Featured Video Play Icon

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကိုသတင်းစာရှင်းလင်းပွဲ(၄)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကို ဇွန်လ ၂၃ရက်နဲ့ ၂၄ရက်တွေမှာ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိMCC ခန်းမ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီညီလာခံသို့ ပြည်နယ်နဲ့တိုင်းအသီးသီးမှ NLD ဗဟိုအလုပ်အမှုဆောင်တွေ၊ အရန်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ဗဟိုကော်မတီဝင်တွေနဲ့ ညီလာခံ ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၂ဝဝကျော် တက်ရောက်ခဲ့ကြပါတယ်။ ဇွန်လ ၂၄ရက် ညနေပိုင်းမှာတော့ NLD ပါတီမှ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတွေကို သတင်းမီဒီယာဘက်က မေးခွန်းတွေ မေးမြန်းခဲ့ကြပါတယ်။ အဓိက အနေနဲ့ NLD ပါတီက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်ပြောပြီး တပ်မတော်ကလည်း ကာကွယ်မယ်ပြောထားတော့ ဘယ်အချိန်မှာပြင်ဆင်နိုင်မလဲ။ ပါတီက ထုတ်ပယ်ထားတဲ့ သူတွေ ပါတီမှာ ပြန်လည်တာဝန်ယူဆောင်ရွက်တဲ့အပေါ်အမြင် ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မရှိတာက ဒီမိုကရေစီလမ်းကြောင်းကို နောက်ပြန်သွားနေတယ်လို့ ယူဆကြတဲ့အပေါ်အမြင် သုံးသပ်ချက် စတဲ့ အကြောင်းအရာတွေကို NLD ပါတီက ဖြေကြားပေးခဲ့တာပါ။ ဒီသတင်းကိုတော့ ယူနတီသတင်းထောက် မေရည်ငြိမ်းချမ်းက ရိုက်ကူးတင်ဆက်ထားတာပါ။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်