မြန်မာ့ပထမဆုံး ပုဂ္ဂလိကနှင့် နိုင်ငံတကာပညာရေးပြပွဲ ဖွင့်လှစ်ခြင်းကို ဇွန်လ ၁၅ ရက်နေ့၊ နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ၊ Myanmar Expo (Next to Fortune Plaza ) တွင်ပြုလုပ်ခဲ့သည်။
ပြပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းနှင့် ပြပွဲတာဝန်ခံများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပညာရေးဆိုင်ရာနိုင်ငံတကာအဆင့်မီ ပြပွဲတစ်ခု အနေဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး၊ ပြည်တွင်းရှိကျောင်းများသာမက အမေရိကန်၊ ယူကေ၊ စပိန်၊ နယ်သာလန်၊ ဖိလစ်ပိုင်၊ ဩစတေးလျ၊ စင်္ကာပူ၊ မလေးရှား၊ အိန္ဒိယ စသည့် နိုင်ငံတကာကျောင်းများမှလည်း ပါ၀င်ပြသမည်ဖြစ်သည်။
ဇွန်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့ နှစ်ရက်တာ ပြုလုပ် သွားမည့် အဆိုပါပြပွဲတွင် ပြည်တွင်း၊ ပြည်ပရှိ တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းပေါင်းစုံ ၁၀၀ ကျော် ပါ၀င်ပြသသွားမည်ဖြစ်သည်။