ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲပြုလုပ်

ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲပြုလုပ်

သတင်း- ဇင်နိုင် ၊ ဇေမင်း

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ အောင်ဆန်းအားကစားကွင်းတွင် အောက်တိုဘာ ၁ဝရက်ညနေ ၅နာရီအချိန်က ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲကိုရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ကဦးဆောင်ကျင်းပခဲ့သည်။ ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲတွင် ဗုဒ္ဓဘာသာ၊ အစ္စလာမ်​ဘာသာ၊ ခရစ်​ယာန်​ဘာသာ၊ဟိန္ဒူဘာသာ၊မဟာယာနဗုဒ္ဓဘာသာ တို့မှ ထိပ်​တန်​းဘာသာ​ရေး ခေါင်​း​ဆောင်​​တွေက သက်​ဆိုင်​ရာဘာသာ​များမှ တရား​တော်​နဲ့အညီ ​မေတ္တာစကား​ပြောကြားခြင်​းနဲ့ ဆုတောင်​း ခြင်​း​ တွေကို ​ဟော​ပြောမှာဖြစ်​ပါတယ်​။ “ မြန်မာနိုင်ငံတော်ကြီးအား ငြိမ်းချမ်းသာယာပြီး ဘာသာဘောင်းစုံ အတူယှဉ်တွဲနေတဲ့ နိုင်ငံတော်ကြီး ဖြစ်တယ် ဆိုတာကို ဒီနေ့သက်သေပြခဲ့ကြတာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြာသည်။ မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ် ကိုကမ္ဘာကနားလည်းပြီး မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ချင်းနှင့် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးမေတ္တာတရားဖြင့် လက်တွဲကာ မြန်မာနိုင်ငံ၏အနာဂတ်ကို မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းဆုကြည် နှင့်အတူ လက်တွဲဖော်ဆောင်ကြရန် ၎င်းကဆိုသည်။ အဆိုပါပွဲကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မှ ဖယောင်းတိုင်ထွန်းညှိဖွင့်လှစ်ပေးခဲ့သည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်