Featured Video Play Icon

အငြင်းပွားမှုဖြေရှင်းရေးဥပဒေမှာ ထောင်ဒဏ်ထည့်သွင်းထားတာကို အလုပ်သမားဝန်ကြီးဌာနက သဘောမတူ

အလုပ်ရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေမှာ ထောင်ဒဏ်ထည့်သွင်းထားတာကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သဘောမတူဘူးလို့ပြောပါတယ်။ ဒီသတင်းကို Unity သတင်းထောက် ဖြိုးဝေ ပေးပို့ထားပါတယ်။

ပြန်လည်ပြင်ဆင်နေတဲ့ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေမှာ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာတဲ့ အလုပ်ရှင်တွေကို ထောင်ဒဏ်ထည့်သွင်းချမှတ်ထားကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သဘောမတူဘူးလို့ ပြောပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့က သုဝဏ္ဏမြို့ ဗဟိုသင်တန်းကျောင်းမှာ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု”စံ”သတ်မှတ်ပြဋ္ဌန်းရေးအဖွဲ့ (NSSA) ရဲ့ အလုပ်အကိုင် ၁၄ မျိုးအတွက် ဖြေဆိုအောင်မြင်သူတွေကို ကျွမ်းကျင်လုပ်သားအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲမှာ အခုလိုပြောကြာခဲ့တာပါ။
Intreviewဦးသိန်းဆွေ ပြည်ထောင်စုဝန်ကြီး (အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန)

အဲဒီဥပဒေမှာ ထောင်ဒဏ်ထည့်သွင်းတာကို သဘောမတူပေမယ့် ငွေဒဏ်ချမှတ်တဲ့အခါမှာ နည်းနေသေးပါက ငွေဒဏ်ကို ထပ်မံတိုးမြှင့်ဖို့နဲ့ အဓမ္မစေခိုင်းမှု၊ လုပ်ငန်းခွင်အတွင်း ဖြစ်ပျက်ခဲ့တဲ့ လ ကိစ္စတွေကို အခြားနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ဝန်ကြီးက တိုက်တွန်းထားပါတယ်။

Intreviewဦးသိန်းဆွေ ပြည်ထောင်စုဝန်ကြီး (အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန)

အဲဒီဥပဒေကို အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့အပြင် နိုင်ငံတကာ ဥပဒေတွေကိုပါ လေ့လာပြီးမှ အလုပ်သမားရေးရာအငြင်းပွားမှုဥပဒေမှာ ထောင်ဒဏ် မပါသင့်ပဲ ငွေဒဏ်သာ ထည့်သွင်းဖို့ လွှတ်တော်နှစ်ရပ်လုံးကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွေက တင်ပြထားပါတယ်ခင်ဗျာ။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်