အင်တာနက်ခရီးကို အနန္တနဲ့ ဖြတ်သန်းကြည့်ခြင်း

မြန်မာနိုင်ငံတွင် အင်တာနက်ကွန်ယက် ဝန်ဆောင်မှုလုပ်ငန်း အသစ်လုပ်ကိုင်မည့် အနန္တမှ ဒေါ်အေးမြမြကြည်( ဒုတိယအမှုဆောင်အရာရှိချုပ်) အား ယူနတီသတင်းအဖွဲ့က တွေ့ဆုံမေးမြန်းခဲ့ သည့် အချက်အလက်တို့အား သုံးစွဲသူပြည်သူများသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

ယူနီတီ- တခြားဆက်သွယ်ရေး ကုမ္ပဏီတွေထက် ကျော်လွန်ပြီး ထူးခြား တဲ့ဝန်ဆောင်မှုပေးနိုင်တဲ့ အစီအစဉ် တွေကို သိချင်ပါတယ်။

အနန္တ – ananda (အနန္တ)က ပထမဆုံး အကန့်အသတ်မရှိတဲ့ 4G+ အင်တာနက်ကွန်ရက်ကို အခြေခံပြီး မြန်နှုန်းမြင့် ဒေတာဝန်ဆောင်မှုကို ပံ့ပိုးပေးလျက်ရှိပါတယ်။ ananda (အနန္တ)က ၂၆ဝဝ မက်ဂါဟက်ဇ် ရေဒီယိုလှိုင်းပေါ် အခြေခံပြီး ဒေတာဝန်ဆောင်မှုပေးနေတဲ့အတွက် အင်တာနက် သုံးစွဲသူတွေ အနေနဲ့ အရည်အသွေးကောင်းမွန်ပြီး တည်ငြိမ်တဲ့ အင်တာနက်မြန်နှုန်းတွေ၊ အကန့်အသတ်မရှိတဲ့ အင်တာနက်ကွန်ရက်တွေကို အနန္တကပံ့ပိုးပေးနိုင်ဖို့ ရန်ကုန်မြို့အနှံ့ တာဝါတိုင် ၅ဝဝ ကျော်နဲ့ ကီလိုမီတာ ၁၂ဝ ကျော်အရှည်ရှိတဲ့ ဖိုင်ဘာကွန်ရက်တွေကို တည်ဆောက်ထား ရှိပြီးဖြစ်ပါတယ်။ ရန်ကုန်မြို့အပြင် မန္တလေး၊ ဧရာဝတီ၊ ရခိုင်၊ စစ်ကိုင်း၊ ချင်း၊ ရှမ်း၊ ကချင်နဲ့ ကယား ဒေသတို့မှာလည်း ananda က အင်တာနက်ကွန်ရက်လွှမ်းခြုံနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ananda ရဲ့ ဆန်းသစ်တဲ့ဝန်ဆောင်မှုသစ်တွေကို www.ananda.com.mm နဲ့ ananda Facebook (https://www.facebook.com/anandalivemore/) စာမျက်နှာတွေမှတစ်ဆင့် အင်တာနက် အသုံးပြုသူတွေကို အမြဲအသိပေးသွားမှာဖြစ်ပါတယ်။
ယူနီတီ- ananda 4G + ကွန်ရက် အနေနဲ့ ကြော်ငြာထားတဲ့အတိုင်း သုံးစွဲသူတွေကို တိတိကျကျ ဝန်ဆောင်မှုပေးနိုင်မယ်လို့ အာမခံနိုင်ပါသလား။

အနန္တ- ananda ရဲ့ အင်တာနက်ကွန်ရက်တွေက မက်ဂါဟက်ဇ် ၉ဝဝ ၊ မက်ဂါဟက်ဇ် ၁၂ဝဝ နဲ့ မက်ဂါဟက်ဇ် ၁၈ဝဝ တို့ပေါ်တည်ဆောက်ထားတာ မဟုတ်ဘဲ နောက်ဆုံးပေါ်နည်းပညာဖြစ် တဲ့ State of The Art 4G + ကိုသုံးပြီး ၂၆ဝဝ မက်ဂါဟက်ဇ်လှိုင်းပေါ်မှာ အခြေခံထား တည်ဆောက်ထားတဲ့အတွက် အနန္တသုံးစွဲသူတွေကို ကောင်းမွန်ပြီး အကန့်အသတ်မရှိတဲ့ ဝန်ဆောင်မှုတွေကို ပေးစွမ်းန်ိုင်ပါတယ်။

