သင့်ဘဝကို တိုတောင်းစေမယ့် သင့်ရဲ့ သတိလက်လွတ်အပြုအမှု သုံးမျိုး

ဘယ်အချိန်တွေမှာစားသလဲ၊ တီဗွီကို ဘယ်လိုကြည့်သလဲ၊ နောက် နေ့စဉ်ပြုမူနေကျ တစ်ကိုယ်ရည်ကျန်းမာရေးအလေ့အကျင့်များက ဘာမှအရေးမကြီးဘူးလို့ ထင်စရာရှိပေမယ့် ဒါတွေက တကယ်တော့ သင့်ဘဝကို တိုတောင်းစေနိုင်ပါတယ်။

ညလယ်အချိန် သွားရေစာစားခြင်း

ညဘက်အချိန် အာသာပြေစားသုံးနေကျ အချိုတို့၊ အငံတို့ဟာ သင့်ရဲ့နှလုံးရောဂါနှင့်ဆီးချိုရောဂါ ဖြစ်နိုင်ချေကို တိုးပွားစေနိုင် တယ်လို့ မက္ကစီကိုမြို့မှ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္က သိုလ်ရဲ့ လေ့လာမှုတစ်ခုကဆိုပါတယ်။ ” အဲ့ဒီအလေ့အကျင့်က ဆီးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နို်င်ချေကို မြင့်တက်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ညစာစားပြီးနောက် သွေးထဲမှာ ွှမငါ-ူပခနမငိနျ လို့ခေါ်တဲ့ အဆီဓာတ်တွေကမြင့်မားနေတာကြောင့် ပဲဖြစ်ပါတယ်” လို့ အဆိုပါလေ့လာမှုရေးသားသူ ဖြစ်တဲ့ ဒေါက်တာ ရုဒ်ဘုဂျ်က ဆိုပါတယ်။ ” ွှမငါူပ ခနမငိနျ ဆိုတာ အဆီများသော တစ်ရှုးများစုပြုံနေတဲ့ အန္တရာယ်များတဲ့ သွေးတွင်းအဆီတစ်မျိုးပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ဝမ်းဗိုက်သားတစ်ဝိုက်မှာ ရှိနေတတ်ပြီး အလွယ်တကူဖယ်ရှားပစ်ဖို့ခက်ခဲတဲ့အရာပါ” လို့ ဒေါက်တာက ရှင်းပြပါတယ်။ ” အကောင်းဆုံးကတော့ ညဘက်မှာ အစာစားခြင်းကို နည်းနိုင်သမျှနည်းအောင် စားတာပေါ့။ ပြီးတော့ ညစာစားချိန်နဲ့ နောက်တစ်ထပ် တစ်ကြိမ်စားမယ့် အချိန်ကို ဆယ့်တစ်နာရီကနေ ဆယ့်နှစ်နာရီခန့်ခြား ပြီးတော့ စားတာအကောင်း ဆုံးပါပဲ” လို့ ဒေါက်တာရုဒ်က ဆိုပါတယ်။

