ဖျာပုံမြို့နယ်၊ ကျုံကျိုက်ကျေးရွာရှိ အတင်းအဓမ္မဆောက်လုပ်ထားသော သုသာန်(အသစ်)အား အမြန်ဆုံးဖယ်ရှားပေးနိုင်ရေးအတွက် ကျေးရွာလူထုမှ ဆန္ဒထုတ်ဖော်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံ ကျိုက်ကျေးရွာအုပ်စု၊ ကျုံကျိုက်ကျေးရွာရှိ ကျေးရွာသူ/သား(၅၀၀)ဦးမှ ကျုံကျိုက်ကျေးရွာအုပ်ချုပ်ရေးမှူး ရွေး ချယ်ထားပြီးဖြစ်၍ အမြန်ဆုံးတာဝန်ပေးရေးနှင့် ကျေးရွာ လူထုမှ ကန့်ကွက်ထားသော ဥပဒေနှင့်မညီညွတ်သည့် အတင်အဓမ္မဆောက်လုပ်ထားသော သုသာန်(အသစ်) အား အမြန်ဆုံးဖယ်ရှားပေးနိုင်ရေးအတွက် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၁၀ရက် နေ့လည် ၁၁းဝဝနာရီအချိန်တွင် ဖျာ ပုံမြို့၌ ငြိမ်ချမ်းစွာစီတန်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ သည်။
ဆန္ဒထုတ်ဖော်ရခြင်းနှင့်ပတ်သတ်၍ ဦးတေဇာလွင်မှ ” အခုဆိုဒါဟာနှစ်ကြိမ်မြှောက်ဖြစ်ပါတယ်။ ဥပဒေကိုလက်တစ်လုံးခြား အပေါ်ဖားအောက်ဖိလုပ်နေတဲ့ လူကြီးတွေကို အလိုမရှိဘူး၊ မြို့နယ်ကထိရောက်တဲ့အရေးယူမှု ၊ ဖြေရှင်းမှုမရှိဘူး၊ တိုင်စာခြင်းတောင်ကျွန်တော်တို့တိုင်စာက ဘာကြောင့် မထိရောက်တာလဲ၊ ဘယ်လိုစာရွက်တွေပေါ်ရေးပြီးတိုင်ရမှာလဲ။ ၂၀၁၈ခုနှစ်၊ ၁၀ရက်၊ ၆လ မှာ အပြီးရွေးဖို့စာထုတ်ပေးတယ်၊ ခိုးကြောင်ခိုးဝှက်ရွေး ခဲ့တာမဟုတ်ဘူး။ အတင်းအလင်းမထုတ်ပြန်ခဲ့ဘူး။ ၁ရက် ဇူလိုင်လမှာ ရွာကိုလာပြီ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ကိုယ်စားလှယ်အတွေ့ အကြုံရှင်းလင်းပွဲမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက အတည်မပြုပါဘူး။ ကြီးကြပ်ရေးမှူးကအစပြန်ရွေးရ မယ်လို့ပြောခဲ့ပါတယ်။ ဘယ်လိုမှလက်မခံပါဘူး။ တစ်ဖက်သတ်ကြီးဖြစ်နေပါတယ် လက်မခံနိုင်ပါဘူး။” ဟုဆိုသည်။


ထို့နောက် အမှတ်(၈)ရပ်ကွက် BOC ၆ လမ်းထိပ်တွင် ဒေသအာဏာပိုင်များသတ်မှတ်ထားသော ဟစ်တိုင်တွင် ဦးတေဇာလွင်မှ ” ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေကတစ်နိုင်ငံလုံးအတွက်ရေးဆွဲထားတာဖြစ်မှာပါ။ ကျုံကျိုက်ကျေးရွာကို ဘယ်လိုဥပဒေနဲ့လုပ်ပါလို့ခွဲထားတာမဖြစ်နိုင်ပါဘူး။ ခရိုင်တွေ တိုင်းတွေကညွှန်ကြားချက်တွေထုတ်တာ ကျွန်တော်မတွေ့မိဘူး။ ကျွန်တော်တို့မလိုက်နာရင် ကျွန်တော်တို့အပြစ် ရာထူးကြီးကြီးကိုယူထားတဲ့သူတွေက