ယူနီတီ- လက်ရှိအစိုးရလက်ထက် လုပ်ငန်းလုပ်ကိုင်ခွင့်တင်ပြရာမှာ ခက်ခဲမှုရှိပါသလား။

အနန္တ – ananda အနေနဲ့ ဒီ 4G + ဒေတာဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ဖို့ အတွက် နိုင်ငံတော်အစိုးရက သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်၊ ချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ရပါတယ်။ NSF(i) လို့ခေါ်တဲ့ လိုင်စင်ကို လက်ဝယ်ရရှိထားရမှာဖြစ်သလို ၂ဝ၁၆ ခုနှစ်က လှိုင်းစဉ် ၂၆ဝဝ မက်ဂါဟက်ဇ်အတွက်ခေါ်ခဲ့တဲ့ တင်ဒါမှာလည်း ပွင့်လင်းမြင်သာစွာနဲ့ ဝင် ရောက်ယှဉ်ပြိုင်တဲ့အခါမှာလည်း ဇုန် ၂ နဲ့ ဇုန် ၃ မှာ ဝန်ဆောင်မှုတွေပေးဖို့ အနိုင်ရရှိခဲ့ပါတယ်။ တင်ဒါအောင်မြင်ပြီး တော့ ယနေ့အချိန်အခါထိ သုံးစွဲသူတွေ လက်ဝယ်ရောက်ရှိအောင် လုပ်ဆောင် ရာမှာ နိုင်ငံတော်အစိုးရရဲ့ မူဘောင်ထဲ ကနေပဲ လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ အတွက် ခက်ခဲမှုတွေမရှိခဲ့ဘဲ စိန်ခေါ်မှု အချို့ကိုသာ ကြုံတွေ့ခဲ့ရတာပါ။

ယူနီတီ- ဆက်သွယ်ရေးကုမ္ပဏီ တွေအနေနဲ့ပြည်သူ့အကျိုးကိုသယ်ပိုး ဖို့ အခွန်အပြည့်အဝပေးမယ်လို့ ကတိပြု နိုင်ပါသလား။

အနန္တ- ဟုတ်ကဲ့ ကတိပြုနိုင်ပါတယ်။ အနန္တက နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အတိအကျ လိုက်နာသွားပြီး အခွန်တွေကိုလည်း အပြည့်အဝပေးဆောင်သွားမှာပါ။ အခွန်ဆိုတာ နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းတွေဆောင်ရွက်ဖို့၊ ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝ ဖူလုံရေးတွေလုပ်ဆောင်ဖို့အတွက် နိုင်ငံ တော်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာ ဖြစ်တယ်ဆိုတာ ananda က သဘော ပေါက်ပါတယ်။ တိုးတက်တဲ့နိုင်ငံတွေ၊ လူနေမှုဘဝ အဆင့်အတန်းမြင့်မားတဲ့ နိုင်ငံတွေကြည့်ရင် ဥပမာ – စကန်ဒီနေး ဗီးယန်း တိုင်းပြည်တွေဖြစ်တဲ့ နော်ဝေတို့၊ ဒိန်းမတ်တို့၊ နယ်သာလန်တို့ကို ကြည့်ရင် ကုမ္ပဏီတွေ၊ ပြည်သူတွေက သူတို့တွေထမ်းဆောင်ရမယ့် အခွန်တွေကို အပြည့်အဝထမ်းဆောင်ပါတယ်။ အဲဒီတိုင်းပြည်တွေမှာ အခွန်ရှောင်တယ် ဆိုတာ မရှိသလောက်နည်းပါတယ်။ အစိုးရကလည်း ပညာရေး၊ လူမှုဖူလုံရေးတွေမှာ အကျိုးရှိရှိ ပြန်လည်အသုံးချတယ်။ ပညာရေး၊ လူမှုဖူလုံရေးကောင်း တော့ အဲဒီမှာရှိတဲ့လူတွေက အသိပညာ မြင့်မားပြီး လူနေမှုအဆင့်အတန်းမြင့်မြင့်မားမား နေနိုင်ကြတယ်။ အဲဒါက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပဲလေ။ ဒါကြောင့်လည်း ananda ရဲ့ လုပ်ငန်းဝင် ငွေတွေကို ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ပေးနေတဲ့ နိုင်ငံတော်အစိုးရကို အခွန်တွေ အပြည့်အဝ ပေးဆောင်သွားမယ်လို့ သန္နိဋ္ဌာန်ချထား ပါတယ်။ ananda အတွက် သုံးစွဲလိုက်တဲ့ ငွေကြေးတိုင်းဟာ သူ့အခွန်အချိုး အစားအတိုင်း နိုင်ငံတော်ကိုပေးဆောင် ပြီး ပြည်သူက အားထားယုံကြည်ရတဲ့ ပြည်သူ့အတွက် ananda ဖြစ်စေရပါမယ်။ မြန်မာနိုင်ငံသား အပြည့်အဝပိုင်ဆိုင်တဲ့ ဆက်သွယ်ရေးကုမ္ပဏီတစ်ခု အနေနဲ့ ကုမ္ပဏီကရရှိတဲ့ အကျိုးအမြတ် တိုင်းကို မြန်မာပြည်သူလူထုအတွက် ပြန်လည်အသုံးပြုသွားမှာပါ။

