၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲကို ဇူလိုင်လ ၁၇ ရက်နေ့က တနင်္သာရီ တိုင်းဒေသကြီး၊ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ပြုလုပ်ခဲ့သည်။
လူအင်အား ရ၀၀ ခန့်ပါ၀င်သည့် ယင်းထောက်ခံ ဆန္ဒထုတ်ဖော်ပွဲကို ကျောက်တိုင်ကွင်းမှတဆင့်အစပြုကာ
ကော့သောင်းမြို့တွင်း စီတန်းလှည့်လည် အဆုံးသတ် ခဲ့ကြောင်းသိရသည်။
လူထုထောက်ခံဆန္ဒထုတ်ဖော်ပွဲသို့ ကော့သောင်းမြို့ခံ ဦးမျိုးလွင်၊ ဦးမြင့်ဦး နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ များအပြင်၊ ကော့သောင်းဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သတင်း၊ ဓာတ်ပုံ ▪︎ ကိုလူလေး (ကော့သောင်း)