ဥပဒေကို ကျွန်တော်တို့ထက် လေးစားလိုက်နာရမှာမဟုတ်ဘူးလား။ နောက်တစ်ခုက သုသာန်မြေနေရာကို ၂၀၁၆ခုနှစ်စပြီး ကန့်ကွက်ခဲ့တယ်၊ မပို့ရသေးတာဆိုလို့ အမျိုးသမီးရေးရာ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးနဲ့မီးသတ်တပ်ဖွဲ့ဘဲ ကျန်တော့တယ်။ နောက်ပိတ်ဆုံး သမ္မတရုံးက ပြန်လည်စီစစ်ပေးပါ့မယ်လို့ပြန်ကျလာခဲ့တယ်၊ စာပဲကျတာ ဆက်လုပ်နေတာ သူတို့မှာ ဘယ်လိုအားကိုးတွေရှိနေတာလဲ၊ လယ်ယာမြေကို အခြားသုံးစွဲခွင့် လျှောက်ရမယ်၊ လယ ၃၉လျှောက်ရမယ် ကျသွားရင်လုပ်လိုက်ပါ။ ခွင့်ပြုမိန့်လဲ မကျသေးဘူး အားချင်းသုသာန်ကို လယ်ယာမြေဝယ်ပြီးလာဆောက်တယ်။ အကုန်လုံးဆောက်ထားပြီးမှ ကန့်ကွက်နိုင်ပါသည်စာကို ၈ ရက် ၆လပိုင်းကထုတ်တယ် ၂၂ရက်နေ့ နောက်ဆုံးကန့်ကွက်ရမယ်လို့ စာထဲပါတယ်။ ဒီစာကို လွှတ်တော်ကိုယ်စားလှယ်တွေလာတဲ့ ရလပိုင်း ၁ရက်နေ့မှ ကြောငြာဘုတ်မှာ ကပ်သွားတယ်။ ဘယ်လိုကန့်ကွက်မလဲ ဘာလို့ထိန်းချန်ထားတာလဲ။ ကန့်ကွက်ထား တဲ့ကြားက ကြိုတင်ခွင့်ပြုမိန့် ၂၀၁၆ခုနှစ်ထဲက စာတွေ ထွက်လာတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလဲ တိုင်စာအသီးသီးပို့ထားတယ်၊ လွှတ်တော်ရန်ပုံငွေ သိန်း၅၀ကျပ်နဲ့ တည်ဆောက်သည်ဆိုတဲ့ ဆိုင်းဘုတ်ကြီးနဲ့ အတည်အလင်းထောင်ပြီး ဆောင်ရွက်တယ် ” လို့ဖြေကြားပေးခဲ့သည်။ ထို့နောက် ကျုံကျိုက်ကျေးရွာမှ ဦးစိုးနိုင်မှလည်း ” ကျေးရွာပြည်သူတွေကို တိုင်ပင်မှုမရှိပဲ သုသာန်အသစ်ကို ခြံစည်းရိုးခတ်တယ်၊ လမ်းဖောက်တယ် အဲအချိန်မှာ မြေစာရင်းလဲပါခဲ့တယ်။ တစ်ဖက်သတ်လုပ်ဆောင်ခဲ့တာပါ။ ၁၇.၉.၂၀၁၆ခုနှစ်မှာ မြေ စာရင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး များထံ ကန့်ကွက်လွှာတင်ခဲ့တယ်။ ထိရောက်တဲ့လုပ်ဆောင်ချက်မရှိခဲ့ဘူး။ တိုင်းဒေသကြီးရဲ့ ညွှန်ကြားချက် ကြိုတင်ဆောင်ရွက်မှုပြုကြောင်းစာ ၁၁.၁၀.၂၀၁၇ခုနစ်မှာကျလာခဲ့တယ်။ ပြည်သူတွေကျေနပ်သလား၊ မကျေ နပ်သလား စီစစ်မှုမရှိပဲ အဲလိုဆောင်ရွက်လို့ရသလား သိချင်ပါတယ်။ ရက်၂၀အကြာမှာ လွှတ်တော်ရန်ပုံငွေ သိန်း၅၀ဖြင့် မတည်သည့်လုပ်ငန်းလို့ ဆိုင်းဘုတ်ထောင်ခဲ့ပါတယ်။ ” လို့ပြောကြားခဲ့သည်။

