Featured Video Play Icon

ရိုက်တာသတင်း ထောက်နှစ်ဦး ပြန်လည် လွတ်မြောက်ရေးအတွက် သမ္မတထံ အသနားခံစာတင်မယ်

 

ရိုက်တာသတင်း ထောက်နှစ်ဦး ပြန်လည် လွတ်မြောက်ရေးအတွက် သမ္မတထံ အသနားခံစာ တင်သွားမယ်လို့ ရိုက်တာသတင်းထောက် ကိုဝလုံးရဲ့ ဇနီးက ပြောပါတယ်။ ဒီသတင်းကို Unity သတင်းထောက် ဖြိုးဝေက ပေးပို ့ ထားပါတယ်။

စက်တင်ဘာလ ၃ ရက်နေ ့က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ထောင်ဒဏ် ရ နှစ်စီ ချမှတ်ခံခဲ့ရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦး ပြန်လည်လွတ်မြောက်ဖို့အတွက် နိုင်ငံတော်သမ္မတထံ အသနားခံစာ တင်သွားမယ်လို ့ ရိုက်တာသတင်းထောက် ကိုဝလုံး ရဲ့ ဇနီးက ပြောပါတယ်။

စက်တင်ဘာ ၄ ရက်နေ ့က ရန်ကုန်မြို့ Orchid Hotel မှာပြုလုပ်တဲ့ ရိုက်တာသတင်းထောက် နှစ်ဦး ပြန်လည် လွတ်မြောက်ရေး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
Interview မပန်းအိမွန်(ရိုက်တာသတင်းထောက် ကိုဝလုံးရဲ့ဇနီး)

အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ရိုက်တာသတင်းထောက် နှစ်ဦးရဲ့ ရှေ့နေတွေက ဒီအမှုနဲ ့ပက်သက်ပြီး အယူခံ ၀င်မယ့်ကိစ္စ အပါအဝင် ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ဖို ့အတွက် ဖြစ်နိုင်ခြေရှိတဲ့ လုပ်ဆောင်မှုတွေကို လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

Interview ဦးသန်းဇော်အောင် (တရားလွှတ်တော်ရှေ့နေ)

ရိုက်တာသတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်စေဖို ့အတွက် မန္တလေးမြို ့မှာ ဆုတောင်းပွဲွ ပြုလုပ်ခဲ့ပြီး အခြားမြို ့နယ်တွေမှာလည်း ဆုတောင်းပွဲတွေ ပြုလုပ်သွားဖို့ ရှိနေတာပါ။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ က ရိုက်တာသတင်းထောက် နှစ်ဦးကို လျှို့ဝှက်အက်ဥပဒေနဲ့ အရေးယူအပြစ်ပေးတာက သတင်းမီဒီယာ ဥပဒေကို မျက်ကွယ်ပြုသလိုဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ် ခင်ဗျာ။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်