ပွိုင့် ၂၂ ကျည်၊ ၂၀ တောင့်၊ မိုင်း ၁၄ လုံးနဲ့ စိတ်ကြွဆေးပြားတွေ မြဝတီမှာ ဖမ်းမိ

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စက်တင်ဘာလ ၉ ရက်နေ့က မြဝတီမြို့တွင်းကနေ မြို့ပြင်ကို မောင်းနှင်လာတဲ့ Fortuner ယာဉ်ကို ရပ်တန့်စစ်ဆေးရာမှာ ပွိုင့် ၂၂ ကျည် ၂၀ တောင့် တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး ၁ လုံးနဲ့ စိတ်ကြွဆေးပြား ၄၄၅ ပြား သိမ်းဆည်း ရမိခဲ့ပြီး ယာဉ်ပေါ်ပါသူ ၄ ဦးကို အရေးယူထားပါတယ်။

Fortuner ယာဉ်ကိုမောင်းနှင်လာတဲ့သူရဲ့ နေအိမ်ကို ဆက်လက်ရှာဖွေရာ T-628 အမျိုးအစား ဓာတ်ခဲ ၁၂ လုံးပါ အိမ်တွဲလျက်မိုင်း ၈ လုံး၊ BELL SOUTH T-388 အမျိုးအစားဓာတ်ခဲ ၁၂ လုံးပါ အိမ်တွဲလျက် မိုင်း ၆ လုံး၊ T-628 အမျိုးအစားရီမု ၂ ခု၊ TESTစာတမ်းပါမိန်းခုံ ၂ ခု၊ အရှည် ၁၃ ပေခွဲခန့်ရှိ ယမ်းကြိုး ၁ ချောင်း၊ TNT အမျိုးအစား ယမ်းပျော့ ၁၅ တောင့်၊ ဒီတိုနေတာ ၂၀ ခု ထပ်မံသိမ်းဆည်းရမိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒါကြောင့် Fortuner ယာဉ်မောင်းနဲ့ စောဒိကလူး တို့ကို ကျည်နဲ့ ပေါက်ကွဲစေတဲ့ မိုင်း၊ လက်ပစ်ဗုံး ကိုင်ဆောင်တဲ့အတွက် မြဝတီမြို့မရဲစခန်းက (ပ)၇၅၄/၂၀၁၈၊ ပေါက်ကွဲပုဒ်မ ၅/၆ နဲ့အမှုဖွင့်ထား တဲ့အပြင် ယာဉ်မောင်းပါ ၄ ဦးကို မူးယစ်(ပ)၁၃၃/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၂(ခ)/၂၁ နဲ့ အရေးယူထားပါတယ်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်