Featured Video Play Icon

ကားမှန်စတေကာ ကပ်ထားတာတွေကို အရေးယူမှုတွေအပေါ် အငှားယာဉ်မောင်းသူတွေနဲ့ အငှားယာဉ်ပို်င်ကြားမှာ အခက်ခဲတွေရှိ

အငှားယာဉ် Taxi တွေမှာ ကားမှန်စတေကာ ကပ်ထားတာတွေကို အရေးယူမှုတွေက ဒဏ်ကြေးပေးဆောင်ရတဲ့အပြင် ယာဉ်မောင်းလိုင်စင် သတ်တမ်းတိုးရာမှာ တိုးမပေးတဲ့အတွက် အငှားယာဉ်မောင်းသူတွေနဲ့ အငှားယာဉ်ပို်င်ကြားမှာ အခက်ခဲတွေ ရှိနေပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၁၇ရက်နေ့က ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
ကားမှန်စတေကာ ကပ်တာနဲ့ ပတ်သက်ပြီး ဒဏ်ကြေးပေးဆောင်ရတဲ့အပြင် အဲဒီကားတွေကို နယ်နှင်ဒဏ်ပေးမယ်လို့ ကြားသိရတာကြောင့် အဆင်မပြေမှုတွေ ရှိလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကားမှန်စတေကာကပ်တာတွေ ၂၀၁၈ ဖေဖော်ဝါရီလ ၃၁ ရက်နေ့က စတင်ပြီး စစ်ဆေးအရေးယူခဲ့တာလည်း ဖြစ်ပါတယ်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်