၁၉ ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ ကို မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံအဖြစ်၊နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
အားကစားအမျိုးအစား ၁၉ မျိုးပါ၀င်တဲ့ “အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ” ကို နိုဝင်ဘာလ ၉ ရက်နေ့ ကနေ ၁၈ ရက်နေ့ အထိပြုလုပ်သွားမှာပါ။
၁၉ ကြိမ်မြောက် အရှေ ့တောင်အာရှ တက္ကသိုလ်များ အားကစားပွဲတော်နဲ့ပတ်သက်တဲ့ အကြိုသတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၁ ရက်နေ ့က ရန်ကုန်မြို့၊ Central ဟိုတယ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
