သွေးချင်းတို့ရဲ ့ပွဲတော်ဆီ ပွဲတော်ကြီးကို မြန်မာခရီးသွားလုပ်ငန်းရှင်အသင်းနှင့် မြန်မာရိုးရာလက်ဝှေ့အစည်းအရုံးတို့ ပူးပေါင်း ၍ အခမဲ့ ကြည့်ရှုနိုင်သော မျိုးဆက်သစ်မြန်မာရိုးရာလက်ဝှေ့ပွဲ (၅) ရက်တိုင်ကျင်းပ

 

 

 

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း(UMTA) နှင့် မြန်မာ့ရိုးရာလက်ဝှေ ့အစည်းအရုံး(M.L.A)တို့ ပူးပေါင်းကျင်းပသည့် ရိုးရာလက် ဝှေ့ပွဲများကို ဇန္နဝါရီ ၂၅ ရက်မှ ၃၀ ရက်အထိ ညနေ ၆းဝဝ နာရီတွင် ကျိူက္ကဆံကွင်းအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း တွဲဆိုင်းတာဝန်ခံ ကိုဌေးကြိုင် ကေ ပြာသည်။

တိုင်းရင်းသား ညီအကိုမောင်နှမများ စုပေါင်းပြီး ရိုးရာအစားအသောက်များ၊ အကအလှများ၊ အလှမယ်ပြိုင်ပွဲများ၊ အငြိမ့် ဖျော်ဖြေပွဲများ၊ ရိုးရာလက်ဝှေ့ပွဲနှင့်အတူ အခြားပျော်စရာအစီအစဉ်များပါဝင်ကြောင်းသိရသည်။
ရိုးရာလက်ဝှေ့ပွဲများကို ပွဲတော်လာပရိသတ်များ အခမဲ့ ကြည့်ရူအားပေးနိုင်မည် ဖြစ်ပြီး ရန်ကုန်အခြေစိုက် ရိုးရာလက်ဝှေ့ကလပ်များဖြစ်သည့် နဂါးမာန်၊ AMT 1/ 2၊STL၊ အဖြူရောင်သွေးသစ်၊ ရိုးရာပုဂံ၊ တော်ဝင်ရိုးရာ၊ ဇာတိမာန်၊ ကျားဘုရင်၊ ခြသေ့်မင်း၊ ဖီးနစ်၊ သတ္တိ စသည့်ကလပ်များ၊ တွံတေးအခြေစိုက် ဒေါင်းမြန်မာ၊ ကညောသွီကလပ်များ ၊ ပြင်ဦးလွင်အခြေစိုက် တောင်ဇလပ်ကလပ်များ တို့မှ မျိုးဆက်သစ် လက်ဝှေ့ ့သမား ၈၄ ဦး၊ တွဲဆိုင်း ၄၂ တွဲ နေ့စဉ် ရ ဆိုင်း တိုးသတ်မည်ဖြစ်ကြောင်း ၄င်းကပြောသည်။
အနိုင် ရရှိသူများကို ဆုကြေးငွေအဖြစ် ငွေကျပ် ၃၀၀၀၀၀ အပြင် ချယ်ရီဦး ကုမ္မဏီမှ Alexis Crystal နာရီ၊ GM နာရီ များ ဖြင့် ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည် ။
လာရောက် ယှဉ်ပြိုင်မည့် ကစားသမားများကိုလည်း စားစရိတ်၊ လမ်းစရိတ်များလည်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည်။
အဆိုပါပွဲ စီစဉ်ရသည့် ရည်ရွယ်ချက်မှာ မျိုးဆက်သစ် လက်ဝှေ့သမားများ ပေါ်ထွန်းလာစေရန်နှင့် ရိုးရာပွဲအတွက် ရိုးရာလက်ဝှေ့ ပွဲထိန်းသိမ်းနိုင်စေရန် ယခုလိုပါဝင် ကျင်းပရခြင်းဖြစ်ပြီး ထိုပွဲတွင် လက်ဝှေ့ပညာရှင်များမှ လေ့ကျင့်ပုံ လေ့ကျင့်နည်း ထိုးသတ်ပုံ ထိုးသတ်နည်းများကို သရုပ်ပြဖော်ပြသွားမည်ဟုလည်းသိရသည်။

Photo -မြန်မာ့ရိုးရာလက်ဝှေ့အစည်းအရုံး Myanmar Lethwae Association – M.L.A

 

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်