ဓားတစ်လက်ရဲ့ ရာဇဝင် (ကဗျာ)

ဓားတစ်လက်ရဲ့ ရာဇဝင်

ကျွန်တော့်ကို
ပန်းပဲဖိုမှာ မွေးတယ်။
ကိုယ်ရည်ကိုယ်သွေး
ဖွေးဖွေးလက်အောင်ပြောင်ခဲ့တယ်။
အရွယ်ရောက်တော့
သူရဲကောင်းနောက်ပါသွားတယ်။
စစ်မြေပြင်မှာ
တိုက်ပွဲတစ်ရာ အောင်ခဲ့တယ်။
ဖြစ်ချင်တော့
ခေါင်းမော့ ရင်ကော့နေတဲ့
ကျွန်တော့်ကို ဝါးရုံတောက
ဝါးမျက်ဆိုတဲ့ကောင်က
ဇီဝိန်ခြွေချသွားတယ်။

မောင်လွမ်းရည် (ရွှေတောင်)

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်