ဗစ်တိုးရီးယား အမူအဖြစ်မှန်ပေါ်ပေါက်ရေး ပခုက္ကူမြို့ တွင်ဆန္ဒထုတ်ဖော်

နေပြည်တော်တွင် ဖြစ်ပွားသော သက်ငယ်မုဒိမ်းမူအတွက် ပခုက္ကူမြို့တွင် ဇူလိုင်လ ၁၄ ရက် ၊ မနက် ၉ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှရွှေမုဋ္ဌောဘုရားထိ အင်အား ၃၀၀ဝန်းကျင်ခန့်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ထိုဆန္ဒထုတ်ဖော်ပွဲတွင် ဗစ်တိုးရီးယား အတွက် တရား မျှတမူ ရှာဖွေရေး (ဒို့အရေး)၂ ကလေး သူငယ်များ အတွက်လုံခြုံတဲ့ ပတ်ဝန်းကျင် ဖန်တီးရေး(ဒို့အရေး)၂ နောက်ထပ်ဗစ်တိုးရီးယားများ(အလိုမရှိ)ကျူးလွန်ခံရသော ကလေးငယ်များအတွက် တရားမျှတမူရှာဖွေပေးရေး (ဒို့အရေး)၂ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။

ထိုဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သော ကလေးမိခင်တဦးက နေပြည်တော်တွင်ဖြစ်ပွားခဲ့သော ဗစ်တိုးရီးယားပြသနာကို စိတ်လဲမကောင်းကြောင်းနှင့်မသိနားမလည်တဲ့ကလေးတွေကိုကျူးလွန်တာကိုကိုမနှစ်မြို့အလိုမရှိတဲ့အတွက် သမီးလေးကိုခေါ်ကာယခုလိုပူးပေါင်းကြောင်းကလေးမိခင်တဦးဖြစ်သူ ဒေါ်ဆုဝေကျော် ကပြောသည်။

#PhoeThant(ပခုက္ကူ)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်