ယူနီတီ- နည်းပညာတိုးတက်လာ တာနဲ့အမျှ ပြိုင်ဆိုင်မှုကလည်း ပြင်းထန် လာပါတယ်။ ဒါပေမဲ့ သုံးစွဲသူဆီကငွေကို ယူဖို့ချည်းမစဉ်းစားဘဲ တန်ရာတန်ကြေး ပြန်ပေးဖို့ မူဝါဒချထားတာရှိပါသလား။

အနန္တ- ဟုတ်ကဲ့။ ကျွန်မတို့အရင်ကတည်းက ချမှတ်ထားတဲ့မူဝါဒက သုံးစွဲသူတွေပေးလိုက်ရတဲ့ ငွေကြေးနဲ့ ထိုက်တန်တဲ့ ဝန်ဆောင်မှုမျိုး ပေးနိုင်ရမယ်ဆို တာထက် သူတို့ပေးလိုက်ရတဲ့ ငွေကြေး ထက်ပိုသာလွန်တဲ့ ဝန်ဆောင်မှုမျိုး ပေးနိုင်ရမယ်ဆိုတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း unlimited ဆိုပြီး အချိန်အကန့်အသတ်မဲ့၊ ဒေတာအကန့်အသတ်မဲ့တဲ့ ဝန်ဆောင်မှုမျိုးကို ပေးထားတာ ဖြစ်ပါတယ်။ ananda ရဲ့ရည်ရွယ်ချက်က သုံးစွဲသူတွေကို အွန်လိုင်းကနေ သူတို့ ဖတ်ရှုလေ့လာချင်တာ၊ သင်ယူချင်တာတွေကို အချိန်နဲ့ ဒေတာတွေ ကုန်ကျစရိတ်တွေကို စိတ်ပူစရာမလိုဘဲ စိတ်ချမ်းစွာနဲ့ လေ့လာသင်ယူနိုင်စေချင်တာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ananda အင်တာနက်လို့ ကြားလိုက်တာနဲ့ သုံးစွဲသူတွေ ပြုံးပျော်သွားအောင်၊ ယုံကြည်စိတ်ချမှုရအောင် အမြဲမပြတ်ကြိုးစားနေမှာပါ။ သုံးစွဲသူတွေရဲ့လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်အောင် အမြဲကြိုးစားနေမှာပါ။

ယူနီတီ- ဆက်သွယ်ရေးလုပ်ငန်းဟာ အကျိုးအမြတ်များတဲ့လုပ်ငန်းပါ။ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့ဆိုရင် အရင်းအနှီးကြီးပါတယ်။ ယခုလုပ်နေတဲ့ ananda 4G + က နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုပါဝင်ထားပါသလား သိချင်ပါတယ်။

