ဆောက်လုပ်ဆဲ စက်ရုံပြိုကျပြီး အလုပ်သမား ၉ ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ ဆောက်လုပ်ဆဲ နေကြာစားအုန်းဆီစက်ရုံ အဆောက်အအုံ ပြိုကျခဲ့ပြီး အဲဒီစက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမား ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့ စတီးသံဖရိန်တွေနဲ့ ဆောက်လုပ်နေတဲ့ နေကြာစားအုန်းဆီစက်ရုံ ပထမထပ် ပြိုကျ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ပြိုကျခဲ့တာကြောင့် အလုပ်သမား ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မန္တလေးအထွေထွေရောဂါကု ဆေးရုံမှာ တင်ပို့ထားတာ ဖြစ်ပါတယ်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်