"မသန်စွမ်း မိန်းကလေးတွေဆီ ဦးတည်တိုက်ခတ်လာသည့် မုဒိမ်းလူရမ်းကား မုန်တိုင်းများ "

မြန်မာနိုင်ငံတွင် မသန်စွမ်းဖြစ်နေသည့် အမျိုးသမီးများ၏ အခွင့်အရေးမှာ မျှော်လင့်ချက်ကင်းဝေးနေဆဲရှိပြီး ၎င်းတို့တွေ့ကြုံနေရသော ဖြစ်စဉ်များအပေါ် မသန်စွမ်းမိန်းကလေးများ၏ အခွင့်အရေးနှင့်ပတ်သက်၍ လိုက်လံကူညီဆောင်ရွက်ပေးနေသည့် မနော်ဇာဖြူခန့်အား မေးမြန်းခဲ့မှုကို ဖော်ပြပေးလိုက်ရပါသည်။
မသန်စွမ်းတဲ့ ယောက်ျားလေးတွေနဲ့မိန်းကလေးတွေက အခွင့်အရေး အတူတူပဲလား။
မသန်စွမ်းတဲ့ ယောက်ျားလေးနဲ့ မိန်းကလေးအခွင့်အရေးတွေက မသန်စွမ်းတဲ့ မိန်းကလေးက ယောက်ျားလေးတွေထက်စာရင် ပညာရေးကို ရယူနိုင်တာပေါ့။ အိမ်ကကျောင်းထားတာတော့ နည်းတယ်။ ပြောရမယ်ဆိုရင် ယောက်ျားလေးလောက် မိန်းကလေးက အခွင့်အရေး မရဘူး။ သူတို့ရဲ့ အခွင့်အရေးကို ပြောရရင် ပညာရေးနဲ့ လူမှုလုပ်ငန်းတွေ ပဲဖြစ်တယ်။ မသန်စွမ်းမိန်ကလေးတွေက ယောက်ျားလေးတွေထက် ပညာတတ်တာ နည်းပါးလာတယ်။
မသန်စွမ်း မိန်းကလေးတွေရဲ့ လုံခြုံမှုကို ပြောပြပေးပါ။
မသန်စွမ်းလိုပြောရင် ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် အတူတူပါပဲ။ အဓိကကတော့ မသန်စွမ်းမိန်းကလေးတွေရဲ့ လုံခြုံမှုပဲဖြစ်ပါတယ်။ ဒါက အရမ်းအရေးကြီးပါတယ်။ မုဒိမ်းကိစ္စတွေက တအားများတဲ့အချိန်မှာပေါ့ ။ မသန်စွမ်းတဲ့သူတွေကို ဦးတည်နေတယ်။ ဒါကြောင့် အဓိကလုပ်ပေးရမှာကတော့ ပတ်ဝန်းကျင်ရော ၊ လူမှုဝန်ထမ်းဘက်ကရော ကူညီစောင့်ရှောက်ဖို့လိုအပ်တယ်။ မသန်စွမ်းမိန်းကလေးတွေက မုဒိမ်းကျင့်ခံရပြီးတော့ ကိုယ်ဝန်ရှိလာလို့ မွေးဖွားပေးတဲ့ အချိန်မှာ ဆောင်ရွက်ပေးဖို့လိုပါတယ်။ မသန်စွမ်း မိန်းကလေးတွေကို အဓမ္မပြုကျင့်တာက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက စပြီး ၂၀၁၈ မတ်လအထိ ကို အားလုံးပေါင်း ၂၆ မှုရှိတယ်။ အဲဒီထဲမှာက သက်ငယ်မုဒိမ်းကပိုများတယ်။
ဝေးလံခေါင်းပါးတဲ့နေရာတွေက မသန်စွမ်းမိန်းကလေးတွေကို ဘယ်လိုကူညီဆောင်ရွက်ပေးပါသလဲ။
ဝေးလံခေါင်းပါးတဲ့နေရာတွေက မသန်စွမ်းတဲ့သူတွေကို ကူညီဖို့ တစ်ယောက်တည်းနဲ့လည်းမရဘူး။ အမျိုးသမီးတွေရော လူမှုအဝန်းအဝိုင်းတွေကရောကြားထဲမှာဖြစ်တော့ ကျွန်မအနေနဲ့ မသန်စွမ်း မိန်းကလေးတွေကို အထူးသဖြင့်စာသင်လို့ရတဲ့ မိန်းကလေးဆိုရင် သင်ပေးပြီး သင်လို့မရတဲ့သူဆိုရင် တစ်ခုခုစီစဉ်ပေးဖို့လိုတယ်။ နောက်တစ်ခုက အမျိုးသမီးတွေနဲ့ပတ်သက်လို့ မုဒိမ်းကျင့်ခံရတဲ့အခါ ကျရင် မဖြစ်ပေါ်ဖို့ ပတ်ဝန်းကျင်ကရော အစိုးရရောထိရောက်စွာ နဲ့ဝိုင်းဝန်းစောင့်ရှောက်ပေးဖို့လိုတယ်။
မသန်စွမ်းတဲ့မိန်းကလေးတွေအတွက် နိုင်ငံတော်က ကူညီစောင့်ရှောက်တာရှိပါသလား။
နိုင်ငံတော်က မသန်စွမ်းမိန်းကလေးတွေနဲ့ပတ်သက်ပြီး ကူညီတာမရှိဘူး။ လူမှုဝန်ထမ်းကတော့ တချို့ကိစ္စတွေကို ကူညီတာရှိတယ်။ ကျွန်မတို့က ဒါကြောင့် နိုင်ငံတော်အစိုးရရဲ့ကျန်းမာရေးဌာနကို ရော၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးကိုရော၊ ဆောင်ရွက်ပေးဖို့ တိုက်တွန်းနေပါတယ်။ တကယ်တမ်းကျတော့ လူ မှုဝန်ထမ်းက လုပ်ပေးတာရှိတယ်။ ဒါပေမဲ့ တိကျတဲ့ ပေါ်လစီမရှိဘူး။ နောက်တစ်ခုက တရားရေးအတွက် ကာကွယ်ပေးဖို့ တရားရုံးသွားတဲ့အခါ အရပ်ဘက်အဖွဲ့အစည်းထက် ဌာနဆိုင်ရာ အချင်းချင်း ကူညီသင့်တယ်။
မသန်စွမ်းမိန်းကလေးတွေနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောကြားပေးပါဦး။
အဓိကပြောချင်တာကတော့ မသန်စွမ်းမိန်းကလေးတွေက မုဒိမ်းကျင့်ခံရတဲ့အပေါ် မှာ တော်တော်များများက ကိုယ်ဝန်ရပြီးမှသိကြတော့ ဘာမှဆက်လုပ်လို့မရဘူး။ ကာယကံရှင်မိသားစုတွေကလည်း ဆင်းရဲတော့ မွေးလာမယ့် ကလေးတွေအတွက် အဆင်မပြေကြဘူး။ ဒါတွေက ဘေးပတ်ဝန်းကျင် လူမှုအဖွဲ့အစည်း၊ အစိုးရအဖွဲ့တွေက အသိပညာပေးတာ အားနည်းတာလည်းပါတယ်။ ပြီးတော့ အချင်းချင်းစောင့်ရှောက်ဖို့လိုတယ်။
ဇင်နိုင်

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်