ရေထဲတွင် အသုံးပြု သည့် Honda ဓာတ်ဆီအင်ဂျင် ဖြင့် လေယဉ်ပျံ စမ်းသပ်တီထွင်ပျံသန်းရန်စီစဉ်နေမှု သက်ဆိုင်ရာ က ခွင့် မပြု ဟု သတင်း ထွက်နေ

ရေထဲတွင် အသုံးပြု သည့် Honda ဓာတ်ဆီအင်ဂျင် ဖြင့် လေယဉ်ပျံ စမ်းသပ်တီထွင်ပျံသန်းရန်စီစဉ်နေမှု သက်ဆိုင်ရာ က ခွင့် မပြု ဟု သတင်း ထွက်နေ

မျိုးမြင့်ဇော် အောက်တိုဘာ ၃၁

ကိုယ်ပိုင်တီထွင်စမ်းသပ်မှု နည်းပါးနေသည့် မြန်မာနိုင်ငံ တွင် လေယာဉ်ပျံ ကို ကိုယ်တိုင်တီထွင်ဖန်တီး ပြီး ပျံသန်းရန် စီစဉ် နေသူ တစ်ဦး အစိုးရသစ် လက်ထက် တွင် မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းဒေသကြီး မုံရွာမြို့က ပေါ်ထွက် လာခဲ့ သည်။

လေယာဉ်ပျံ ကို ကိုယ်တိုင် တီထွင် ပျံသံရန် စီစဉ်နေသူ မှာ မုံရွာမြို့တောင်ဘက် ကျွန်းကြီးကျေးရွာ တွင် နေထိုင်သည့် ကျော်ဇင်ဝင်း အမည်ရှိ အမျိုးသားလူငယ် အသက် ၁၉နှစ်အရွယ် ဖြစ်သည် ဟု သိရပြီး လေယာဉ်စမ်းသပ်ပျံသန်းမှု ကို အသက်အန္တရယ် ရှိသည် ဆိုကာ ဒေသအာဏာပိုင်များ က ခွင့်မပြု ဆိုသည့် သတင်းများ ထွက်ပေါ်နေ ကြောင်း အဆိုပါလူငယ် မှာ အစိုးရအတန်းပညာ ၄တန်းသာ အထိသာ နေခဲ့ဖူး သူ တစ်ဦး ဖြစ်ပြီး လက်သမားအလုပ် လုပ်နေသူ ဖြစ်ကြောင်း မုံရွာအခြေစိုက် လွတ်တန်းဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုး က ယူနတီဂျာနယ် သို့ပြောသည်။

” အဲဒီ နေရာ က မုံရွာ နဲ့နီးတယ် ကျနော် ကြားထား တဲ့ အတည်းမပြု ရသေး တဲ့ ကြားသတင်း အရ သက်ဆိုင်ရာ က လေယာဉ်စမ်းသပ်ပျံသန်းမှု ကို အသက်အန္တရယ် ရှိလို့ခွင့်မပြု ဘူး
လို့ကြားထားတယ်” ဟု ၎င်း က ပြော သည်။

စမ်းသပ်ပျံသန်း မည့် လေယာဉ်ပျံ ကိုယ်ထည် ကို မြန်မာလက်မှုပညာဖြင့် ဖန်တီးထားပြီး လေယာဉ်စက်အင်ဂျင် မြင်ကောင်ရေအား ၁၃ရှိသည့် Honda ဓာတ်စီအင်ဂျင် ကို အသုံးပြုထား ခြင်း ဖြစ်ကြောင်း လေယာဉ်တည်ဆောက်မှု အချိန်ကာလ မှာ ၈လကျော်ကြာမြင့်ခဲ့ပြီး ကုန်ကျငွေ ၁၅သိန်း အထိ ရှိနေပြီ ဖြစ်ကြောင်းလာ
မည့် တန်ဆောင်မုန်းလပြည် နေ့တွင် စမ်းသပ်ပျံသန်းရန် စီစဉ်နေကြောင်း သက်ဆိုင်ရာ က ခွင့်မပြု လည်း ပျံသန်းသွားမည် ဟု သိရ ကြောင်း ကိုအောင်နေမျိုး က ပြောသည်။

အဆိုပါလေယာဉ်ပျံသန်းမှု သတင်း နှင့် ဓာတ်ပုံများ မှာ လူမှုကွန်ရက်ဖေ့ဘွတ်စာမျက်နှာ တွင်လည်း ပျံ့နှံ့လျှက် ရှိသည်။

ကမ္ဘာ့စွန့်ဦးတီထွင်သူများ စာရင်း တွင် မြန်မာနိုင်ငံ မှာ ရေမြှပ်ဗုံး ကို ပထမဆုံးတီထွင် ခဲ့သည့် ကနောင်မင်းသားကြီး တစ်ဦး သာ ရှိနေသည်။ ထိုနောက် မြန်မာနိုင်ငံ မှ စွန့်ဦးတီထွင် သူ စမ်းသပ်တီထွင်သူပညာရှင်များ မထွက်ပေါ်တော့ပေ။ စစ်အာဏာရှင်ဦးနေဝင်းဦးသန်းရွှေအစိုးရလက်ထက် တို့တွင် ကိုယ်ပိုင်ရဟတ်ယာဉ် တီထွင်သူ ကိုယ်ပိုင်သေနတ်တီထွင်သူ စွန့်တီထွင်ပညာရှင်များ ပေါ်ပေါက်ခဲ့ဖူးသော်လည်း စစ်အာဏာရှင်အစိုးရ က နောက်ထပ် တီထွင်မှု မပြုလုပ်ရန်တားမြစ်ပိတ်ပင်ခဲ့သည့် အတွက် စမ်းသပ်တီထွင်သည့် ပညာရှင်များ မြန်မာနိုင်ငံ တွင် ပျောက်ဆုံးနေခဲ့ရသည်။

ဓာတ်ပုံ-အောင်နေမျိုး(မုံရွာအခြေစိုက်ဓာတ်ပုံသတင်းထောက်)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်