Featured Video Play Icon

Politics Platform (Part 5)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီ (Union Solidarity and Development Party) ကို ၂၀၁၀ ခုနှစ် ၅လပိုင်းမှာ ပါတီတည်ထောင်ခဲ့ပါတယ်။ ၂၀၁ဝခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ်နေရာ အများဆုံး အနိုင်ရရှိခဲ့ပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ ဒုတိယ မဲဆန္ဒနယ်အများဆုံး အနိုင်ရရှိခဲ့ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီ က ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့်အခြေအနေ၊ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ပါတီကထောက်ပံ့ပေးမယ့် အခြေအနေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ်သဘောထားအမြင်နဲ့ ရခိုင်ပြည်နယ်အရေးဆောင်ရွက်မှုအပေါ်သုံးသပ်ချက်တွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဒေါ်အေးမင်းမိုး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီမှ ကော်မတီဝင် ဦးခင်မောင်တင့် နဲ့ ဒေါက်တာကျော်စိုး တို့ကို Unity ရုပ်သံ သတင်းထောက် မေရည်ငြိမ်းချမ်း က တွေ့ဆုံမေးမြန်းထားပါတယ်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်