Featured Video Play Icon

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေမှာ ထောင်ဒဏ်ထည့်သွင်းပေးဖို့ ILO ရုံးရှေ့ ဆန္ဒပြမယ်

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ပြင်ဆင်ရာမှာ ထောင်ဒဏ်ထည့်သွင်းပေးဖို့အတွက် ILO ရုံးရှေ့မှာ ဆန္ဒပြသွားမယ်လို့ အလုပ်သမားရေးရာအဖွဲ့က ပြောပါတယ်။ ဒီသတင်းကိုတော့ Unityသတင်းထောက် ကျော့ကေခိုင်က ပေးပို့ထားပါတယ်။

၂၀၁၂ခုနှစ်က ပြဌာန်းခဲ့တဲ့ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ၂၀၁၈ ခုနှစ်မှာ ပြန်လည်ပြင်ဆင်တဲ့အခါ အဲဒီဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်က ထောင်ဒဏ် ထည့်သွင်းထားပေမယ့့် ပြည်သူ့လွှတ်တော်က ထောင်ဒဏ်ထည့်သွင်းတာကို ပယ်ဖျတ်ထားတာပါ။

အဲဒီဥပဒေကြမ်းထဲမှာ ထောင်ဒဏ်ထည့်သွင်းရေးကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ကန့်ကွက်ထားတာကြောင့် အလုပ်သမားရေးရာအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီက ILO ရုံးရှေ့ မှာ ဆန္ဒပြသွားမယ်လို့ စက်တင်ဘာလ ၈ရက်နေ့က ရန်ကုန်မြို့ MJNရုံးခန်းမ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Interview ဒေါ်သက်သက်အောင် (ဗဟိုစည်းရုံးရေးကော်မတီဝင်)
အလုပ်သမားရေးရာအဖွဲ့

အဲဒါကြောင့် ဥပဒေကို မလိုက်တဲ့ အလုပ်ရှင်တွေကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့ အမိိျုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်နှစ်ရပ်လုံးနဲ့ တွေ့ဆုံကာ ဆွေးနွေးသွားမယ်လို့ အလုပ်သမားရေးရာအဖွဲ့က ပြောပါတယ်။

 

Interview ဒေါ်သက်သက်အောင် (ဗဟိုစည်းရုံးရေးကော်မတီဝင်)
အလုပ်သမားရေးရာအဖွဲ့

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေမှာ ထောင်ဒဏ်ထည့်သွင်းတာကို အလုပ်ရှင်တွေဘက်က ရင်းနှီးမြုပ်နှံမှုတွေကို လျော့နည်းသွားမယ်လို့ ပြောတာက အကြောင်းပြချက်တစ်ခုသာ ဖြစ်တယ်လို့ ပြောပါတယ်ရှင်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်