Featured Video Play Icon

YESC မှု ဆယ်သိန်းကျော်တန်ကြေးရှိ မီတာအသစ်များ ထပ်မံလျှောက်ခိုင်းသဖြင့် အသေးစားနှင့် အလတ်စား လုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲဖြစ်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊တောင်ဒဂုံမြို့နယ်အမှတ်(၃)စက်မှုဇုန်အတွင်းရှိ အရောင်းဆိုင်၊ အကြီးစားစက်မှုလုပ်ငန်းရှင်၊ အလတ်စားစက်မှု လုပ်ငန်းရှင်၊အသေးစား စက်မှုလုပ်ငန်းရှင်များ လက်ရှိအသုံးပြုလျက်ရှိသော မီတာဘောက်အားလုံးကို ပယ်ဖျက်၍ YESC မှ မီတာဘောက်တစ်လုံးလျှင် ဆယ်သိန်းကျော်တန်ကြေးရှိ မီတာအသစ်များ ထပ်မံလျှောက်ခိုင်းလာသဖြင့် အသေးစားနှင့် အလတ်စား လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အခက်အခဲ ဖြစ်လျက်ရှိကြောင်းသိရသည်။ အဆိုပါအကြောင်းအရာများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ အမှတ်(၃)စက်မှုဇုန်အတွင်းရှိကျောက်ပုထိုး ၅လမ်း၊ အခန်းအမှတ် D ၁၀၆ တွင်ပြုလုပ်ခဲ့သည်။ အသေးစားနှင့် အလတ်စား လုပ်ငန်းများလုပ်ကိုင်လျှက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် တောင်ဒဂုံစက်မှုဇုန် လက်ရှိကော်မတီမှ တာဝန်ရှိ သူများ၊ YESC မှ တာဝန်ရှိသူများက ယင်းတို့၏ အခက်အခဲများကို ညှိနှိုင်းဖြေ ရှင်းပေးရန် ဆန္ဒရှိနေကြကြောင်းသိရသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်