မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကျောင်းသား(၃) ဦးက ကျောင်းအတွင်း ဆိုင်ကယ်များပျောက်ဆုံးနေသည့့်ကိစ္စများ တာဝန်ယူဖြေရှင်းပေးနိုင်ရေး တောင်းဆိုဆန္ဒထုတ်ဖော်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းရှိ မန္တလေးတက္ကသိုလ်ပင်မဆောင်ရှေ့တွင် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကျောင်းသား (၃) ဦးက ကျောင်းဝင်းအတွင်း ဆိုင်ကယ်များ မကြာခဏပျောက်ဆုံးနေမှုများနှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းပေးနိုင်ရေး တောင်းဆိုဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည် ။
ယင်း မန္တလေးတက္ကသိုလ်ကျောင်း သားများသမဂ္ဂအဖွဲ့ဝင်ကျောင်းသား (၃) ဦးက မန္တလေးတက္ကသိုလ်ကျောင်းသား ကျောင်းသူများငြိမ်းချမ်းစွာပညာသင်ကြားနိုင်ရေး အာမခံချက် အပြည်အဝပေးနိုင်မည့်လုံခြုံရေးစီမံချက်ပေါ်ထွန်းလာရေး နစ်နာသူများအတွက် တာဝန်ယူဖြေရှင်းပေးရေးစသည် တောင်းဆိုချက် ၃ ချက်တို့ကိုတောင်းဆိုဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည် ။
အဆိုပါ ဆန္ဒထုတ်ဖော်ခဲ့မှု ပြုလုပ်ခဲ့သည့် ကျောင်းသား ၃ ဦးအား မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်က ရုံခန်းသို့ခေါ်ဆောင်ကာညှိနိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည် ။
ကေဝိုင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်