ်ဆောင်ရွက်ဖို့ မဖြစ်မနေအရေး တကြီးအလျင်အမြန် လိုအပ်နေပြီ လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါ တယ်။
သီဟနာဒ

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်