ပလက်၀ဒေသတွင် တိုက်ပွဲကြီး ဖြစ်ပွားလာနိုင်သည်ဟုဆိုကာ ဒေသခံများ သတိထားသွားလာရန် AA သတိပေးထုတ်ပြန်

ပလက်၀ဒေသတွင် တိုက်ပွဲကြီး ဖြစ်ပွားလာနိုင်သည်ဟုဆိုကာ ဒေသခံများ သတိထားသွားလာရန် AA သတိပေးထုတ်ပြန်

မျိုးမြင့်ဇော် နိုဝင်ဘာ ၅

ရခိုင်လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် ARKAN ARMY(AA) အဖွဲ့ စစ်ကြောင်းလှုပ်ရှားနေသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အစပ်ဖြစ်သော ပလက်၀ဒေသသို့ အစိုးရတပ်မတော်မှ အရှိန်မြှင့်ထိုးစစ်စင်လာခြင်းကြောင့် တိုက်ပွဲကြီးများ ဖြစ်ပွားလာသည့်အတွက် ယင်းဒေသ အနီးတစ်ဝိုက်တွင် နေထိုင်သည့် ရွာသူရွာသားများအနေဖြင့် သတိထားနေထိုင် သွားလာကြရန် ARKAN ARMY(AA)က နိုဝင်ဘာ ၅ရက် က သတိပေးနှိုးဆော်ချက်တစ်စောင်ကို အသိပေးထုတ်ပြန်ခဲ့ ကြောင်း သိရသည်။

နိုဝင်ဘာ ၁ရက်က စတင် ကာ ပလက်၀ဒေသတွင် တပ်မတော်နှင့် AA တိုင်းရင်းသားလက်နက်အဖွဲ့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်မှ စစ်သည် ကျဆုံးဒဏ်ရာရမှု များပြား ခဲ့သည် ဟု AAဘက် မှ သတင်းထုတ်ပြန်ခဲ့သော်လည်း အစိုးရတပ် ဘက် ယင်း တိုက်ပွဲကိစ္စ နှင့် ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။

ပလက်၀ဒေသတွင် နေထိုင်သည့် ရွာသူရွာသားများ အနေဖြင့် ကုလားတန်မြစ်၊ ကလက်ချောင်း နှင့် ပီချောင်းတစ်ဝိုက် သို့ ခရီးသွားလာခြင်း မပြုလုပ်ကြရန်နှင့် ယင်းနေရာများကို မဖြစ်မနေခရီးသွားရမည်ဆိုပါက သတိကြီးစွာထားကာ ဆင်ခြင် သွားလာကြရန် နှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသများ တွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ဖြစ်ပေါ်ခဲ့ပါ က လူထုအခြေပြုအဖွဲ့အစည်းများ မှ တစ်ဆင့် ဖော်ထုတ်အရေးယူမှုများ ပြုလုပ်သွားရန် ဒေသခံရွာသူရွာသားများကို လေးစားစွာ အသိပေးကြောင်းနှိုးဆော်ကြောင်း ARKAN ARMY(AA) ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အဆိုပါ အသိပေးနှိုးဆော်ထုတ်ပြန်ချက် နှင့် ပတ်သက်ပြီး တိုက်ပွဲအခြေအနေအသေးစိတ်ကို မေးမြန်ရန်အတွက် ယူနတီ မှ ARKAN ARMY(AA) သတင်းပြန်ကြားရေးဌာနသို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

AA လက်နက်ကိုင်အဖွဲ့သည် တပ်မတော်စစ်ကြောင်းတစ်ခုအား၂၀၁၇ ဩဂုတ်လ ၃၁ ရက်နေ့တွင် အလစ်အငိုက်ရယူ၍ ချောင်းမြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် တပ်မတော်သားအချို့ကျဆုံးခဲ့ပြီး ထိုတိုက်ခိုက်မှုကို တပ်မတော်မှ ထိရောက်စွာ လက်တုံ့ပြန် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်