Featured Video Play Icon

Politics Platform Part (1)

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေရဲ့ အခြေအနေတွေကို သိလိုပါသလား?
ပါတီတွေ သာမက အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးဆိုင်ရာ ရပ်တည်ချက်တွေကိုရော သိလိုပါသလား?
ဒါဆိုရင်တော့ ယူနတီရုပ်သံ နိုင်ငံရေး ကဏ္ဍရဲ့ Politics Platform အစီအစဉ်ကို ကြည့်ရှုဖို့ တိုက်တွန်းပါရစေ။
အပတ်စဉ် ဗုဒ္ဒဟူးနေ့ နဲ့ သောကြာနေ့ တွေမှာ စောင့်ကြည့်နိုင်ပါတယ်။

ဒီတပတ် ယူနတီရုပ်သံ နိုင်ငံရေး ကဏ္ဍရဲ့ Politics Platform အစီအစဉ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွှန့်နဲ့ တွေ့ဆုံမေးမြန်းထားတာကို ရှုစားကြရမှာပါ။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ပါတီရ ပါတီတစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဟာ လာမယ့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
လစ်လပ် မဲဆန္ဒနယ် ၁၃ နေရာလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။
အစိုးရထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စ၊ ကိုယ်စားလှယ်လောင်းရွေးချယ်ရေး၊ လူငယ်တွေရဲ့ အခန်းကဏ္ဍ မြှင့်တင်ရေးနဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံမှာ ဆောင်ရွက်မယ့်ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွှန့် နဲ့ ယူနတီရုပ်သံက တွေ့ဆုံမေးမြန်းထားတာကို တင်ဆက်ပေးလိုက်ပါတယ်။
ယူနတီရုပ်သံ သတင်းထောက် မေရည်ငြိမ်းချမ်းနဲ့ ရန်အောင်ထွန်းတို့က တွေ့ဆုံမေးမြန်းထားတာပါ။

 

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်