စာအုပ်စာပေ ဖွ့ံဖြိုးတိုးတက်ရေးကို ရည်ရွယ် ၍ Yangon Book Street စနေ- တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်းကို ပြန်လည်ဖွင့်လှစ်

 

စာအုပ်စာပေ ဖွ့ံဖြိုးတိုးတက်ရေးကို ရည်ရွယ် ၍
Yangon Book Street ကို ဖေဖော်ဝါရီလ ၂ ရက် ၃ ရက် နေ့များမှ စတင် ပြီး
စနေ နှင့် တနင်္ဂနွေနေ့များ တွင် နံနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိ ရန်ကုန်မြို ့ သိမ်ဖြူလမ်းတွင် အပတ်စဉ် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ ့ စာအုပ်စာပေ ဖွ့ံဖြိုးတိုးတက်ရေး အစီအစဉ်အရ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ ့ နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကောမတီတို့ရဲ ့ ကူညီမှုနဲ့ အတူ ယခုနှစ် ဖေဖော်ဝါရီလ ၂/ ၃ ရက်မှစတင် ၍ Yangon Book Street စနေ- တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်းကို စာအုပ်ဆိုင်များနှင့် အထိပ်အမှတ်ပစ္စည်းဆိုင်များအပါအဝင် ဆိုင်ခန်း ( ၁၀၀) ခန့်ဖြင့် ပြန်လည်ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာပေထုပ်ဝေသူနှင့် ဖြန့်ချိသူများ အသင်း ထံမှ သိရသည်။

Yangon Book Street စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်းကို ပြန်ကြားရေးဝန်ကြီးဌာနရဲ ့ စာအုပ်စာပေ ဖွ့ံဖြိုးတိုးတက်ရေး အစီအစဉ်အရ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ရ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းလဲသိရသည်။

အဆိုပါ Yangon Book Street စနေ-တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း ကို စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးများကပြန်လည်ဖွင့်လှစ်ပြီး အပတ်စဉ် စနေ နှင့် တနင်္ဂနွေနေ့များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ရောင်းချပေးသွားမည်ဖြစ်သည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်