၂၀၀၈ ဖွဲ့စည်​းပုံနှင်​့ မြစ်​ဆုံဆည်​အလိုမရှိ စတစ်​ကာ ကမ်​းပိန်​းကို ပခုက္ကူမြို့တွင်​ပြုလုပ်​

၂၀၀၈ဖွဲ့စည်​းပုံနှင်​့ မြစ်​ဆုံဆည်​အလိုမရှိ စတစ်​ကာကမ်​းပိန်​းလှုပ်​ရှားမူကို ပခုက္ကူမြို့တွင်
ဖေဖော်​ဝါရီလ ၅ ရက်​နေ့ နံနက် ၉ နာရီဝန်​းကျင်​ခန်​့က ပြုလုပ်​ခဲ့ကြောင်​းသိရသည်​။

ထိုလှုပ်​ရှားမူကို ပခုက္ကူမြို့ နိုင်​ငံရေးအင်​အားစုများနှင့်ကျောင်​းသားသမဂ္ဂများကဦးဆောင်​ကျင်​းပခဲ့ပြီးဖေဖော်​ဝါရီလ ၅ ရက်နေ့ ၊၆ ရက်နေ့ နှင့် ရ ရက်နေ့များတွင်​ ပြုလုပ်​သွားမည်​ဖြစ်​ကြောင်​း သခင်​ကိုယ်တော်​မှိုင်​းငြိမ်​းချမ်​းရေးကွန်​ယက်(ပခုက္ကူ)အဖွဲ့မှအဖွဲ့ဝင်တစ်ဦးကပြောသည်။

“ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မြစ်ဆုံဆည် အလိုမရှိ စတေ ကာကမ်ပိန်း လှုပ်ရှားမူကို ပခုက္ကူမြို့မှာ ဒီနေ့ မနက် ၉ နာရီလောက်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ့လှုပ်ရှားမူကို ပခုက္ကူမြို့ နိုင်​ငံရေးအင်​အားစုတွေနဲ့ ကျောင်​းသားသမဂ္ဂတွေကဦးဆောင်​ကျင်​းပခဲ့တာဖြစ်ပြီး စိတ်ပါဝင်စားသူတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။အခုလှုပ်ရှားမူကို ဖေဖော်ဝါရီ ၅ ရက်နေ့ကနေ ရ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ပြုလုပ်သွားမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထို့ပြင် ဖေဖော်​ဝါရီလ ၈ ရက်​နေ့ နံနက် ၈းဝဝ နာရီတွင်​လည်း ဧရာဝတီမြစ်​ကမ်​း ဘုံမဆိပ်​ကမ်​းတွင်​ လူထုသဘောထားများပြသမည်​ဖြစ်​ကြောင်​းလည်​းသိရသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်