Featured Video Play Icon

မင်းမော်ကွန်း၊ မြင့်မြတ်၊ ရွှေမှုံရတီတို့ သုံးပွင့်ဆိုင်အပြိုင်ကြဲထားတဲ့"ထာဝရထက်နှစ်ဆ" ရုပ်ရှင် ဇန်နဝါရီလ ၁၈ ရက်နေ့ရုံတင်မယ်

မင်းမော်ကွန်း၊ မြင့်မြတ်၊ ရွှေမှုံရတီတို့ သုံးပွင့်ဆိုင်အပြိုင်ကြဲထားတဲ့” ထာဝရထက်နှစ်ဆ” ရုပ်ရှင် ဇန်နဝါရီလ ၁၈ ရက်နေ့ရုံတင်မယ် သရုပ်ဆောင် မင်းမော်ကွန်း၊ မြင့်မြတ်နဲ့ ရွှေမှုံရတီတို့ သုံးပွင့်ဆိုင် အပြိုင်သရုပ်ဆောင် ထားကြတဲ့ “ထာဝရထက်နှစ်ဆ” ရုပ်ရှင်ကို ဇန်နဝါရီလ ၁၈ ရက်နေ့မှ စပြီး ရုံတင်ပြသ သွားမှာပါ။

ဖိုးသူတော် ထုတ်လုပ်ရေးအတွက် ဒါရိုက်တာ အကယ်ဒမီ ညွန့်မြန်မာညီညီအောင် ရိုက်ကူးထားတဲ့ ဒီဇာတ်ကားက ဘောလိ၀ုဒ် ဇာတ်ကားတစ်ကားကို ကော်ပီယူရိုက်ကူးထားတယ်လို့ မြန်မာ့ ရုပ်ရှင်ချစ်ပရိသတ်တွေကြား ဝေဖန်မှုမြင့်မားနေတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်း ထက်မြက်နိုင်ဇင် ရေးသားထားတဲ့ ဒီရုပ်ရှင်မှာ သရုပ်ဆောင် မင်းမော်ကွန်း၊ မြင့်မြတ်၊ ရွှေမှုံရတီ၊ ငွေမှုံရတီ၊ ဇင်ဝိုင်း၊ ရန်ကျော်၊ မေသဥ္ဇာဦး၊ ပြေဇင် နဲ့ သီရတီတို့ ပါ၀င်ထားကြတာပါ။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်