အနန္တ- ananda (အနန္တ)က တစ်ဦးချင်း၊ လုပ်ငန်းအစုအဖွဲ့လိုက် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ကျယ်ပြန့်တဲ့ အတွေ့အကြုံတွေကို ခံစားရရှိစေနိုင် မယ့် 4G + ဒေတာအော်ပရေတာ ( 4G+ data operator ) ဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ ananda (အနန္တ)က နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုများပေးနိုင်ဖို့ မြန်မာနိုင်ငံသား အပြည့်အဝပိုင်ဆိုင်တဲ့ မြန်မာ့ဒစ်ဂျစ်တယ်လုပ်ငန်းတစ်ခုဖြစ်ပါ တယ်။

ယူနီတီ- သုံးစွဲတဲ့ပြည်သူတွေကို ပြည့်ဝတဲ့ သတင်းစကားပါးမယ်ဆိုရင် ဘယ်လိုသတင်းစကားပါးမလဲခင်ဗျာ။

အနန္တ- အကန့်အသတ်မရှိတဲ 4G + အင်တာနက်ဒေတာဝန်ဆောင်မှုကို အပြည့်အဝရရှိပြီး အင်တာနက်သုံးစွဲသူတွေ ဒစ်ဂျစ်တယ်လူနေမှုဘဝပုံစံသစ်ကို ပိုင်ဆိုင်နိုင်ဖို့ ananda ရဲ့ Live More ဆိုတဲ့ဆောင်ပုဒ်အတိုင်း အစဉ်တစိုက် အားထုတ်လုပ်ဆောင်လျက်ရှိ်ပါတယ်။

ယူနီတီ- ဘာများဖြည့်စွက်ပြော ဖို့ရှိပါသလဲ။

အနန္တ-ဟုတ်ကဲ့။ ananda က မြန်မာနိုင်ငံသားတစ်ဦးတည်းက ပိုင်ဆိုင် ထားတဲ့ 4G +data အော်ပရေတာ ဖြစ်တဲ့အတွက် မြန်မာပြည်သူလူထုရဲ့ အကျိုးအတွက် မျှော်ကိုးပြီး လုပ်ဆောင် သွားမှာပဲဖြစ်ပါတယ်။ အင်တာနက် လွှမ်းခြုံမှုကိုလည်း ကောင်းသည်ထက် ကောင်းအောင်၊ ဝန်ဆောင်မှုတွေကိုလည်း ကောင်းသည်ထက် ကောင်းအောင် အမြဲမပြတ် ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ဆောင်ရာမှာ ပြည်သူလူထုရဲ့အားပေးမှုမပါဘဲ ananda က အောင်မြင်အောင် မလုပ်နိုင်ပါဘူး။ လက်ရှိမှာတော့ ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ် ၂၅ မြို့နယ်မှာ စတင်ဝန်ဆောင်မှုပေး နေပါပြီ။ နေ့စဉ်နဲ့အမျှ နက်ဝေါ့ခ်ဧရိယာ ပိုမိုကျယ်ပြန့်လာအောင် လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ နက်ဝေါ့ခ်တည်ဆောက် တဲ့အခါမှာ အဓိကတွေထဲက လိုအပ်ချက်တစ်ခုဖြစ်တဲ့ နက်ဝေါ့ခ်တာဝါတိုင် တွေ တည်ဆောက်ဖို့အတွက် နေရာ အခက်အခဲရှိနေပါတယ်။ အဲဒီနေရာ အခက်အခဲအတွက်လည်း ကျွန်မတို့ အစွမ်းကုန်ကြိုးစားလုပ်ဆောင် ဖြေရှင်းနေပါတယ်။ ပြည်သူလူထုအနေနဲ့ ananda ရဲ့ ဝန်ဆောင်မှုတွေကို သုံးစွဲကြည့်ပါ။ ပြီးရင်လိုအပ်တာလေးတွေကို ဝေဖန်သုံးသပ်ပေးပါ။ ananda က သုံးစွဲသူတွေရဲ့ အသံတွေကိုနားထောင်ပြီး ဝန်ဆောင်မှုတွေကို ကောင်းသည်ထက် ကောင်းအောင် အစဉ်အမြဲ ကြိုးစားသွားမှာပါလို့ ပြောချင်ပါတယ်။

ယူနတီ

0Shares

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်