Featured Video Play Icon

နိုင်ငံရေးကဏ္ဍတွေမှာ အမျိုးသမီး ၃၀% ပါဝင်ဖို့တောင်းဆို

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နိုင်ငံရေးကဏ္ဍတွေမှာ အနည်းဆုံး အမျိုးသမီး ၃၀% ပါဝင်ဖို့ လိုတယ်လို့ ဗဟိုအမျိုးသမီးသမဂ္ဂက အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်က ပြောပါတယ်။ဒီသတင်းကို Unity သတင်းထောက် ရွှေဇင်နဲ့ ပိုပိုက ပေးပို့ထားပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အတည်ပြုခဲ့တဲ့ ကျား-မ တန်းတူရေးဆိုင်ရာ အခြေခံမူများ သုံးသပ်ချက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊နိုင်ငံရေးကဏ္ဍတွေမှာ အနည်းဆုံး အမျိုးသမီး ၃၀% ပါဝင်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံဗဟိုအမျိုးသမီးသမဂ္ဂအဖွဲ့ချုပ် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်က ပြောပါတယ်။
ကျား-မ တန်းတူရေးဆိုင်ရာ အခြေခံမူများသုံးသပ်ချက်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ Best Western Green Hill ဟိုတယ်မှာ အောက်တိုဘာလ ၁၉ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အင်တာဗျုး နန်းဇင်နွယ် (မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်)
———————————————————-
မြန်မာနိုင်ငံဗဟိုအမျိုးသမီးများသမဂ္ဂအဖွဲ့ချုပ်
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံတတိယအကြိမ်အစည်းအဝေးပွဲရဲ့ နိုင်ငံရေးကဏ္ဍမှာ ဆွေးနွေးအတည်ပြုခဲ့တဲ့ ကျား-မ တန်းတူရေးဆိုင်ရာ နိုင်ငံရေးအခြေခံမူတွေကို ဆွေးနွေးခဲ့တဲ့ရလဒ်အပေါ် ဘယ်လောက်ထိ အားကောင်းမှုတွေရှိနေလဲ၊ အားနည်းချက်တွေရှိနေလဲ၊ ဘာတွေဆက်လုပ်ဖို့ လိုသလဲဆိုတာကို သုံးသပ်နိုင်ဖို့ ရည်ရွယ်ပြီး မူဝါဒကို ထုတ်တာဖြစ်ပါတယ်။

အင်တာဗျုး နန်းဇင်နွယ် (မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်)
———————————————————-
မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်
မြန်မာနိုင်ငံမှာ ကျား-မ တန်းတူအခွင့်အရေးရတဲ့အထိ ဆက်လက်ပြီးလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဗဟိုအမျိုးသမီးသမဂ္ဂအဖွဲ့ချုပ် ကပြောပါတယ်။

 

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်