၁၄ ကြိမ်မြောက် ကော့သောင်းရနောင်းနယ်ခြားကော်မတီ စည်းဝေးခြင်း

၁၄ ကြိမ်မြောက် ကော့သောင်းရနောင်းနယ်ခြားကော်မ တီစည်းဝေးပွဲကို ဇွန်လ ၁၁ ရက်နေ့က ထိုင်းနိုင်ငံရနောင်းမြို့ရှိ Heritage Hotel တွင်ကျင်းပခဲ့သည်။

ထိုအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ အိမ်ရှင်အနေဖြင့်တာဝန်ယူကျင်းပခြင်းဖြစ်ကာ၊ ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှ ခရိုင်ဒုတိယ ရဲမှူးကြီး မျိုးထွန်းဦးက ဥက္ကဌအဖြစ်လည်းကောင်း၊ ကော့သောင်းခရိုင်လူကုန်တားရဲတပ်ဖွဲ့စိတ်မှ ဒုရဲမှူးအောင်ဆန်းဝင်းက အတွင်းရေးမှူး အဖြစ်လည်းကောင်းတာဝန်ယူဆောင်ရွက်ခဲ့ပြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်မှ သက်ဆိုင်ရာ အဖွဲ့အစည်းများလည်း လိုက်ပါဆောင်ရွက်ခဲ့ကြသည်။

အစည်းအဝေးတွင် သက်ဆိုင်ရာ နှစ်နိုင်ငံအစိုးရအဖွဲ့မှ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ စီးပွားကူးသန်းရောင်း ၀ယ်မှု၊ တရားဝင် ခရီးသွားလာမှုများကို
အန္တရာယ်မဖြစ်ပွားစေရန် အလျင်အမြန် ဆက်သွယ် အကြောင်းကြားနိုင်ရေးနှင့် သက်ဆိုင်ရာမှ ၀ိုင်းဝန်း ကူညီဖြေရှင်းပေးနိုင်ရေးတို့ကို အဓိက ထားဆွေးနွေး ခဲ့ကြသည်။

သတင်း၊ ဓာတ်ပုံ ▪︎ ကိုလူလေး(ကော့သောင်း)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်