ဦးဆောင်သူ ဦးတေဇာလွင်မှ ပြောကြားရာတွင် အဓိက လမ်းမများပေါ် အစိုးရရုံးများရှေ့ သွားရောက်စီတန်းဖော်ထုတ်ချင်သော်လည်း ဒေသန္တာရအမိန့်အရအခုလို နေရာမျိုးပဲ ပြရပါတယ်။ မိုးထဲလေထဲပျော်လို့ ဆန္ဒပြနေတာမဟုတ်ပါဘူး။ ဒီကိစ္စတွေနဲ့ပတ်သတ်လို့ ကျွန်တော်တို့ တစ်လတစ်ခါလောက် ထွက်ပြီဆန္ဒပြဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ကို ကျေနပ်တဲ့ဖြေရှင်းမှုမျိုး မရမခြင်း ဆန္ဒပြဖို့ရှိပါတယ်။ မြို့ခံတွေကိုလဲ စိတ်အနှောက်အယှက်ဖြစ်စေဖို့ မရည်ရွယ်ပါဘူး၊ ကျွန်တော်တို့သောက၊ ဆန္ဒနဲ့လာတာပါ ဆူပူဖို့ဆန္ဒမရှိပါဘူးလို့ ပြေကြားပေးခဲ့သည်။

အဆိုပါ စီးတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခြင်းကို ဖျာ ပုံမြို့၊ သော်တာလမ်းမှပထမလမ်း – ဒုတိယလမ်း၊ ဗိုလ် ချုပ်အောင်ဆန်းလမ်း၊ အမှတ်(၈)ရပ်ကွက် BOC ၆ လမ်းထိပ်အထိ သတ်မှတ်လမ်းကြောင်းများအတိုင်း ဒေ သခံ ပြည်သူ ရ၀ဦးမှ” ကျေးရွာလူထုမှ ရွေးချယ်တင်မြှောက်ထားသော ကျေးရွာအုပ်ချုပ်ရေးမှူးအား အ မြန်ဆုံးပြန်လည်အတည်ပြုခန့်အပ်ပေးရေး – ဒို့အရေး၊ ကျေးရွာအုပ်စုအတွင်းနေ ကျေးရွာများမှပြည်သူများနှင့် ကြီးကြပ်ရေးမှူးများအပေါ် အာဏာအလွဲသုံးစားမှု အ မျိုးမျိုးပြုလုပ်သော မြို့နယ်/ခရိုင်/တိုင်းမှ ပုဂ္ဂိုလ်အဆင့်ဆင့်အား အမြန်ဆုံးရှင်းလင်းဖယ်ရှားပေးရေး- ဒို့အရေး၊ လယ်ယာမြေအတွင်း အာဏာအသုံးပြု၍ ဆောက်လုပ်ထားသော သုသာန်(အသစ်)အား အမြန်ဆုံးဖယ်ရှားပေးရေး- ဒို့အရေး၊ သုသာန်(အသစ်) ဆောက်လုပ်သည့်ကိ စ္စနှင့်ပတ်သတ်၍ ပြည်သူများမှ ကန့်ကွက်သည့်ကြားမှ မလျော်သြဇာသုံးပြီး ဆောင်ရွက်ပေးနေသော အထက် ဆင့်ဆင့်မှ တာဝန်ရှိလူကြီးများအား ဖော်ထုတ်အရေး ယူပေးရေး- ဒို့အရေး၊ ဥပဒေကိုမျက်ကွယ်ပြု၍ ပြည်သူများ အပေါ် အာဏာအလွဲသုံးစားပြုလုပ်နေသော မြို့နယ်/ခရိုင်/တိုင်းမှ ပုဂ္ဂိုလ်များအား ရှင်းလင်းဖယ်ရှားပေးရေး – ဒို့အရေး၊ ဥပဒေအတိုင်းအမှန်တရားပေါ်ပေါက်ရေးအ တွက် လွှတ်တော်ကိုယ်စားလှယ်များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရေး – ဒို့အရေး ” စသော ဗီနိုင်းဆိုင်း ဘုတ်များကိုင်ဆောင်လျက် ကြွေးကြော်သံများ တိုင်ကာ စီးတန်းလှည့်လည်ဆန္ဒထုတ်ဖေါ်ခဲ့ကြရာ နေ့လည်(၁၂းဝဝ)နာရီတွင်ပြီးဆုံးခဲ့သည်။
မျိုးစံစိုး(ဖျာပုံ)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်