Featured Video Play Icon

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ အဖွဲ့ချုပ်) မှ ယာယီဥက္ကဌ ကိုဇော်လင်းထွဋ်

၅၆ နှစ်မြောက် ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ်အခမ်းအနားကို ဇူလိုင် ရရက် မနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ မျက်ခင်းပြင်မှာပြုလုပ်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင် ရ ရက်နေ့ကို အောက်မေ့သတိရတဲ့ အထိမ်းအမှတ်အနေနဲ့ ဇူလိုင် ရရက် က ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ်နဲ ့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့တို့ စုပေါင်းပြီး ပြည်လမ်း စိုက်ပျိုးရေးမှတ်တိုင်ကနေ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ဗိုလ်အောင်ကျော် အမှတ်တရကျောက်တိုင်ဆီ ချီတက် အလေးပြုခဲ့ကြတာဖြစ်ပါတယ်။ ဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ အဖွဲ့ချုပ်) မှ ယာယီဥက္ကဌ ကိုဇော်လင်းထွဋ် ကလည်း ဆဲဗင်းဇူလိုင် အခမ်းအနားတက်ရောက်ဖြစ်ခဲ့ပုံ၊ ဆဲဗင်းဇူလိုင်ကို ယနေ့ခေတ်ကျောင်းသားများမသိရှိသည့်အပေါ်အမြင်သုံးသပ်ချက်၊ ဆဲဗင်းဇူလိုင် လက်ကမ်းစာစောင်တွေ စတစ်ကာတွေ လိုက်လံကပ်ရာမှာ ဖြစ်ပေါ်ခဲ့တဲ့ အခက်အခဲတွေကို Unity ရုပ်သံသို့ ယခုလို ဖြေကြားပေးခဲ့ပါတယ်။ ဒီသတင်းကိုတော့ ယူနတီရုပ်သံသတင်းထောက် မေရည်ငြိမ်းချမ်း က ရိုက်ကူးတင်ဆက်ပေးထားတာပါ။

9Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်