Featured Video Play Icon

ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက်တွေက တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတယ်လို့ ဥပဒေအထောက်အကူပြုသူများအဖွဲ့ ပြော

ရွိုင်ရယ်တည်းခိုခန်းမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ ့ လုပ်ဆောင်ချက်တွေ အားနည်းတဲ့အတွက် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတယ်လို့ ပြည်ထောင်စုရှေ ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ ့က ပြောပါတယ်။ ဒီသတင်းကို unity သတင်းထောက် ပိုပိုက ပေးပို့ထားပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့က မင်္ဂလာတောင်ညွန့် ရွိုင်ရယ်တည်းခိုခန်းမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှု ပြစ်မှုကျူးလွန်သူ အမျိုးသမီးက ဇူလိုင်လအတွင်းမှာ ကာမလိမ်လည်ရယူမှု၊ ရောင်းစားခံရမှုကို ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပေမယ့် အမှုလက်ခံဆောင်ရွက်ပေးတာ မရှိဘူးလို့ ထွက်ဆိုခဲ့တာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ ့တွေရဲ ့ လုပ်ဆောင်မှုတွေ အားနည်းနေတဲ့အတွက် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတယ်လို့ ပြည်ထောင်စုရှေ ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့က ပြောပါတယ်။

ပြည်သူလူထုအနေနဲ့ ဥပဒေရဲ့ ထိရောက်တဲ့ အကာအကွယ်ကို မရတဲ့အခါ ဥပဒေပြင်ပကနေ ဖြေရှင်းဆောင် ရွက်သလိုမျိုး မဖြစ်သင့်ဘူးလို့လည်း ပြောပါတယ်။

အင်တာဗျူး ဦးကြီးမြင့် (ဥက္ကဌ)
ပြည်ထောင်စုရှေ ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့

မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့ဝင် ရ သောင်းကျော်သာ ရှိပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်မှု အားနည်းနေတဲ့အပေါ် ပြည်သူလူထုကလည်း ဝေဖန်မှုတွေ အပြစ်တင်မှုတွေ ရှိလာနေတာပါ။

ဒါပေမယ့် အမှုကိစ္စတွေဖြစ်ပေါ်လာရင် ပြည်သူတွေအနေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကူအညီတွေကို ရယူဖို့လို အပ်နေသလို ရဲတပ်ဖွဲ့ဝင်တွေကလည်း အမှုကိစ္စတွေကို တာဝန်ယူဖြေရှင်းသင့်တယ်လို့ တရားစီရင်ရေးနဲ့ ဥပဒေရေးရာကော်မတီ အဖွဲ့ဝင် က ပြောပါတယ်။

ဒေါ်မေစိုး(အဖွဲ့ဝင်)
တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ

မင်္ဂလာတောင်ညွန့် လူသတ်မှုကျူးလွန်သူ အမျိုးသမီး အရင်က တိုင်ကြားခဲ့တဲ့ကိစ္စမှာ ရဲတပ်ဖွဲ့က လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခဲ့တာ ဖြစ်သလို တရားစီရင်ရေးလမ်းကြောင်းကို လွဲပြောင်းပေးခဲ့တာ ဖြစ်တယ်လို့ အငြိမ်းစား ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဦးတင်မောင်
အငြိမ်းစားရဲအရာရှိ

ကာမလိမ်လည်ရယူပြီး ရောင်းစားဖို့ပြုလုပ်ခဲ့တဲ့အပေါ် နာကျည်းစိတ်နဲ့ လူသတ်မှုကျူးလွန်ခဲ့ အမျိုးသမီးရဲ ့အမှုကို ကူညီပေးဖို့အတွက် Art Robots Band က ကိုနိုင်ဇော်က ဦးဆောင်ကာ အလှူငွေ ကောက်ခံပြီး ကူညီပေးနေတာ ဖြစ်ပါတယ် ရှင်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်