အနာဂတ်စည်းလုံးညီညွတ်ရေးအတွက် ကရင်ဒုံးယိမ်းအကကို ဦးဖြိုးမင်းသိန်း ရည်ညွှန်း

ကရင်တိုင်းရင်းသားများ၏ဒုံးယိမ်းအကသည် ညီညွတ်မှုကို ဦးတည်သောအကဖြစ်ပြီး မိမိတို့၏အနာဂတ်ကိုဖော်ဆောင်နေကာ ကရင်တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုမှသည် ပြည်ထောင်စုနိုင်ငံတော်ထူထောင်နိုင်သည်အထိ ဝိုင်းဝန်းကြိုးပမ်းကြရန် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၂၇ ရက်က ပြောသည်။

ဒုံးအကပြိုင်ပွဲများကို ရန်ကုန်မြို့မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ဇန်နဝါရီ ၂၇ရက် နံနက်ပိုင်းက ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိူးမင်းသိန်းမှ အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကရင်ဒုံးယိမ်းကညီညွတ်မှုကိုဦးတည်နေတဲ့အကပါ။ ဒီနေ့ကရင်ဒုံးယိမ်းအကမှသည် တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်ရေးအတွက် ကရင်တိုင်းရင်းသားတွေရဲ့ ညီညွတ်မှုမှသည် ပြည်ထောင်စု နိုင်ငံတော်ကြီးထူထောင်နိုင်သည့်အထိ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ကရင်သားတိုင်းဟာ ညီညွတ်မှုကို ရှေ့ရှုတတ်တဲ့ တိုင်းရင်းသားလူမျိုးတစ်စုအနေနဲ့ မြန်မာနဲ့ကမ္ဘာအလယ်မှာပါ ထည်ဝါစွာရပ်တည်ကြရမှာ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

ကရင်တိုင်းရင်းသားများ၏ စာပေယာဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများလက်ဆင့်ကမ်းသယ်ဆောင်ရာတွင် လူငယ်မျိုးဆက်များကို တွဲခေါ်ရန် လိုအပ် ကြောင်းလည်း ဝန်ကြီးချုပ်ကထည့်သွင်းပြောကြားခဲ့သည်။

“ အခု ဒီကိုလာတုန်းက တွေ့ရတဲ့ကလေးတွေရဲ့တက်ကြွတဲ့ ကရင်ဒုံးယိမ်းအကတွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ကိုဖော်ဆောင်နေတာပဲဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မတူညီကွဲပြားသောယာဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများ အတူယှဉ်တွဲရပ်တည်ပြီး ငြိမ်းင်ြိမ်ချမ်းချမ်းဖြင့် ဒီမိုကရေစီ နီုင်ငံတော်ကြီး ထူထောင်နိုင်မှာ ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ပိုင်သက်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်