“ အခုလိုသက်ကြီးရွယ်အိုတွေကို ကန်တော့တဲ့အခါကျတော့ မိသားစု စားဝတ်နေရေးရော၊ အသက်ရှည်ဖို ့အတွက်ရော ဆေးတစ်ခွက်လို ့ပဲယူဆပါတယ် “ လူရွှင်တော် ဟာသ သရုပ်ဆောင် ဦးချစ်စရာ
“ ဒီနေ ့ပွဲလေးက ဦးမန်းတို ့သက်ကြီးရွယ်အိုတွေအတွက် ထီပေါက်တဲ့နေ့ပါပဲ” ” လူရွှင်တော် ဟာသ သရုပ်ဆောင် ဦးမန်းဝင်း
(၉၈)ကြိမ်မြောက်မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနားနှင့် (၅၅)ကြိမ်မြောက်ရုပ်ရှင် သက်ကြီး ပူဇော်ပွဲကို အောက်တိုဘာလ ၁၃ ရက်နေ ့၊
မနက်ပိုင်းက ရန်ကုန်မြို ့၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲကို ရုပ်ရှင်လောကသားတွေအားလုံးနီးပါးတက်ရောက်ခဲ့ကြပြီး၊ ကန်တော့ခံ သက်ကြီးဘိုးဘွားတွေကို လာရောက်ဂါရဝပြု ခဲ့ကြပါတယ်။
ဒီကနေ့ပွဲနဲ ့ပတ်သက်တဲ့ ရင်တွင်းခံစားချက်တွေကို ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်း၊ ၀ါရင့်အနုပညာရှင်ဒေါ်ချို ပြုံး၊
အကယ်ဒမီများရှင် မေသန်းနု၊ လူရွှင်တော် ဟာသ သရုပ်ဆောင်ဦး
မန်းဝင်း နဲ ့ဦးချစ်စရာ တို ့က အခုလိုပဲပြောပြခဲ့ပါတယ်။