လယ်ယာခွင်လုပ်သားခများ စျေးနှုန်းမြင့်တက်လာခြင်းကြောင့် မကွေးမြို့နယ်ရှိတောင်သူများ အခက်တွေ့

ယခုနှစ်မြေပဲစိုက်ရာသီတွင် လယ်ယာခွင် လုပ်သားခများ စျေးနှုန်းမြင့်တက်လာသဖြင့် မကွေးမြို့နယ်အတွင်းရှိတောင်သူများ အခက်အခဲဖြစ်ပေါ်လျှက်ရှိကြောင်း ကံလှကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူဦးလှသောင်းက ပြောပြသည်။
ရာသီဥတုဖောက်ပြန်သဖြင့်ပဲအထွက်နှုန်းများလျော့ကျခြင်း၊လုပ်သားခများစျေးမြင့်တက်လာခြင်းကြောင့်တောင်သူအများစုမှာနှစ်စဉ်အရှုံးပေါ်နေပါတယ်။” တောင်သူတော်တော်များများက ရှုံးတာများတယ်။ လုပ်သားငှားခက တစ်ရက်ကို ၅ထောင်/၆ထောင် ပေးရတယ်။ သူတို့အနေနဲ့လည်းမိသားစုစားဝတ်နေရေးအတွက်အဆင်မပြေကြဘူး။ နှစ်ဖက်လုံး သိပ်မကိုက်ကြဘူး “ ဟု ဦးလှသောင်းက ဆက်လက်ပြောပြသည်။ မကွေးမြို့နယ်အတွင့်ရှိတောင်သူအများစုမှာလယ်ယာမြေလုပ်ငန်းခွင်အရှုံးပေါ်ပြီးလုပ်သားခများမခံနိုင်သဖြင့်ယာမြေများအားရောင်းချလျှက်ရှိကြောင်းတောင်သူများထံမှသိရသည်။ မနက်(၆)နာရီကနေ(၁၀)နာရီထိ၂၅ဝဝကျပ်ဘဲရတာ။ မကိုက်ဘူး။ မကိုက်လည်းလုပ်ရတာ ယာခင်းရှင်ကမပေးလို့၊ နောက်နေ့ ဒီမှာမလုပ်တော့ဘူး။ကိုယ့်ရွာဘက်ဘဲလုပ်တော့မယ်” ဟု စမ်းကန်ကျေးရွာမှ ဒေါ်ထွေးယဉ်က ပြောပြသည်။
လုပ်သားများအနေဖြင့်လည်း ယာမြေလုပ်ငန်းခွင်များသို့လာရောက်ရန် ခရီးဝေးသဖြင့်သုံးဘီးအစရှိသည့်ယာဉ်များ ဌားကာလာကြရာတွင် ခရီးစရိတ်များကုန်ကျသဖြင့်လုပ်အားခ ၂၅ဝဝကျပ်မှာ မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေ ကြောင်းဒေါ်ထွေးယဉ်ကဆက်လက်ပြောပြသည်။
ထိုကဲသို့လုပ်သားများရှားပါးပြီးလုပ်အားခများမြင့်တက်လာခြင်းမှာ မကွေးမြို့နယ်အတွင့်ရှိ လူငယ်အများစုက ထိုင်း၊ မလေးရှားနှင့်တရုတ်နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေခြင်းနှင့် လယ်ယာလုပ်ငန်းခွင်တွင်အသုံးပြုသည့်နွားများအား တရုတ်နိုင်ငံသို့ တင်ပို့နေသည့်အတွက်ဖြစ်ကြောင်း မကြီးကန်ကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူ ကိုနိုင်က ပြောပြသည်။
” တောင်သူတွေမှာ လုပ်သားရှားပါးမှုတွေ တွေ့နေရတယ်။ ဒီအချိန်မှာ စက်မှုလယ်ယာဦးစီးဌာနကနေ အသေးစားတွေဖြေရှင်းပေးနိုင်ရင်ကောင်းတာပေါ့။ ပဲစိုက်စက်ဆိုရင်လည်း အစိုးရဆီမှာရှိတယ်၊ တောင်သူတွေကိုချပေးလို့လည်း မသုံးတတ်ဘူး။ တောင်သူတွေကို နည်းပညာတွေနဲ့ သင်တန်းတွေပေးဖို့ လိုတယ်” ဟု ၄င်းက ပြောပြသည်။
ဇော်မိုးထွန်း(မကွေး)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်