မြန်မာ့လက်ရွေးစင်နှင့် ကာဂျစ်စတန်အသင်း၏ အာရှခြေစစ်ပွဲအား MRTV နှင့် မြဝတီမှ တိုက်ရိုက်ထုတ်လွှင့်မည်

အာရှဖလားခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းနှင့် ကာဂျစ်စတန်အသင်းပွဲစဉ်အား မြန်မာ့ရုပ်မြင်သံကြား MRTV နှင့် မြဝတီရုပ်သံတို့မှ တိုက်ရိုက်ပြသသွားမည်ဟု သိရသည်။
ပွဲစဉ်အား မတ်လ ၂၂ ရက် တောင်ကိုရီးယားစံတော်ချိန် ညနေ ၃ နာရီ၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် အင်ချွန် Incheon အားကစားရုံ၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး မတ်လ ၂၁ ရက်မွန်းလွဲပိုင်းက Official Training များပြုလုပ်ခဲ့ရာ လေ့ကျင့်နေစဉ်အတွင်း နှင်းမိုးများကျဆင်းခဲ့၍ အပူချိန် ၃ ဒီဂရီစင်တီဂရိတ်သာရှိကြောင်းလည်း သိရသည်။
အဆိုပါပွဲစဉ်ကို ပြည်တွင်းရုပ်သံလိုင်း For Sport Channel (MFFTV Partaer) မှလည်း ပြသသွားမည်ဖြစ်ပြီး ကွင်းဝင်ကြေးကိုလည်း အခမဲ့သတ်မှတ်ထားကြောင်း သိရသည်။
မြန်မာအသင်းသည် ကာဂျစ္စတန်နှင့် အဝေးကွင်းပွဲစဉ်ပြီးပါက ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် မကာအိုအသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်အား ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ ထိုပွဲစဉ်အား မတ်လ ၂၇ ရက် ညနေ ၆ နာရီတွင်ကျင်းပမည်ဖြစ်ပြီး ရိုရိုးတန်းကျပ် ၁၀၀၀ (တောင်/မြောက် ပွဲကြည့်စင်)၊ အရှေ့ဘက်တန်း ကျပ် ၂၀၀၀၊ အထူးတန်း ကျပ် ၃၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။
ဝေဖြိုးအောင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်