Featured Video Play Icon

ကန္နားစီး တွေရဲ ့ဘဝကို ပုံဖော်ရိုက်ကူးမယ့် "အထက်တန်းစား" ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး

နတ်ကတော်လို ့ အများက သုံးနှုန်းခေါ်ဝေါ်ကြတဲ့ ကန္နားစီး တွေ ရဲ ့ဘဝကို ပုံဖော်ရိုက်ကူးမယ့် “ အထက်တန်းစား” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးခြင်းကို သြဂုတ်လ ၈ ရက်နေ ့က၊ ရန်ကုန်မြို ့ Central Hotel မှာ ပြု လုပ်ခဲ့ပါတယ်။
ဒါရိုက်တာနေပိုင် ရိုက်ကူးမယ့် ဒီဇာတ်ကားမှာ သရုပ်ဆောင် နေတိုး နဲ ့ ညီထွဋ်ခေါင် တို ့က ကန္နားစီးတွေ အဖြစ် ထူးထူးခြားခြား သရုပ်ဆောင်သွားကြမှာပါ။ နတ်လောကမှ ကိုးကွယ်ယုံကြည်မှုတွေကိုအခြေခံပြီး ရိုက်ကူးမယ့် ဒီဇာတ်ကားဟာဒရာမာဇာတ်ကားအမျို းအစားဖြစ်သလို၊ ကံ ကံ ၏ အကျို းကိုလည်း သိမြင်လာအောင် ရိုက်ကူးပုံဖော်သွားမယ့်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ “ အထက်တန်းစား” မှာ ပါဝင်ကြမယ့် သရုပ်ဆောင်တွေက သူတို ့ပါဝင်ခွင့်ရတဲ့ ဇာတ်ရုပ်နေရာတွေနဲ ့ပတ်သက်ပြီး အခုလိုပြောပြခဲ့တာပါ။
ဒီသတင်းကိုတော့ ယူနတီ ရုပ်သံသတင်းထောက် နိုင်း က ရိုက်ကူးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်