Japan Airlines က လေယာဉ်များ တည်ဆောက်မည့် ကုမ္ပဏီတစ်ခု၌ ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံ

ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံးလေကြောင်းလိုင်း Japan Airlines (JAL) က လာမည့်ဆယ်စုနှစ်အလယ်ပိုင်း တွင် အသံထက်မြန်သည့် ခရီးသည် တင်လေယာဉ်များ အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေသည့် အမေရိ ကန်ပြည်ထောင်စုမှ တည်ထောင်ကာစ နည်းပညာ ကုမ္ပဏီ တစ်ခု၌ ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံလိုက်သည်။

ဒန်ဗာမြို့အခြေစိုက် Boom Technologies ကုမ်ပဏီသည် ရပ်နားသွားပြီဖြစ်သည့် Tupolev Tu-144 နှင့် Con- corde လေယာဉ်များ နောက်ပိုင်း ပုံမှန် လေကြောင်းခရီးစဉ်များ ၀န်ဆောင်မှုပေးမည့် Boom အမည်ရှိ အသံ ထက်မြန်သော ခရီးသည် တင်လေယာဉ်သစ်များ တည်ဆောက် သွားနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ Boom သည် တစ်နာရီလျှင် ၁,၄၅၀ မိုင် နှုန်း ဖြင့် သွားနိုင်ရန် ရည်ရွယ်ထားရာ ယင်းမှာ အသံထက် ၂.၂ ဆ ပို မြန်သောနှုန်းဖြစ်သည်။

တည်ထောင်ကာစ Boom ကုမ္ပဏီ တွင် ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံမှု၏ အစိတ်အပိုင်းအဖြစ် JAL သည် အ သံထက်မြန်သော ခရီးသည်တင် လေယာဉ်အစင်း ၂၀ အထိ ၀ယ်ယူခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ကမ်ဘာပေါ်ရှိ စစ်တပ်များတွင် အသံထက်မြန်သောလေယာဉ်များ အများအပြားရှိသော်လည်း အရပ်သား ခရီးသည်များအနေဖြင့် ၂၀၀၃ ခုနှစ်တွင် Concorde လေယာဉ် ပြေးဆွဲမှု ရပ်ဆိုင်းသွားခဲ့ပြီးနောက်ပိုင်း အသံထက်မြန်သော လေယာဉ်တစ်စင်းပေါ် လိုက်ပါစီးနင်းနိုင်မည့် အခွင့်အလမ်း ဆုံးရှုံးခဲ့သည်။

ပြင်သစ်-ဗြိတိန် ပူးတွဲလုပ်ငန်းဖြစ်သော Concorde လေယာဉ်သည် အသံထက်နှစ်ဆမြန်ပြီး အတ်တလန်တိတ်သမုဒ်ဒရာကို သုံးနာရီခွဲမျှဖြင့် ဖြတ်သန်းနိုင်သည်။ ယင်းသည် ၁၉၇၆၊ ဇန်န၀ါရီမှစကာ ဥရောပမှ နယူးယောက်သို့ ၂၇ နှစ်အ ကြာ ပုံမှန် ပျံသန်းမှုလုပ်ခဲ့ပြီးနောက် ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် ၂၀၀၃ ခုနှစ်တွင် ၀န်ဆောင်မှုရပ်နားခဲ့ခြင်း ဖြစ်သည်။

Concorde နောက်ပိုင်း နှစ်နှစ်နီးပါးအကြာ ၁၉၇၇ ခုနှစ် နို၀င်ဘာတွင် အသံထက်မြန်သော ခရီးသည်တင်လေယာဉ်အဖြစ် စတင် ၀န်ဆောင်မှုပေးခဲ့သည့် Tupolev Tu-144 သည် လေကြောင်းခရီးစဉ် ၅၅ ကြိမ် ပျံသန်းပြီး နောက် ၁၉၇၈ ခုနှစ် ဇွန်လတွင် ၀န်ဆောင်မှု ရပ်နားခဲ့သည်။

အသံထက်မြန်သော ခရီးသည်တင်လေယာဉ်အဖြစ် ပုံမှန် လေကြောင်းခရီးစဉ်များ ၀န်ဆောင်မှုပေးခဲ့သည်မှာ ယခုထိ Concorde နှင့် Tupolev Tu-144 လေယာဉ် များသားရှိသေးသည်။

Source: CNN Money

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်