ရုပ့်မင်သံကြားအစီအစဉ်မျိုးစုံကို စောင့်ကြည့်တတ်သော အလေ့အကျင့်

ထူးဆန်းသောအရာများသည် ထူးဆန်းစွာဆွဲဆောင်တတ် သည်ဆိုတဲ့ စကားပုံကိုလက်ခံပါတယ်။ ဒါပေမဲ့ ညဘက်ညဉ့်နက် သည်ထိအောင် ရုပ်မြင်သံကြားအစီအစဉ်တွေကို စောင့်ကြည့်တာ ဒါမှမဟုတ် နြအင်ငထ တို့လိုဒါမှမဟုတ် တခြားတစ်နေရာက ဆွဲဆောင် မှုရှိတဲ့ ဏမသါမော တွေကို မပြတ်စောင့်နေတာမျိုးက သင့်ရဲ့အဖိုးတန် အိပ်ချိန်တွေကို တိတ်တဆိတ်ခိုးယူနေတာပဲ ဖြစ်ပါတယ်။ လေ့လာမှု အသစ်တစ်ခုမှာ ရုပ်သံအစီအစဉ်တွေကို စောင့်ကြည့်လေ့ရှိတဲ့ လူငယ်တော်တော်များများဟာ ပိုပြီးပင်ပန်းခြင်း၊ အိပ်မပျော်သော လက္ခဏာတွေ ခဏခဏပြလာခြင်း၊ အရည်အသွေးမပြည့်ဝတဲ့ အိပ် စက်ခြင်းနဲ့အိပ်မပျော်ခင် အလွန်အမင်း နိုးကြားနေခြင်းတို့ကို ခံစား နေရကြောင်းတွေ့ရှိခဲ့ပါတယ်။ ထိုရုပ်သံဇာတ်လမ်းစွဲနေသူများဟာ ရုပ်သံကြည့်လေ့မရှိသူများထက်စာလျှင် အရည်အသွေးမပြည့်မီတဲ့ အိပ်စက်ခြင်းနဲ့ အိပ်စက်ရနိုင်ချေ ၉ဝ ရာခိုင်နှုန်းပိုမိုများပြားကြောင်း လေ့လာမှုက ဖော်ပြနေပါတယ်။ ” တစ်ညတာလောက် အိပ်ရေးပျက်ခြင်းကပင် ကားတိုက်ခြင်း တစ်ခုခုမှာ ပါဝင်ခဲ့ရသလို၊ ဒါမှမဟုတ် အလုပ်ထဲကမတော်တဆမှု တစ်ခုခုမှာ ပါဝင်ခဲ့ရသလို နေ့ခင်းဘက်အလွန့်အကျွံ အိပ်စက်စေ ခြင်းကို ဖြစ်ပေါ်စေပါတယ်” လို့ အမေရိကန် အိပ်စက်ခြင်းဆေးပညာ အကယ်ဒမီရဲ့ ဥက္ကဋ္ဌနှင့် ဖယ်လ်ဒဲဖီးယားမှ ပန်ဆယ်ဗေးနီးယား တက္ကသိုလ် ပယ်ရယ်မန်ဆေးပညာကျောင်းမှ လက်တွေ့ဆေး ပညာပါမောက္ခဖြစ်သူ အေလီနင် အမ်ရိုးဇင်က ပြောသည်။ ” တစ်ညလုံး အိပ်ရေးပျက်ထားသူတစ်ယောက်ရဲ ့ လုပ်ဆောင်နိုင်စွမ်းဟာ မူးယစ်သောက်စားထား သူတစ်ယောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ အတူတူပါပဲ။ ဆိုတော့ရုပ်သံဇာတ်လမ်းစွဲနေသူတွေကို ရုပ်သံဆက်ကြည့်ဖို့ အားပေး အားမြှောက်လုပ်တာဟာ အမူးသမားတစ်ယောက် ကို မူးမူးနဲ့ကားမောင်းဖို့ အားပေးနေသလိုပါပဲ” လို့ သူမက ပြောပါတယ်။

စုံတွဲတွေ အိပ်ရာဝင်ရင် ‘္လါတွေံလိုတယ်

” လုံခြုံမှုမရှိဘဲ လိင်ဆက်ဆံတတ်သော အလေ့အကျင့်က သင့်ကိုသေစေနိုင် သည်အထိ သို့မဟုတ် သွေးပျက်ထိတ်လန့်စရာ အလဲအလှယ်မျိုးနဲ့ သင့်ရဲ့ ကျန်းမာရေးကို အလဲအလှယ် လုပ်ရနိုင်သည်အထိ ဖြစ်စေမှာပါ” လို့ စဖီးယား အမျိုးသမီး ကျန်းမာရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့်မန်နေဂျင်း ဒါရိုက်တာ ဒေါန်နီကာ အယ်လ်မူးရ်က ဆိုပါတယ်။ ” ံှုဠ။ ဗှီုှ ကို သေဒဏ်တစ်ခုအဖြစ် မမှတ်ယူကြတော့ ဘူးဆိုပေမယ့် အခြားကျန်းမာရေးပြဿနာတွေကတော့ ဖြစ်စေနိုင်ပါသေးတယ်။ သင့်ရဲ့ကျန်းမာရေးနဲ့ သင့်ဘဝသက်တမ်းတစ်လျှောက် အန္တရာယ်ကြီး ကြီးမားမား ဖြစ်စေနိုင်ပါသေးတယ်။ ဒါ့အပြင် တခြားလိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါတွေလည်း ကျန်ရှိနေပါသေးတယ်။ အသည်းရောင် အသားဝါလိုဟာမျိုးတွေပေါ့။ အကောင်းဆုံးကတော့ ကိုယ့်ဘဝတစ်ခုလုံး ယုံကြည်စိတ်ချရမယ့် အိမ်သူသက်ထား ဇနီးမယားနဲ့ မဟုတ်ဘူးဆိုရင် အကာအကွယ် ကွန်ဒုံးသုံးဖို့ပါပဲ” ဟု သူမက အကြံပေးထားပါတယ်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်