အမျိုးသားရေကူးကန်ပြန်လည်ရရှိရေး ရေကူးသမားများ ဆန္ဒထုတ်ဖော်မည်

ရန်ကုန်တိုင်းဒေသကြီး၊ ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်ပြန်လည်ရရှိရေးအတွက် ရေကူးသမားများနှင့် ၎င်းတို့၏မိဘများမှ ဆန္ဒထုတ်ဖော်ပွဲဲပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

“ တရားမျှတမှုမရှိဘဲဖွဲ့စည်းထားသောရေကူးအဖွဲ့ချုပ်နေရာတွင်တရားမျှတသောရေကူးအဖွဲ့ချုပ်ပြန်လည်ဖွဲ့စည်းပေးရေးနှင့်မျိုးဆက်သစ်ရေကူးသမားများအမျိုးသားရေကူးကန်တွင် ရေကူးလေ့ကျင့်မှုအခွင့်အရေးဆုံးရှုံးနေခြင်း ” ခေါင်းစဉ်ဖြင့် ဆန္ဒဖော်ထုတ်ကြမည့် ထိုဆန္ဒထုတ်ဖော်ပွဲကို ဇွန်လ ၁၅ ရက်၊ ၁၆ ရက်နေ့များတွင် ရန်ကုန်မြို့၊ အမျိုးသားရေကူးကန်ဝင်ပေါက်ရှေ့တွင်လည်းကောင်း၊ ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမနှင့် မဟာဗန္ဓုလ ပန်းခြံရှေ့တွင်လည်းကောင်း နံနက် ၉ နာရီမှစကာ ဆန္ဒဖော်ထုတ်သွားကြမည်ဖြစ်သည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်