အဆီပိုတွေဖယ်ရှားဖို့ အစာရှောင်နည်းလျှို့၀ှက်ချက်

လူတို့သည် သူတို့၏ခန်ဓာကိုယ်ရှိမလိုလားအပ်သော အဆီပိုများကိုဖယ်ရှားရန်အတွက် အစာရှောင်
ခြင်းကိုပြုလုပ်လေ့ရှိသည်။ သို့သော်လည်းအစာရှောင်ပြီးနောက် အစားအသောက်ပြန်စားမိ
သည့်အခါ ခန်ဓာကိုယ်အလေးချိန်ကနဂိုထက်ပိုပြီးမြှင့်တက်သွားတတ်သည်။ အကယ်၍သင့်အနေနှင့်အစာရှောင်ဖို့စဉျးစားနေပြီဆိုပါက အစာရှောင်ခြင်းနှင့် တင့်သင့်သောစား
သောက်မှုဆိုင်ရာစင်တာ၏ အကြီးအကဲဖြစ်သူက မာရှာဟတ်နောလ် ကအခုလိုအကြံပြုထားသည်။

လူတွေအနေနှင့် စားသောက်ခြင်းနှင့်ဆိုင်သောသူတို့၏အမြင်များကို် ရိုးရိုးလေးပြင်ပြောင်းလဲဖို့လိုအပ်
နေသည်ဟုဒေါက်တာ မာရှာကဆိုပြီး လူတွေက သူတို့၏ခန်ဓကိုယ်ပုံစံသာမက စားသောက်မှုပုံစံကို
လည်းအလွန်ဂရုစိုက်မှုရှိနေသည်ဟုပြောသည်။

ထိုသို့သောလူမျိုးများအတွက် သင့်တင့်မျှတသော
စားသောက်နည်း သို့မဟုတ် အစာရှောင်နည်းလျှို့၀ှက်ချက်တစ်ခုရှိနေသည်။
အဆိုပါလျှို့၀ှက်ချက်မှာ အစားအသောက်အပေါ်မိမိခန်ဓာကိုယ်၏ တုံ့ပြန်မှုကို သတိပြုမိဖို့ဖြစ်သည်။

အစားအသောက်ကို တင့်သင့်မျှတစွာစားသောက်တတ်သူများသည် မိမိခန်ဓာကိုယ်၏တုံ့ပြန်မှု
ကိုအမြဲနားထောင်တတ်သူများဖြစ်ပြီး သူတို့က အစားသောက်စားသုံးရာတွင်ဗိုက်ပြည့်ပါက ရိုးရိုးလေးပင်စားသောက်မှုကိုရပ်လိုက်သည်။

သင့်တင့်မျှတစွာစားသုံးခြင်းဆိုသည်မှာ သင်တစ်ခုခုစားသောက်နေသည့်အချိန်တွင် သင်လုပ်ကိုင်နေ
သည့်အရာများ၊ သင့်အတွေးများနှင့် သင့်ပတ်၀န်းကျင်အတွက်ခံစားမှုများ ကိုဂရုစိုက်ခြင်းဖြစ်သည်။
သင်နှင့် သင့်ခန်ဓာကိုယ်အကြား နီးစပ်မှုရရှိပြီဆိုလျှင်သင့်အနေနှင့် ဘယ်လိုစားသောက်ရမည်၊

ဘယ်အ
ချိန်မှာစားသောက်မှုကိုရပ်တန့်ဖို့လိုအပ်နေပြီ ဆိုသောဆက်နွယ်မှုကိုရရှိပြီး တင့်သင့်မျှသသောစား
သောက်မှုပုံစံကိုရရှိနိုင်မည်ဖြစ်သည်ဟု ဒေါက်တာမာရှာ ကဆိုသည်။

ထိုနည်းလမ်းကိုသိလာလျှင် သင့်အနေဖြင့်အရှေ့သို့ရောက်လာသမျှအစားအသောက်များကိုအောင့်
အီးကာမစားမသောက်ပဲနေခြင်းထက် အစားအသောက်တိုင်းကိုပျော်ပျော်ရှှင်ရှှင်စားသောက်နိုင်
သောအကျင့်ကိုရရှိလာပါလိမ့်မည်။

တစ်ချိန်တည်းမှာပင်အစားအသောက်ရွေးချယ်သော အကျင့်
များကိုလည်းဖျောက်ဖျက်နီုင်မည်ဖြစ်ပြီး သင့်တင့်မျှတစွာစားသောက်ခြင်းဆိုသည်မှာ အငတ်ခံ
ခြင်းနှင့်မတူညီသည်ကိုလည်းနားလည်သဘောပေါက်လာပါလိမ့်မည်။

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်