ရနောင်းမြို့ လူသတ်မှုမှ ထောင်ဒဏ်ကျ မြန်မာရေလုပ်သ ား (၂) ဦး ပြန်လည်လွတ်မြောက်

ထိုင်းနိုင်ငံ၊ ရနောင်းမြို့တွင် လူသတ်မှုဖြင့် ထောင်ဒဏ်ကျ ခံနေရသည့် မြန်မာရေလုပ်သား (၂) ဦး ယနေ့ နေ့လည် ပိုင်းက ပြန်လည် လွတ်မြောက်လာ ခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ တရုတ်ဘုံကျောင်းဘေးတွင် ထိုင်းမြန်မာ ကပြားကျောင်းသူတစ်ဦးကို သတ်လိုက် သည်ဟု ယူဆကာ မြန်မာရွှေ့ပြောင်းရေလုပ်သား (၄) ဦးအား ရနောင်းခရိုင်၊ ရနောင်းမြို့ရဲတပ်ဖွဲ့မှ လှေပေါ်တွင် ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။

ယနေ့လွတ်မြောက်လာသည့် ရေလုပ်သား (၂) ဦးမှာ အထက်ပါဖြစ်စဉ်မှ ပြစ်ဒဏ်ကျခံနေရသည့်ရေလုပ်သား (၂) ဦးဖြစ်သည်။

ဖမ်းဆီးခံမြန်မာရွှေ့ပြောင်းရေလုပ်သား(၄)ဦးအနက် အသက်မပြည့်သေးသူ ရေလုပ်သား (၂) ဦးပါ၀င်ခဲ့ပြီး၊ ၎င်းတို့နှစ်ဦးကို စူလဋ္ဌာနီ ကလေးထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထိန်းသိမ်းခဲ့သည်။

ယင်းထိန်းသိမ်းခံ လူငယ်ရေလုပ်သား (၂) ဦးမှာ ထိုင်းနိုင်ငံ၊ ရနောင်းမြို့တရားရုံးတွင်၊တရားရင်ဆိုင်ခဲ့ရကာ၊ ပြီးခဲ့သည့်နှစ် (၂၀၁၈) ခုနှစ်က ပြန်လည်လွတ်မြောက်ခဲ့ ပြီးဖြစ်ကြောင်းသိရသည်။

ကျန်ရေလုပ်သား (အသက် ၁၈ နှစ်ပြည့်ပြီး) ၂ ဦးမှာ
ရနောင်းတရားရုံးတွင် ထောင်ဒဏ် (၈) နှစ်နှင့်ငွေဒဏ် ပါချမှတ်ခံခဲ့ရသည်။

အဆိုပါမြန်မာနိုင်ငံသားရေလုပ်သားနှစ်ဦးလွတ်မြောက်ရေးအတွက် ရနောင်းထိုင်းရှေ့နေများနှင့် ထိုင်းနိုင်ငံဖန်ငါး အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး၊ အယူခံတင်သွင်းခဲ့ကြသည်။

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်တရားရုံးသို့တင်သွင်းခဲ့သည့် အယူခံမှာ ၂၀၁၉ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က အောင်မြင် ခဲ့ပြီး၊ ရေလုပ်သား (၂) ဦးအား ရနောင်းခရိုင် လဝက သို့ ပို့ဆောင်လွှဲအပ်ခဲ့သည်။

ထိုမှတဆင့် ဇူလိုင် ၂ ရက်နေ့၊ ဒေသစံတော်ချိန် ၂နာရီ ၂၅ မိနစ်တွင် ရနောင်း လဝက မှ ကော့သောင်း လဝက သို့ ပို့ဆောင်လွှဲအပ်ပေးခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ မြန်မာနိုင်ငံကော့သောင်းမြို့သို့ လွှဲအပ်ပို့ဆောင်ပေးခြင်းတွင် ပြစ်ဒဏ်မှ ပြန်လည် လွတ်မြောက်လာသူ မြန်မာရေလုပ်သား (၂) ဦး အပါအဝင်၊ တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ကျား(၉၁) ဦး၊ မ (၁၂) ဦး၊ စုစုပေါင်း (၁၀၃) ဦး လွှဲအပ်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

သတင်း၊ ဓာတ်ပုံ ▪︎ ကိုလူလေး(ကော့သောင်း)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်