ရန်ကုန် အောက်တိုဘာ ၂၃ ရက်
ရန်ကုန်မြို့သုဝဏ္ဏမိုးလုံလေလုံအားကစားခန်းမ ၌အောက်တိုဘာ၃ရက်နေ့တွင်အလိန်းဂါလာနီနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် The One Championship မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် အောက်တိုဘာ၂၃ရက်နေ့နံနက် ၆း၀၅က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိလာခဲ့သည်။
အောင်လအန်ဆန်းနှင့်ယှဉ်ပြိုင်မည့် MMA တိုက်ခိုက်ရေးကစားသမားအလိန်းဂါလာနီမှာ ဟဲဗီးဝိတ်တန်းတွင်ယှဉ်ပြိုင်နေသည့် ဟောင်ကောင်နိုင်ငံကို ကိုယ်စားပြုထိုးသတ်နေသည့် ကင်မရွန်းနွယ်ဖွား ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဖြစ်သည်။
အောင်လအန်ဆန်သည်ရုရှားကိုယ်ခံပညာစုံ တိုက်ခိုက်ရေးကစားသမား ဗိုင်တာလီ ဘစ်ဒစ်ရှ်ကို အနိုင်ယူ၍ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ဆုကိုရရှိထားသည်။
ယခုပွဲစဉ်သည်ချန်ပီယံကာကွယ်ပွဲအဖြစ် ထိုးသတ်မည်မဟုတ်ဘဲ စိန်ခေါ်ပွဲအဖြစ် ထိုးသတ်မည့် ဝိတ်တန်းမတူဘဲ ထိုးသတ်မည့်ပွဲစဉ်ဖြစ်သည်။
သတင်း-ကျော်သူမြင့်