၈၈မျိုးဆက် ငြိမ်း ပွင့်တစ်ဖွဲ့လုံးကို ယုံကြည်မှုရှိကြောင်း
မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးဇော်မြင့်မောင်က တရားဝင် ပြောကြားလိုက်သည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့သည့်
၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၏ နယ်ကွန်ယက်များစုံညီတွေ့ဆုံ ဆွေးနွေးပွဲဖွင့်ပွဲနေ့တွင် ၀န်ကြီးမှ ပြောကြားလိုက်ခြင်းဖြစ်သည်။
“ ကျနော် ဒီပွဲကိုတက်တာ ဒီအဖွဲ့ကို ယုံကြည်လို့ တက်တာပါ
၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း တစ်ဖွဲ့လုံး အားလုံးကို ယုံကြည်တာပါ။အမြင်မတူတာရှိမယ် ယုံကြည်ချက် ရည်မှန်းချက်ကတော့အတူတူပါပဲ” ဟု ၀န်ကြီးမှပြောကြားခဲ့သည်။
၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၏ နယ်ကွန်ယက်များစုံညီတွေ့ဆုံ ဆွေးနွေးပွဲကို ဇူလိုင်လ (၁၁)ရက် နှင့် (၁၂)ရက်နေ့၊ ၂ရက်တာပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးပွဲ ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ရွှေဝါရောင် သံဃာတော်များ၊ မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တစ်နိုင်ငံလုံးရှိ တိုင်းနှင့် ပြည်နယ် များ မှ ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ကိုယ်စားလှယ် ၁၅၀ ဦး နှင့် ဖိတ်ကြားထားသော အဖွဲအစည်း များမှ ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။
သတင်းရင်းမြစ်▪︎ ၈၈ မျိုးဆက်ငြိမ်းပွင့်အဖွဲ့
Photo▪︎ Credit